Skip to main content

နှစ်သစ်မှာ ကျက်သရေတက်နေအလား

ယနေ့သည် ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်ကိုလွန်မြောက်၍ ၂၀၂၁ ခုနှစ်သို့ -စတင်ကူးပြောင်းရောက်ရှိ သောနေ့ ဖြစ်သည်။ တစ်နှစ်မှတစ်နှစ်သို့ ကူးပြောင်းခြင်းသည် လောကသဘာဝဖြစ်သော်လည်း ယခုနှစ်သစ်သည် မိမိတို့နိုင်ငံကိုအသစ်တစ်ဖန်စတင်သန့်စင်မည့် ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်၍ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်စေရန် ပြည်သူပြည်သားအားလုံး လက်တွဲညီညာ ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါသည်။

လွတ်လပ်ရေးကျေးဇူးဆပ်၍တာဝန်ကျေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ဇမ္ဗူတစ်ခွင်၌ ဂုဏ်ရောင်ထွန်းပြောင် သည့် လွတ်လပ် သော နိုင်ငံအဖြစ် နှစ်ပေါင်းထောင်ချီရပ်တည်ခဲ့သည်။ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ဖြင့် နှစ် ပေါင်း ရှည်လျား စွာ ဖြတ်သန်းခဲ့သော်လည်း ကိုယ့်အရှင်၊ ကိုယ့်သခင်နှင့်အတူ လွတ်လွတ် လပ်လပ် ကျေကျေ နပ်နပ် နေခဲ့ကြရသည်။ တစ်ရံတစ်ခါကာလ၌သာ တိုင်းတစ်ပါးမှ ကျူးကျော်မှု အချို့ရှိခဲ့ပြီး ကျူးကျော်လာ လျှင်လည်း ရဲရင့်ပြောင်မြောက်သော စုစည်းမှု အားဖြင့် တွန်းလှန်မောင်းထုတ်နိုင်ခဲ့သည်။ ။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၂၅)ဦးအား မြန်မာသံရုံး၊ မနီလာမြို့မှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်း လိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၈ ၀၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိ ခဲ့ကြပါသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေ ညီလာခံ ကျင်းပ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံ ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေး တက်ရောက်

နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီ ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေ အရာရှိများ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိ များ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်း အဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြု ဖျော်ဖြေ ပွဲကို သောကြာနေ့ညတွင် ဆက်လက်ဖျော်ဖြေမည်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြု သော အားဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများ အနက်မှ (၇၅)ပုဒ်ကိုရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် လျှက်ရှိရာ ဒီဇင်ဘာ ၁၈ ရက် ညတွင် ပွဲစဉ် (၂)ကို ဆက်လက်ဖျော်ဖြေမည် ဖြစ်သည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၆-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

(၁၅-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၃,၁၀၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၂၃၃) ဦး တွေ့ရှိရပါသည်။

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှုဆိုင်ရာ အရှိန်အဟုန် မြှင့် ဆောင်ရွက် နိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင် အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက် ရေးကော်မတီ (KHCC)တို့၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Subscribe to နေပြည်တာ်