တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှ ယနေ့ထက်တိုင် အစဉ်အလာကြီးမားသည့် တပ်မတော်ဖြစ်သည်။ တပ်မတော်၏အစဉ်အလာ (၁၂) ရပ် တွင် “အခက်အခဲကို ရင်ဆိုင်ကျော်လွှား နိုင်သည့် ရဲစွမ်းသတ္တိရှိသော တပ်မတော်ဖြစ်သည်” ဆိုသည့်အတိုင်း အမိနိုင်ငံတော်အတွက် “လှေခွက်ချည်းကျန် အလံမလှဲ သည့်စိတ်ဓာတ်” “တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်” များဖြင့် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေး ဦးတည်ကြိုးပမ်း
မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားနိုင်ငံရေးသည် သမိုင်းရှည်ကြာဖြစ်ပေါ်ခဲ့သော မြန်မာ့နိုင်ငံရေး၊ ပထဝီနိုင်ငံရေးအခြေအနေပေါ်တွင်မူတည်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သမိုင်းနှင့် ချီ၍ဖြစ်ပေါ်ခဲ့သည့် အကြောင်းတရားအပေါ်မူတည်၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တ
ကိုယ်ခံအားကောင်းအောင်နေထိုင်ပြီး ရောဂါကူးစက်မှုကိုလျှော့ချ
ယခုရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ နေ့စဉ် စိုးရိမ်ဖွယ်ရာတိုးလာသလို ပြန်လည်လျော့ကျသွားသည့် ရက်များလည်းရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ဓာတ်ခွဲစစ်ဆေး ရောဂါပိုးတွေ့ရှိသည့် လူနာများတွင် ယခင်ရက်က သေဆုံးရသည့် လူနာအချို့သည် ကာကွယ်ဆေးမထိုးထားခြင်း၊ ရောဂါအခံများရှိနေခြင်းတို့ကြောင့်ဟု သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီး ထပ်ဆောင်းကာကွယ်ဆေးများပါ ထိုးထားရန်လိုပါသည်။ ထို့အပြင် ရောဂါအခံများရှိနေပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမရှိအောင် အထူးဂရုစိုက်နေထိုင်ကြရန် လိုအပ်ပါသည်။
နိုင်ငံစီးပွားတိုးတက်ရေး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်
နိုင်ငံတစ်နိုင်ငံတွင်ကုန်စည်စီးဆင်းမှုစနစ်တကျ ခိုင်မာအားကောင်းပါမှ ထိုနိုင်ငံနှင့်နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ကုန်စည်စီးဆင်းမှု မှန်ကန်ချောမွေ့စေရေး အတွက်ခိုင်မာအားကောင်းသည့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေများဖြင့် အကောက် အထည်ဖော်ဆောင်ရွက်ပြီး တရားမဝင်ကုန်သွယ်မှုများမရှိစေရန် ထိထိရောက်ရောက် တိုက်ဖျက်သွားရမည်ဖြစ်သည်။