Skip to main content

ဗဟို၀န်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် Online Learning System ဖြင့်ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၇)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ


                နေပြည်တော် ဇန်နဝါရီ ၁၅         


နိုင်ငံ့ဝန်ထမ်းများ၏ လေ့လာသင်ယူမှုအခွင့်အလမ်းများ အရှိန်အဟုန်မပြတ်စေရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်၊ ဗဟို၀န်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်း ငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၇)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီကကျင်းပခဲ့ရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ ပါမောက္ခချုပ် ဦးကျော်စိုးက Online မှသင်တန်းဆင်း အမှာစကားပြောကြားသည်။
သင်တန်းဆင်းပွဲသို့ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှပါမောက္ခ များ၊ သင်ကြားပို့ချခဲ့ သည့်ဆရာ၊ ဆရာမများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြသည်။
ဗဟို၀န်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)အနေဖြင့် ဤသင်တန်းကို ကိုဗစ်-၁၉ ကူးစက် ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးမထိခိုက်စေဘဲ သင်ကြားသင်ယူမှုအခွင့်အလမ်းများ စဉ်ဆက် မပြတ်ရရှိစေရေးနှင့် နည်းပညာအတွေ့အကြုံများရရှိပြီး နိုင်ငံတော်၏ e-Government လုပ်ငန်းများတွင် အထောက်အကူပြုစေရေးတို့ကိုရည်ရွယ်၍ ဒုတိယအကြိမ်မြောက် Online Learning System ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၃၃)ခုမှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား(၄၉)ဦး၊သင်တန်းသူ(၆၃)ဦး၊စုစုပေါင်း(၁၁၂)ဦးတို့က Online ဖြင့် တက် ရောက်ခဲ့ကြပြီး သင်တန်းကာလ ရက်သတ္တ(၄) ပတ်ကြာ  Zoom Cloud Meetings နှင့် Google Classroom တို့ကို အသုံးပြု၍ Online Learning System ဖြင့် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်