မကွေး မတ် ၃၀
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး(အောက်ထပ်)အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတရ ဦးစိုင်းမျိုးဝင်း(Chairman & Founder) EXCELLENT FORTUNE FOUNDATION (EFF FOUNDATION) မှ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကာကွယ်ရေးအတွက် ကာကွယ်ရေးဝတ်စုံ(PPE)နှင့် ကာကွယ်ရေးပစ္စည်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးတို့ထံ လှူဒါန်းပေးအပ်ခဲ့သည်။
အဆိုပါလှူဒါန်းမှုတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးသင်ကြားရေးနှင့် မကွေးပြည်သူ့ ဆေးရုံ၊ ပခုက္ကူ၊ မင်းဘူး၊ ရေနံချောင်း၊ စေတုတ္တရာ၊ အောင်လံနှင့် သရက်စသည့် ဆေးရုံကြီးများနှင့် မကွေးတိုင်းမြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ စလေကြက်ခြေနီအသင်းတို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ရေးဝတ်စုံ(၂၂၅)စုံ၊ တစ်ခါသုံး ရာဘာလက်အိတ်(၉၀၀)၊ ရောဂါကာကွယ်ရေးမျက် မှန်(၇၆)ခုနှင့် ကာကွယ်ရေး နှာခေါင်းစည်း(၂၈၆၀)တို့အား ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိနှင့်အတူ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတရ ဦးစိုင်းမျိုးဝင်း ကိုယ်စား(Chairman & Founder) EXCELLENT FORTUNE FOUNDATION (EFF FOUNDATION)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သန်းနိုင်ဦး(ငဖဲ)