Skip to main content

ဟိုဆေးရာမို့စ်ဟော်တာဆိုသူ တီမောလက်စတေသမ္မတကြီးအား သိစေချင်ပါသည်

အရှေ့တောင်အာရှက ဧရိယာအသေးငယ်ဆုံး အရှေ့တီမော၊ တရားဝင်အမည် တီမောလက်စတေ ဆိုတဲ့ ကျွန်းနိုင်ငံငယ်ဟာ စတုရန်းမိုင်အားဖြင့် ၅၇၄၃ စတုရန်းမိုင်ပဲရှိပြီး လူဦးရေက ၁ သန်း ၁ သိန်းပဲရှိပါတယ်။ ပေါ်တူဂီကိုလိုနီလက်အောက်ခံ နိုင်ငံဖြစ်ခဲ့ဖူးတဲ့ တီမောဟာ အင်ဒိုနီးရှားလက်အောက် ကနေ ၂၀၀၂ ခုနှစ်ကမှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံ ပါ။ ၁၁ နိုင်ငံမြောက် အာဆီယံနိုင်ငံအဖွဲ့ဝင်အဖြစ် ၂၀၂၂ ခုနှစ်ကမှ မူအားဖြင့် သဘောတူထားပြီးဖြစ်တဲ့ အရှေ့တီမောဟာ သမိုင်းကြောင်းမထင်မရှားနဲ့ သမိုင်းမှတ်တမ်းမှတ်ရာ များများစားစား မတွေ့ ရတဲ့နိုင်ငံပါ။ အင်ဒိုနီးရှားတို့ သိမ်းပိုက်ထားစဉ်ကာလမှာ အကြမ်းဖက်မှု အတော်များများဖြစ်ခဲ့ပြီး ယခု လွတ်လပ်ရေးရပြီးနောက်မှာလည်း ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဆဲပါပဲ။
Subscribe to တီမော်