Jul 17, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းပျက်စီးမှုများ ပြုပြင်ရေးလုပ်ငန်းများ၊ လေ့ကျင့်ရေးရေကူးကန်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jul 17, 2025
ပြည်ထောင်စုနယ်မြေအတွင်း မြစ်၊ ချောင်း၊ ဆည်တမံများ၌ ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်နှင့် ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတပေါကြွယ်ဝစေရေး၊ နိုင်ငံတော်၏ ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးတစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်၌ ကျင်းပသည်။
Jul 17, 2025
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ညောင်ပင်သာနှင့် မကျီးပင်ကျေးရွာတို့သို့ သွားရောက်၍ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြပြီး ဒေသ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jul 14, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်းသို့ ရောက်ရှိပြီး မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ၂၀၂၅ (MNBC- 2025)ကို အသုံးချနိုင်ရေး သင်ကြားမျှဝေပေးရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ထားရှိပြီးဖြစ်သော်လည်း တိုးတက်မြင့်မားလာသော နည်းပညာသတင်းအချက်အလက်များကို မျက်ခြည်မပြတ်စေဘဲ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် လေ့လာနိုင်ရန် E-Library အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
Jul 14, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization) ၏ ဒုတိယအကြိမ်မြောက် ဒစ်ဂျစ်တယ်စီးပွားရေးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ဇူလိုင် ၉ ရက်မှ ၁၂ ရက်အထိ သွားရောက်ခဲ့သည်။
Jul 13, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့သည် ယနေ့တွင် မြန်မာ - ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဖြင့် တည်ဆောက်နေသော မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားတည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jul 13, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ဇူလိုင် ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပသည့် (၁၅)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ(အင်နိုပရွန်) သို့ တက်ရောက်ခဲ့သည်။
Jul 13, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မိသားစုများ၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားများကို နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သတ်မှတ်နေရာအသီးသီး၌ ယနေ့ကျင်းပသည်။
Jul 12, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ ဝါးကတုတ်ရေလှောင်တမံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေအလေအလွင့်မရှိ ဖြန့်ဝေနိုင်ရေး၊ တမံဘေးကင်းလုံခြုံရေးနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးများကြောင့် တမံထိခိုက်မှုမရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေးထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
Jul 12, 2025
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 12, 2025
ငလျင်ဘေးအလွန် တည်ဆောက်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ (Technical Forum) ကျင်းပနိုင်ရေးအကြိုညှိနှိုင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ခရေပင်လမ်းရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 09, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများထဲမှ နေပြည်တော်ကောင်စီနယ်မြေတွင် မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများ ပျက်စီးခဲ့သည့် ဝန်ထမ်းမိသားစုများ အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁၁) စုဝေးခန်းမ၌ ကျင်းပသည်။
Jul 09, 2025
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
Jul 09, 2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Jul 09, 2025
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ JSC “Rosoboronexport” ကုမ္ပဏီက ငွေကျပ် ၉၀၆ ဒသမ ၂၅၀ သန်းကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Jul 09, 2025
ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်ပြည်သူများ၏အကျိုးကို အစဉ်ရှေးရှုပြီး ကျေးလက်နေပြည်သူများ တိုက်ရိုက်အကျိုးရရှိစေနိုင်မည့်လုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ ထိုသို့ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာဌာနများနှင့် နီးနီးကပ်ကပ်ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး စိတ်စေတနာအပြည့်အဝဖြင့် ဆောင်ရွက်သွားရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့သည်။
Jul 09, 2025
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ယနေ့တွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Jul 08, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံသို့ ရောက်ရှိပြီး အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ မြန်မာ့ဘော်လီဘောအားကစားနည်း ပြန်လည်အောင်မြင်လာအောင် ကြိုးစားပြီး နိုင်ငံတော်အတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အားပါဝင်ကူညီရန်မှာကြား၍ ပဏာမလက်ရွေးစင်ဘော်လီဘောအားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
Jul 08, 2025
အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်သည်။
Jul 07, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ဘောလုံးကွင်းသို့ ရောက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး U-18 ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရန် ဂိုးတိုင်၊ ဂိုးပိုက်များနှင့် အားကစားသမားအရန်ထိုင်ခုံများ ကောင်းမွန်စေရေး၊ ပွဲကြည့်စင်များ ကောင်းမွန်စေရေး၊ ဘောလုံးကွင်းစိမ်းလန်းစိုပြည်စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကိုမှာကြားပြီး တိုက်ကွမ်ဒိုအားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
