Jan 31, 2023
ကျေးရွာ၏ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ဝင်ငွေမြင့်မားလာမှသာ ကျေးရွာများ အမှန်တကယ် ပြောင်းလဲတိုးတက်လာမည်ဖြစ်၍ လက်ရှိလုပ်ကိုင်နေသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခိုင်မာအားကောင်းသည့် စီးပွားရေးအသင်းအဖွဲ့ပုံစံဖြင့် စုပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ယနေ့ညနေပိုင်းက နေပြည်တော်ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စုနှင့် ဇလောင်းကျေးရွာအုပ်စုများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ၌ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
Jan 31, 2023
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်း ဒုတိယနေ့ အစီအစဉ်များကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မြနန်းဘုံစံ ရတနာပုံခန်းမ၌ Virtual စနစ်ဖြင့် ဆက်လက်ကျင်းပသည်။
Jan 29, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များ မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်မှုရှိပြီး စိမ်းလန်းသာယာလှပသော ပတ်ဝန်းကျင်အဖြစ် ဖန်တီးဆောင်ရွက်နေမှုများကို ကြည့်ရှုသည်။
Jan 28, 2023
၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဆုချီးမြှင့်ပွဲ၊ ပိတ်ပွဲနှင့်ညစာစားပွဲအခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Social Zone ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် ဒေါက်တာဇော်မြင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Jan 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jan 27, 2023
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ ရာသီဥတုနှင့်ကောက်ပဲသီးနှံ နှစ်ချုပ်အစီရင်ခံစာစာရင်းအရ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ စုစုပေါင်းဧက (၃၄ ဒသမ ၃၅၄) သန်းရှိခဲ့ပြီး ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ စုစုပေါင်းဧက (၃၄ ဒသမ ၅၀၃) သန်းရှိသဖြင့် ဧကပေါင်း(၁၄၈၀၀၀)ကျော်ခန့်တိုးလာကြောင်း၊ ယင်းအခြေအနေကောင်းကို ထိန်းသိမ်းထားရန်နှင့် ပိုမိုတိုးတက်လာစေရန်
Jan 27, 2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် စက်မှုဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြချီတက်စစ်ကြောင်း၊ ထိုင်ကြည့်စစ်ကြောင်း၊ ပြခန်း၊ ဂုဏ်ပြုယာဉ်တို့တွင် ပါဝင်တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညပိုင်းတွင် နေပြည်တော်ရှိ Grand Aster Villa Hotel ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 27, 2023
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် (KG + 12) စနစ်သစ် သင်ရိုးသစ်ဖြင့် ကျင်းပဖြေဆိုကြရမည် ဖြစ်သဖြင့် ဘာသာရပ်အလိုက် မေးခွန်းပုံစံနှင့် မေးခွန်းနမူနာတို့ကို ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကြိုတင်သိရှိပြီး သင်ကြားလေ့လာ နိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ဇွန်လ ကျောင်းဖွင့်ရက် မတိုင်မီ မေလဆန်းတွင် ထုတ်ပြန်ပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းပြုစုကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်မှူးချုပ်များနှင့် တာဝန်ရှိသူများကို ယနေ့နံနက်ပိုင်းက မှာကြားလိုက်သည်။
Jan 27, 2023
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့ (Mr. Anatoly Bulochnikov, Senior Vice-President of the Russia-Myanmar Association) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Jan 27, 2023
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jan 27, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jan 26, 2023
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲတတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
Jan 26, 2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်၌ သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းရုံများတွင် ယနေ့နံနက်ပိုင်းမှ စတင်ပြီး ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
Jan 26, 2023
လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက် အလက်စနစ် (Social Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်တွင်ပါဝင်သည့် အဓိကလုပ်ငန်းစဉ်များအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT) လူမှုရေးပင်စင်အစီအစဉ်နှင့် လူမှုဖြစ်ရပ် စီမံခန့်ခွဲခြင်း အစီအစဉ်တို့ကို SMIS Platform တစ်ခုတည်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်သတင်းနည်းပညာဌာန၏ အကူအညီဖြင့်ရေးဆွဲခဲ့ရာ ယခုဆိုလျှင်လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (SMIS) အကောင်အထည်ပေါ်အောင်မြင်ခဲ့ပြီ ဖြစ်ပါကြောင်း။
Jan 25, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်သည် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများအား ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ(ရန်ကုန်)၌ တွေ့ဆုံသည်။
Jan 25, 2023
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
Jan 25, 2023
တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် (ဒုတိယအကြိမ်)ဖြင့် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသော တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ထိုင်းနိုင်ငံ လူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Chuti Krairiksh အား ယနေ့ ဒေသစံတော်ချိန်မွန်းလွဲ ၃ နာရီတွင် သွားရောက်တွေ့ဆုံသည်။
Jan 25, 2023
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (၂၀၂၃ ခုနှစ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
Jan 25, 2023
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အဖွဲ့သည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ သူနာပြုသင်တန်းကျောင်း (နေပြည်တော်) Assessment Center သို့ ရောက်ရှိပြီး အကူသူနာပြုကျွမ်းကျင်အဆင့် (၂) (Nurse Aid Level-2) အလုပ်အကိုင်အတွက် ဖြေဆိုသူ ၁၄ ဦးကိုအမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ရေးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
