အွန်လိုင်းလိမ်လည်မှု သတိပြုပါ
ယခုတစ်လောတွင် အွန်လိုင်းလိမ်လည်မှုများ ပိုမိုမြင့်မားလာလျက်ရှိသကဲ့သို့ ဖမ်းဆီးရမိသည့် သတင်းများကိုလည်း သတင်းစာများတွင် မကြာခဏ ဖတ်ရှုရပါသည်။ Analytics Insight ၏ ၂၀၂၃ ခုနှစ် နှစ်ဆန်းမှတ်တမ်းများအရ ကမ္ဘာတစ်ဝန်း အွန်လိုင်းပေါ်၌ လိမ်လည်လှည့်ဖြားမှု အများဆုံး ကျူးလွန်သည့် ၁၀ နိုင်ငံမှာ အစဉ်လိုက်အားဖြင့် နိုင်ဂျီးရီးယား၊ ဂါနာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ရိုမေးနီးယား၊ ရုရှား၊ တောင်အာဖရိက၊ ယူကရိန်းနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်သည်ဟု ဆိုသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အွန်လိုင်းပေါ်ကျူးလွန်သည့် ပြစ်မှုအမျိုးအစားများမှာ မတူညီကြပေ။