Jan 19, 2026
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်၍ အရေးပေါ်လူနာဌာနတွင် လူနာများလက်ခံကြည့်ရှုပေးနေမှု၊ အရေးပေါ်ဌာနအဆောက်အအုံ မွမ်းမံပြင်ဆင်ထားရှိမှု၊ သွေးလှူဘဏ်နှင့် ဓာတ်ခွဲဌာနတို့တွင် အရေးပေါ်သွေးနှင့် သွေးပစ္စည်းများ ထုတ်ပေးနိုင်ရေးပြင်ဆင်ထားရှိမှု၊ အရေးပေါ်ဓာတ်ခွဲစစ်ဆေးမှုများ ၂၄ နာရီ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လာရောက်ကုသမှုခံယူသော လူနာနှင့်မိသားစုများ၊ ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 18, 2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 18, 2026
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်စေရေး၊ သိပ္ပံသင်တန်းသားနှင့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 17, 2026
ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက်က မြန်မာနိုင်ငံမှ ပထမအကြိမ် လျှောက်လဲခြင်း ဆောင်ရွက်ရာတွင် မြန်မာ၏ ကိုယ်စားလှယ် (Agent) ဖြစ်သူ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက် က မြန်မာနိုင်ငံမှ ပထမအကြိမ် လျှောက်လဲခြင်း ဆောင်ရွက်ရာတွင် မြန်မာ၏ ကိုယ်စားလှယ် (Agent) ဖြစ်သူ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး အဖွင့်မိန့်ခွန်းပြောကြားပြီးနောက် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်အကျဉ်းချုပ်၊ တရားစွဲဆိုမှုများ၏ အကန့်အသတ်နယ်ပယ်နှင့် နောက်ခံအချက်အလက်များကို လျှောက်လဲရာတွင် “ရိုဟင်ဂျာ”နှင့်“ကုလား” အသုံးအနှုန်းများ၏ ဇစ်မြစ်များနှင့် သမိုင်းကြောင်းများအရ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီမွတ်ဆလင်များမှာ ဗြိတိသျှကိုလိုနီခေတ်မှစ၍ မြန်မာနိုင်ငံသို့ ဘင်္ဂလားနယ်မှ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဤအမှုတွင် အဓိကအားပြု၍ ကိုးကားအသုံးပြုထားသည့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (Fact Finding Mission (FFM)) ၏ အစီရင်ခံစာများနှင့် ၎င်းက စုဆောင်းကောက်ယူထားသည့် ထွက်ဆိုချက်များသည် တရားရုံးက ထည့်သွင်းစဉ်းစားသင့်သည့် သက်သေအဆင့်အတန်းမမီပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(Independent Investigative Mechanism for Myanmar(IIMM)) သည် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအတွက် သက်သေစုဆောင်းမည့်အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်သည့်ကာလအတွင်း ယခုအမှုအတွက် သက်သေထွက်ဆိုချက် ၄၂ခုသာ ထောက်ပံ့ပေးနိုင်ပြီး ယင်းတို့အနက် ဂမ်ဘီယာက ၁၂ ခုကိုသာ ကိုးကားထားကြောင်း၊ မြန်မာအနေဖြင့် အထက်ပါအဖွဲ့အစည်းနှစ်ခုလုံးကို အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုသော်လည်း ဂမ်ဘီယာ၏ သက်သေအကိုးအကားများကို ချေဖျက်ရုံမျှသာ ကိုးကားဖော်ပြခြင်းဖြစ်ကြောင်း စသည်ဖြင့် ချေပလျှောက်လဲသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ရှေ့နေ Prof. Alina Miron က အသုံးချဥပဒေ (လူမျိုးသုဉ်းစေမှုဆိုင်ရာ သဘောတူစာချုပ်)ပါ ပြဋ္ဌာန်းချက်များအရ လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်မြောက်ခြင်း/ မမြောက်ခြင်းနှင့်ပတ်သက်၍ လျှောက်လဲတင်ပြရာတွင် ဂမ်ဘီယာအနေဖြင့် တရားရုံး၏ ယခင်စီရင်ထုံးများ၊ ယခင်ယူဂိုဆလားဗီးယားနိုင်ငံအတွက် ဖွဲ့စည်းခဲ့သည့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး (ICTY) စီရင်ထုံးများ၊ ကြားဖြတ်ဝင်ရောက်သည့်နိုင်ငံများကို ကိုးကား၍ လျှောက်လဲထားသော်လည်း အမှန်မှာမူတရားရုံး၏ သုံးသပ်ဆုံးဖြတ်မှုများနှင့် မတူညီဘဲ လိုရာဆွဲထားခြင်းဖြစ်ကြောင်း ချေပလျှောက်လဲသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 16, 2026
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 16, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ် သော်တာကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (MRTV) သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 14, 2026
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မီစေရေးတို့အတွက် ယနေ့တွင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းထားသည့် ကရဝိက်စားသောက်ခန်းမနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်တစ်လုံးဖြစ်သည့် Rose Garden Hotel တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 14, 2026
လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 14, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 14, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 14, 2026
“ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကိုမြှင့်တင်ပေး” ဆောင်ပုဒ်ဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 14, 2026
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ဘယ်လာရုစ်ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာစစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးဌာနကြီး၏ အကြီးအကဲနှင့် လက်ထောက်ကာကွယ်ရေးဝန်ကြီး Major General Valeriy Aleksandrovich Revenko က ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ ဂါရဝပြုလာရောက်တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 13, 2026
အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်သေးသူများအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြု ကျွမ်းကျင်မှုအတတ်ပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 13, 2026
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ဝါကြိတ်စက်ရုံ (ရမည်းသင်း) သို့ ရောက်ရှိရာ စက်ရုံမှူးက စက်ရုံ ဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 13, 2026
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပျဉ်းမနားရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းဝင်းအတွင်း မျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားသည့် ချည်မျှင်ရှည်ဝါစိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 11, 2026
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 11, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ကချင်ပြည်နယ်သမဝါယမဦးစီးဌာန ဆွတ်ဂျာအိန်ခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအရာထမ်း/ အမှုထမ်းဝန်ထမ်းများ၊ အသင်းအမှုဆောင်များနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 11, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ မြစ်ကြီးနားတက္ကသိုလ်နှင့် မိုးညှင်းတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 09, 2026
စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 09, 2026
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ် (၂၃)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်း၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
