သူရမင်းဒင် (သို့) သူရဘွဲ့ ရရှိခဲ့သူတစ်ဦး၏ တိုက်ပွဲဝင်မှတ်စု
၁၉၅၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့။ ရှမ်းရိုးမမှာ နှင်းရည်ခန်းလို့ မိုးပန်းတွေကျဆင်းတဲ့ ဝသန္တရာသီတွင်းကို ချင်းနင်းစအချိန် လင်းအရုဏ် မြူးကြွစ ကြည်နူးစရာ ဒီအချိန်မှာ မြူခိုးပန်းကို ဆင်မြန်းထားကြတဲ့ ရှမ်းရိုးမတောင်တန်းကြီးတွေကို မပီဝိုးတဝါး မြင်နေရတဲ့အချိန် စစ်မြေတစ်နေရာမှာ လွမ်းမောဖွယ်ရှုခင်းတွေကို ကြည်နူးနေစဉ်မှာ သဲသဲမဲမဲပေါက်ကွဲသွားကြတဲ့ ၈၁ မီလီမီတာ စိန်ပြောင်းသံတွေကြောင့် နံနက်စောစော အိပ်မောကျနေတဲ့ ဝမ်တုံခေါ် မိုင်ဖုံးဒေသကလေးကို လှုပ်နှိုးလိုက်သလို ရှိတော့တယ်။