ကလေးသူငယ်များအားလုံး အခွင့်အရေးများ ရရှိခံစားနိုင်စေရေး ဖော်ဆောင်ပေး
အိမ်တစ်အိမ်၏ ဆည်းလည်းရတနာဟု တင်စားခေါ်ဝေါ်ကြရသည့် ကလေးများသည် တိုင်းပြည်၏တာဝန်ကို ပခုံးလွှဲပြောင်းတာဝန်ယူကြရမည့် အနာဂတ်၏ မျိုးဆက်သစ်များ ဖြစ်သည်။ ထို့ကြောင့် အနာဂတ်၏ လူတော်လူကောင်းများ ဖြစ်လာစေရန် ကလေးများကို အသိပညာတိုးပွားစေရေး၊ ယဉ်ကျေးလိမ္မာ၍ ဘာသာတရားကိုင်းရှိုင်းစေရေး၊ မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်စေရေး၊ သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်ထားရှိတတ်စေရေး၊ တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်ခင်သည့်စိတ်များဖြစ်ပေါ်မည့် အလေ့အကျင့်ကောင်းများဖြင့် ပြုစုပျိုးထောင်ကြရမည်ဖြစ်သည်။