Skip to main content

ရဲနွယ်ချောင်းရေဖြင့် သီးထပ်စိုက်ပျိုးနိုင်သည့်ဧရိယာများ ဖော်ဆောင်မည်

ပဲခူးရိုးမမှ မြစ်ဖျားခံစီးဆင်းလာသော ရဲနွယ်ချောင်း၊ ဘိုင်းဒါးချောင်းတို့သည် ညောင်လေးပင်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းကာ စစ်တောင်းမြစ်အတွင်း စီးဝင်သွားသည်။ ရိုးမကို မြစ်ဖျားခံစီးဆင်းလာသော မြစ်ချောင်းများ၏ ရေချိုအရင်းအမြစ်ကို အလဟဿမဖြစ်စေဘဲ စိုက်ပျိုးရေးအတွက် အကျိုးရှိရှိအသုံးချသွားနိုင်ရန် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသည် စီမံဆောင်ရွက်ခဲ့ရာ ရဲနွယ်ရေလှောင်တမံကို (၂၀၀၆-၂၀၀၇)ခုနှစ်တွင် လည်းကောင်း၊ ဘိုင်းဒါးချောင်းတွင် ဘိုင်းဒါးရေလှောင်တမံကို (၂၀၀၂-၂၀၀၃)ခုနှစ်တွင်လည်းကောင်း အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည်။
Subscribe to ရဲနွယ်ချောင်းရေဖြင့် သီးထပ်စိုက်ပျိုးနိုင်သည့်ဧရိယာများ ဖော်ဆောင်မည်