Skip to main content

Jun 27, 2023

ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ခရီးသွားများ လာရောက်လည်ပတ်မှုတိုးမြှင့်လာရေး၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍအလားအလာများကို ရုရှားခရီးသွား အော်ပရေတာများနှင့် ခရီးသွားများသို့ မိတ်ဆက်ပြသနိုင်ရေး၊ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အတွေ့အကြုံများ မျှဝေရေးနှင့် ရုရှားခရီးသွားများကို ဆွဲဆောင်နိုင်ရေးတို့အတွက် ဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကဦးဆောင်၍ ရုရှားခရီးသွားဧည့်သည်များ အတွက် အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များ ရှာဖွေခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် အွန်လိုင်းမှတက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2023

စွမ်းဆောင်ရည်မြင့်မားသော ဘွိုင်လာစစ်ဆေးရေးမှူးများဖြစ်လာစေရန်၊ ဘွိုင်လာဥပဒေနှင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန်၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာရှိ ဘွိုင်လာနှင့်ပတ်သက်သည့်စံများကို သိရှိနားလည်စေရန်၊ ဘွိုင်လာဆိုင်ရာ နည်းပညာများကို သိရှိနားလည်လာစေရန်၊ လုပ်ငန်းကျွမ်းကျင်သော ဘွိုင်လာစစ်ဆေးရေးမှူးများ တိုးပွားလာသည်နှင့်အမျှ စက်မှုလုပ်ငန်းများတွင် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဘွိုင်လာများကို စွမ်းဆောင်ရည်ပြည့် သုံးစွဲနိုင်စေရန်ရည်ရွယ်၍ ဘွိုင်လာစစ်ဆေးရေးမှူးများ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2023

တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ပဉ္စမနေ့ အုပ်စုပွဲစဉ်များအဖြစ် ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ် (၃) ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2023

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နန္ဒဝန်ဥယျာဉ်အတွင်း သစ်ပင်များ ဖယ်ရှားရှင်းလင်းနေမှု၊ ကျောက်တန်းတံတားရှိ ကြမ်းခင်းပျက်စီးနေမှု၊ ကျောက်တန်းကြီးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၊ ကျားမသောက် ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၊ အမှတ် (၈၁) အခြေခံပညာမူလတန်းကျောင်းနှင့် တပ်နယ်အခြေခံပညာမူလတန်းကျောင်း၊ နယ်မြေခံတပ်နယ်ရှိ ဧက ၄၀ မျိုးစပါးစမ်းသပ်ကွက်များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရခိုင်ပြည်နယ် သမဝါယမအသင်းစုချုပ် (လီမိတက်) ၌ အသင်းဥက္ကဋ္ဌနှင့် ဒါရိုက်တာ အဖွဲ့ဝင်များအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာညွှန်ကြားရေးမှူး Ms. Sarah Lou Ysmael Arriola အား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2023

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေး မြို့တို့တွင်ကျင်းပပြီး မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားများကို တစ်ပြိုင်တည်းပြုလုပ်၍ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာ ပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ်ပြိုင်ပွဲများအတွက် ဆုရရှိသူများကို ဆုများချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2023

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ (ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO) တို့၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ALP၊ DKBA၊ KNU/ KNLA-PC၊ LDU၊ PNLO အဖွဲ့တို့မှ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့များကို ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းများ၏ ကျောင်းနေသားသမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2023

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration- IOM) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Sarah Lou Ysmael Arriola အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ဆိုင်ကလုန်းမိုခါ ကျရောက်ခဲ့သော ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို အားဖြည့် ဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ အထူးကုဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအပြင် အထွေထွေရောဂါကု သမားတော်၊ ခွဲစိတ်အထူးကု၊ အရိုးအထူးကု၊ ကလေးအထူးကုဆရာဝန်များ ပါဝင်သော အထူးကု ဆေးအဖွဲ့များ စေလွှတ်၍ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အငြိမ်းစားအထူးကုဆရာဝန်ကြီးများ၊ လက်ရှိ တာဝန်ထမ်း ဆောင်ဆဲ အထူးကုဆရာဝန်ကြီးများ၊ ပုဂ္ဂလိကအထွေထွေ ရောဂါကုဆရာဝန်များပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ဝိသာခါဖောင်ဒေးရှင်း၏ ပူးပေါင်းကူညီပံ့ပိုးမှုဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့၌ ဒေသခံပြည်သူများကို ဆေးကုသမှု များ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့နံနက်ပိုင်းတွင် ရှမ်း ပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)စက်ရုံ အစည်းအဝေးခန်းမ၌ ဝန်ထမ်း များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း၏ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့အား ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဝင်ဒမ်ဂရန်းရန်ကုန်ဟိုတယ်၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

စိုက်ပျိုးရေးကျောင်း ပျဉ်းမနားစတင်တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းဝင်းအတွင်းရှိ နှစ်(၁၀၀)သက်တမ်း ရှေးဟောင်းအဆောက်အအုံရှေ့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇွန် ၂၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင် ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနသို့ ရောက်ရှိပြီး ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်း၊ ပိုးရောဂါစစ်ဆေးခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2023

မြန်မာနိုင်ငံရှိစာသင်တိုက်များမှ စာသင်သားသံဃာ/ သီလရှင်များနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကျောင်းသားကျောင်းသူများအတွက် စာရေးကိရိယာများပေးလှူရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက်ဆရာတော် Ven. Qianze က လှူဒါန်းသည့် အလှူငွေများအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆီရီဘီဂါဝန်မြို့ရှိ The Empire Hotel & Country Club ၌ ယနေ့ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားနှင့် Digital Future Conference ဖွင့်ပွဲ သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ကျင်းပသည့် (၁၈) ကြိမ်မြောက် တရုတ် - အာဆီယံ ယဉ်ကျေးမှုဖိုရမ် (18th China - ASEAN Culture Forum) သို့ တက်ရောက်ခဲ့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2023

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးလှမိုး၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဟိန္ဒူဘုရားကျောင်းများပြုပြင်ရေး အလှူငွေပေးအပ်ခြင်းနှင့် ဘိုးဘွားရိပ်သာများနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသည့် သင်္ဘောများပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2023

ပညာရေးဝန်ကြီးဌာန အင်ဂျင်နီယာများအရည်အသွေးမြှင့်သင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်