Skip to main content

မကွေးတိုင်းဒေသကြီးမှ ကျန်းမာရေးဝန်ထမ်းများကို ရန်ကုန်တိုင်း ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများ ကူညီရန် စေလွှတ်

ရန်ကုန်တိုင်းဒေသကြီး၏ ကုသစောင့်ရှောက်မှုလုပ်ငန်းများ၌ ကူညီဆောင်ရွက်ရန် မကွေးတိုင်းမှ ကျန်းမာရေးဝန်ထမ်းများကို တတိယအကြိမ် စေလွှတ်လိုက်ကြောင်း မကွေးတိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရသည်။

မကွေးတိုင်းဒေသကြီးသို့ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတရ ဦးစိုင်းမျိုးဝင်းမှ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကာကွယ်ရေးအတွက် ကာကွယ်ရေးဝတ်စုံ(PPE)နှင့်ကာကွယ်ရေးပစ္စည်းများလှူဒါန်းပေးအပ်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး(အောက်ထပ်)အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတရ ဦးစိုင်းမျိုးဝင်း(Chairman & Founder) EXCELLENT FORTUNE FOUNDATION (EFF FOUNDATION) မှ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကာကွယ်ရေးအတွက် ကာကွယ်ရေးဝတ်စုံ(PPE)နှင့် ကာကွယ်ရေးပစ္စည်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးတို့ထံ လှူဒါန်းပေးအပ်ခဲ့သည်။
Subscribe to မကွေး