မုန်တိုင်းကြားက မျိုးချစ်တပ်မတော်နှင့် ပြည်သူများ
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာတိုင်းရင်းသားလူမျိုးအသီးသီးနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံ၊ ပထဝီအနေအထား၊ ရာသီဥတုမျှတကောင်းမွန် ၍ နေချင်စဖွယ်ရှိတဲ့ နိုင်ငံ၊ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တယ်။ အနောက်တောင်မုတ်သုံလေနဲ့ ပတ်ဝန်းကျင် ပင်လယ်ပြင်တွေကနေ ဝင်လာတဲ့ မုန်တိုင်းတွေကနေမိုးရရှိတဲ့အတွက် စိုက်ပျိုးရေးကောင်းမွန်၊ ဆန်ရေစပါး ပေါကြွယ်ဝပြီး လှူနိုင်တန်းနိုင် ကုသိုလ်ကောင်းမှုပြုနိုင်ကာ တိုင်းရင်းသားပြည်သူများ စိတ်ချမ်းမြေ့စွာ နေထိုင်ခဲ့ကြတယ်။
