Sep 21, 2023
နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ကျင်းပသည်။
Sep 21, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူး၍ ဆရာတော်ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Sep 21, 2023
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဝင်းအတွင်း၌ အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသော ဝူရှူးအားကစားသမားများနှင့် တွေ့ဆုံသည်။
Sep 21, 2023
မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် မြန်မာ့ရေးရာလေ့လာရေးဌာန ယူနန်တက္ကသိုလ်တို့ပူးပေါင်းလျက် “ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်း ထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားဆွေးနွေးပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပသည်။
Sep 21, 2023
နီပေါနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်း (၉) နှစ်မြောက်နှင့် အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Wyndham Grand Hotel ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်သည်။
Sep 20, 2023
ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များတည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီသုတေသန အခြေပြုတက္ကသိုလ်ကြီးများဖြစ်ပေါ်လာရေး၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့တွင် Washington Accord နှင့်အညီ အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုမှုရရှိရေး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပသည်။
Sep 20, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်း (Myanmar National Airliens-MNA) ၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ပြည်လမ်းရှိ Novotel Hotel Yangon ၌ ကျင်းပသည်။
Sep 20, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ Mr. Watanabe Yusuke ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 20, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 20, 2023
အိန္ဒိယနိုင်ငံ နည်းပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (India Technical and Economic Cooperation) ITEC Day-2023 အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
Sep 20, 2023
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာသံရုံးယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ် အေ အယ်လ်-ကူဝါရီ ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 20, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ဘေဂျင်းမြို့ရှိ ဟန်ဇင်းနည်းပညာကုမ္ပဏီ (Hisign Technology Co.Ltd) သို့သွားရောက်လေ့လာရာ ကုမ္ပဏီဥက္ကဋ္ဌ Mr. Liu Xiaochun က ကုမ္ပဏီ၏ နည်းပညာဆိုင်ရာထုတ်ကုန်များ အခြေအနေနှင့်စွမ်းဆောင်နိုင်မှု၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် Biographic နှင့် ဇီဝဆိုင်ရာအချက်အလက် Biometric ကောက်ယူနိုင်သည့် နည်းပညာဆိုင်ရာစက်ကိရိယာများ အသုံးပြုဆောင်ရွက်မှုအခြေအနေတို့ကို လိုက်လံရှင်းလင်းပြသည်။
Sep 20, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 20, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ e-ID စနစ် လုပ်ငန်းဆောင်ရွက်မှုနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းတို့နှင့်အတူ စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီ မိနစ် ၄၀ က ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့သို့ လေကြောင်းခရီး ဖြင့်ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Sep 20, 2023
“ပုဂံခေတ် လူမှုစီးပွားဘဝ” သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။
Sep 20, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar အား ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 20, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဖြစ်သူ H. E. Mr. Vinay Kumar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Sep 20, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံ တက်ရောက်ပြီး စက်တင်ဘာ ၁၈ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။
Sep 20, 2023
လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပသည်။
Sep 20, 2023
မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ဒစ်ဂျစ်တယ်ချိတ်ဆက်မှုချဲ့ထွင်ခြင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော် MSME Association မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အရာထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေရှိ MSME လုပ်ငန်းရှင်များက in person တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အရာထမ်းများနှင့် MSME လုပ်ငန်းရှင်များက Online ဖြင့် တက်ရောက်သည်။
