Jul 26, 2023
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရား ရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု တရား လွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
Jul 26, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရား ရုံးချုပ် တရားသူကြီးချုပ် H.E. Mr . Vyacheslav Lebedev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိကြရာ ပြည် ထောင်စု တရားလွှတ် တော်ချုပ် တရားသူကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်တပ်မတော် လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
Jul 25, 2023
၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ညီနောင်အသင်းများ တွေ့ဆုံပွဲတွင်ကဏ္ဍအသီးသီးရှိ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များမှ တင်ပြချက်များအပေါ် ဆက်လက်အကောင် အထည်ဖော်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီကစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
Jul 23, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း၌ ကျင်းပသည်။
Jul 21, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာဗီနေးကူးမား ဦးဆောင်သောအဖွဲ့ကို ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Jul 21, 2023
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးမစ္စတာ ဗီနေးကူးမားကို ယနေ့နံနက် ၁၁ နာရီ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 21, 2023
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးနှင့်စပ်လျဉ်း၍ အာဆီယံမဏ္ဍိုင် (၃)ရပ်ရှိ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၂၀ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပပြုလုပ်သည်။
Jul 21, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် အာဆီယံ- တရုတ်ဗဟိုဌာနအတွင်းရေးမှူးချုပ် မစ္စတာရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 21, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြန်မာရေးရာလေ့လာရေးအဖွဲ့၏ (၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီက ရန်ကုန်မြို့ Sky Star ဟိုတယ်၌ ကျင်းပသည်။
Jul 20, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ ခရိုင်ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အရေးပေါ်ဌာန၊ ပြင်ပလူနာဌာန၊ လူနာဆောင်များ၊ ဓာတ်မှန်ခန်းနှင့် ဓာတ်ခွဲခန်းများကို လှည့်လည်ကြည့်ရှု၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို စစ်ဆေးကာလူနာများကို အားပေးစကားပြောကြားသည်။
Jul 20, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်းစီနယ်မြေ၊ တပ်ကုန်းမြို့နယ် ရွှေမြို့မွေးမြူရေးဇုန်နှင့် ကံကြီးမွေးမြူရေးဇုန်မှ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မွေးမြူရေးလုပ်ပိုင်ခွင့်ပြုထားသည့် ယူနစ်ဧရိယာအလိုက် မွေးမြူရမည့်တိရစ္ဆာန်ကောင်ရေ ပမာဏအပြည့်မွေးမြူလုပ်ကိုင်နိုင်ရေး၊ မွေးမြူရေဇုန်အတွင်း မြေယာအသုံးချမှုမှန်ကန်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဆွေးနွေးသည်။
Jul 20, 2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၃ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
Jul 20, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် H.E. Mr. SHI Zhongjun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ရုံးအမှတ် ၁၃ အစည်းအဝေးခန်းတွင် လက်ခံတွေ့ဆုံသည်။
Jul 20, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ရောက်ရှိပြီး အထက်ပစ္စယံရင်ပြင်ပေါ်ရှိ ပတ္တမြားမျက်ရှင်ဘုရားအား ပန်းရေချမ်းဆက်ကပ်ပူဇော် ဖူးမြော်ကြည်ညိုကာ စေတီတော်ရင်ပြင်ပေါ်ရှိ တောင်ဘက်စောင်းတန်း ပြင်ဆင်မွမ်းမံနေမှုနှင့် ရွှေတိဂုံစေတီတော်ဗုဒ္ဓပြတိုက်တို့ကို လှည့်လည်ကြည့်ရှုသည်။
Jul 19, 2023
ပြန်ကားရေးဝန်ကီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကား(ရန်ကုန်)၌ သံစုံတီးဝိုင်း၏ နိုင်ငံတကာတေးသီချင်းများ လေ့ကျင့်တီးခတ်သီဆိုမှု၊ တစ်ဦးချင်းကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေးသင်တန်း (Personal Groo-ming Course) သင်ကြားနေမှုနှင့် လူရွှင်တော်စတား ကောင်းထက်စီစဉ်သည့် “ဟာသမြို့တော် ရယ်စရာစင်တင်ဟာသ တစ်ခန်းရပ်ပြဇာတ်” ရိုက်ကူးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။
Jul 18, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 18, 2023
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေ ကေ အဗ္ဗဒူလ် မိုမန်နှင့်လည်းကောင်း၊ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အလီဆာဘရီနှင့် လည်းကောင်း သီးခြားစီတွေ့ဆုံသည်။
Jul 17, 2023
ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းဘုရင့်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်း၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။
Jul 17, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ (၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုကို ရှင်းလင်းတင်ပြကြသည်။
Jul 17, 2023
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
