နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး တက်ရောက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပသည်။
နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဒေါက်တာမျိုးအောင် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးအား Video Conferencing စနစ်ဖြင့်တက်ရောက်
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ဆွေးနွေးကြသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပထမလေးလလုပ်ငန်း ညှိနှိုင်း အစည်း အဝေးကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာ၏၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် (ပထမအ ကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ၊ အဆိုပါ ဝန်ကြီး ဌာန သီရိရတနာခန်းမ၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ Virtual Online ဖြင့်ကျင်းပသည်။
COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီ၏ အသိပေး ကြေညာချက်
မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် ဖွင့်လှစ်ထားရှိသော COVID-19 ကာကွယ် ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) မြန်မာကျပ် ငွေစာရင်း OA 013733 နှင့် နိုင်ငံခြားငွေစာရင်း EDC 600012 တို့သို့ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက် အထိ ပြည်တွင်း / ပြည်ပအလှူရှင် (၇၂၈)ဦးက လှူဒါန်းငွေစုစုပေါင်း
ပိုင်ဆိုင်မှုဖြင့် လူမှုဘဝဂုဏ်သိက္ခာမြှင့်
လူ့ဘဝအတွက်မရှိမဖြစ်လိုအပ်သည့်စားရေး၊ ဝတ်ရေး၊ နေရေး အရေးသုံးပါးတွင် အရေး အကြီးဆုံး အရေးမှာ နေရေးဖြစ်ပါသည်။ နေရေးသည် အိုးအိမ်မြေယာ ပိုင်ဆိုင်မှုကိုဆိုလိုသည်။ အရေးသုံးပါးနှင့်ပတ်သက်၍ မြေပိုင်ဆိုင်ရေးသည် အရေးအကြီးဆုံးကိစ္စဖြစ်ရာ မြေ၏တန်ဖိုး၊ မြေ၏အသုံးဝင်မှု၊ မြေ၏ပြဿနာ ရှုပ်ထွေးမှုတို့ကို ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တတိယမြောက် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်လိုင်စင် ထုတ်ပေး
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပထမအကြိမ်နှင့် ဒုတိယအကြိမ် နိုင်ငံခြားဘဏ် ရွေးချယ်ရေး အစီအစဉ်တွင် နိုင်ငံခြားဘဏ် ဘဏ်ခွဲများ (Foreign Bank Branches) ကိုသာ ခွင့်ပြုပေးခဲ့သော်လည်း တတိယအကြိမ် နိုင်ငံခြားဘဏ်ရွေးချယ်ရေးအစီအစဉ်တွင် နိုင်ငံခြား ဘဏ် လက်အောက်ခံဘဏ်များ (Foreign Bank Subsidiaries) ကို စတင်ခွင့်ပြု ပေးခဲ့သည်။
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁)ကျင်းပ
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အောက်တွင် ဖွဲ့စည်းထားသော လုပ်ငန်း အဖွဲ့(၃) ခုအနက် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်း ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁၂နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
စွမ်းအင်ကဏ္ဍ ကြီးကြပ်မှုအောက် ဦးစီးဌာန/ လုပ်ငန်းများမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍ ကြီးကြပ်မှုအောက် ဦးစီးဌာန/ လုပ်ငန်းများမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ရတနာခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။
ဗဟို၀န်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် Online Learning System ဖြင့်ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၇)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
နိုင်ငံ့ဝန်ထမ်းများ၏ လေ့လာသင်ယူမှုအခွင့်အလမ်းများ အရှိန်အဟုန်မပြတ်စေရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်၊ ဗဟို၀န်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်း ငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၇)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီကကျင်းပခဲ့ရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ ပါမောက္ခချုပ် ဦးကျော်စိုးက Online မှသင်တန်းဆင်း အမှာစကားပြောကြားသည်။