Feb 09, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ၁/၂၀၂၄ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 09, 2024
မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ဝန်ထမ်းများနှင့် ရန်ကုန်မြို့ ကမ်းနားလမ်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Feb 09, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ ရတနာပုံ ခန်းမ၌ကျင်းပသည့် မန္တလေးရှိ တက္ကသိုလ်နှင့်ကောလိပ်များမှ ကျောင်းသား ကျောင်းသူများအား “တားဆီးကာကွယ်မီဒီယာ အဆိပ်သင့်မှုအန္တရာယ်” နှင့် “နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ” ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးပြောကြားသည်။
Feb 08, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် ကိုးကွေ့ကြိုးဝိုင်း အကွက်အမှတ် (၂)(၃)ရှိ (၃/၂၀၂၃) ကျေးရွာသုံး ထင်းစိုက်ခင်း ဧက ၅၀ သို့ရောက်ရှိပြီး စိုက်ခင်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။
Feb 08, 2024
Myanmar Rice Bran Oil Co;ltd ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) ဆန်စက်ဝင်းအတွင်း၌ ကျင်းပသည်။
Feb 07, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မွန်ပြည်နယ် လူမူရေးရာဝန်ကြီး ဦးမြတ်သွင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်တက္ကသိုလ်ရှိ အနုဇီဝဗေဒလက်တွေ့ခန်းနှင့် အဏ္ဏဝါသိပ္ပံဌာနများတွင် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Feb 07, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ်သို့ရောက်ရှိကာ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များကို အမှန်တကယ်နားလည်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ မိမိတို့တက္ကသိုလ်ရှိ စာကြည့်တိုက်ကို အကျိုးရှိရှိအသုံးချပြီး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများရှိလာအောင်၊ ထူးချွန်သူများဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
Feb 07, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ စက်မှုနယ်မြေရှိ အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ ပုံမှန်တစ်နှစ်သင်တန်း ဖွင့်လှစ်နေမှုကိုလည်းကောင်း၊ နည်းပြဆရာမတစ်ဦးက ပုံမှန်တစ်နှစ်သင်တန်းများတွင် လေ့ကျင့်သင်ကြားမှုစနစ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
Feb 07, 2024
(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်ရှိ သူဌေးကုန်း-တာပြတ်-ဝါးရုံစုကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား၊ ဖျာပုံမြို့နယ် သလိပ်ကြီး-တူးမြောင်း-ဂျိုဝါကြံခင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျေးရွာချင်းဆက်တံတားဖွင့်ပွဲအခမ်းအနားနှင့် ကျိုက်လတ်မြို့နယ် ဂွေးချောင်းကြီး တံတားဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာနေရာများ၌ ကျင်းပသည်။
Feb 07, 2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 07, 2024
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အမျိုးသမီးနှင့် ကလေးဆေးရုံ (တောင်ကြီး) သို့ ရောက်ရှိပြီး ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ဆဲ လေးခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာကို ကြည့်ရှုစစ်ဆေးပြီး ဆေးကုသရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Feb 07, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ ကံကြီးရပ်ကွက် ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက် မှာကြားသည်။
Feb 07, 2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးအေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း၊ အားကစားရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 07, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံသည်။
Feb 07, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ရွာလတ်ကျေးရွာ ဇလင်းတောင်ရွာပတ်ဝန်းကျင်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တူးဖော်ပြီးသည့် ရိုးခြားကန်၊ ညောင်ကန်၊ ထောက်ရှာကန်၊ ဇလင်းတောင်ကန်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တူးဖော်ပြီးသည့် ဖိုးချုပ်ကန်၊ ဖောင်ရှိုးကန်တို့ကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါကန်များကို ရေရှည်အသုံးပြုနိုင်ရေး ကန်များသန့်ရှင်းစေရေး သက်ဆိုင်ရာဌာနများ၊ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် မှာကြားကြသည်။
Feb 07, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရမည်းသင်းမြို့နယ် ဝါးတိုးရပ်ကွက်ကြီးအနီး နှစ် ၇၀၀ ကျော်သက်တမ်းရှိ ကျီးနီကန်၏ ဝင်ရေစုဆောင်း သိုလှောင်ထားရှိမှုနှင့် ဒေသစိုက်ပျိုးရေ အကျိုးပြုမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Feb 07, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Feb 07, 2024
(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကို ယမန်နေ့က ညောင်ရွှေမြို့နယ် အင်းလေးကန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသိန်းဇံ၊ ဒေါက်တာစိုးဝင်း၊ Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျိ ဟုန်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာအေးထွန်း၊ ဦးဇော်အေးမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တက်ရောက်ကြသည်။
Feb 07, 2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၃) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Feb 06, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
