အဂတိလိုက်စားမှုသည် အကျင့်ပျက်မှု၊ မရိုးဖြောင့်မှု၊ လိမ်လည်လှည့်ဖြားမှုတို့ပါဝင်သည့် ရာဇဝတ်မှု/ပြစ်မှုပင် ဖြစ်သည်။ အဂတိလိုက်စားမှုသည် ကမ္ဘာနှင့်အဝန်း ကြုံတွေ့နေရသည့် ပြဿနာဖြစ်သော်လည်း ယင်း၏အနက်အဓိပ္ပာယ်ကိုမူ ကမ္ဘာ့နိုင်ငံများအကြား တညီတညွတ်တည်းဖွင့်ဆိုရန် ခက်ခဲနေပြီး သီးခြားပြုမူမှုများကိုသာ အဓိပ္ပာယ်ဖွင့်ဆို နိုင်ခဲ့သည်။