ဒက္ခိဏသီရိ ဇန်နဝါရီ ၂၉
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေးတွင် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ရေး လုပ်ထုံးလုပ်နည်းများအား အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး အစည်းအဝေးမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်မည့် အိမ်ရာ အဆောက်အဦ တည်ဆောက်ရေးဖွံ့ဖြိုးမှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုအား အတည်ပြုပေးခဲ့ကြကြောင်း သိရသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)