Nov 09, 2024
ပြင်ဦးလွင်ဒေသ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်ကော်ဖီဥယျာဉ်ရှင်းလင်းဆောင်၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကော်ဖီအသင်းတာဝန်ရှိသူများနှင့် ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Nov 09, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီအန်းမြို့တွင် ကျင်းပသည့် တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့ တက်ရောက်နေစဉ်အတွင်း ဆူဒန်နိုင်ငံ စွမ်းအင်နှင့် ရေနံဝန်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ အာရပ်နိုင်ငံများအဖွဲ့ချုပ်၏ သံအမတ်ကြီးတို့အပြင် Central Asian Oil City မှ အမှုဆောင်အရာရှိချုပ်နှင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ China Association for Asian Economic Development Mining Professional Committee မှ Deputy Secretary General ၊ အီရန်နိုင်ငံမှ Iran National Innovation Fund တို့မှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံသည်။
Nov 09, 2024
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ရေးရာဆိုင်ရာ အိန္ဒိယကောင်စီ (Indian Council of World Affairs - ICWA) ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိ ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ပြီး ယမန်နေ့ညပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
Nov 09, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ဆင်နွှဲဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြသည်။
Nov 08, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု မိုးစပါး နည်းပညာပေးစံပြစိုက်ကွင်း၌ကျင်းပသည့် ဓာတ်မြေဩဇာကြဲပက်ပွဲသို့ တက်ရောက်လာကြသည့် တောင်သူများနှင့် ရင်းနှီးခင်မင်စွာတွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု အလားအလာကောင်းသော ဒေသများကို အားပေးထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်းရှင်များနှင့် တောင်သူများအကြား မျှတသည့်အကျိုး စီးပွားဖြစ်ထွန်းစေရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလားစေရေး ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးပြောကြားပြီး မိုးစပါးခင်းတွင် တောင်သူများ စုပေါင်း၍ ဓာတ်မြေဩဇာကြဲပက်မှုကို ကွင်းဆင်းကြည့်ရှုအားပေးကြသည်။
Nov 08, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr.Atul Aneja အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 08, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးလှိုင် တို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာ တောရကျောင်း ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်) အားဖူးမြော်၍ သာသနာရေးဆိုင်ရာများလျှောက်ထားကြပြီး ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာကြားကြသည်။
Nov 08, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့် ဒိုင်/ဂျူရီများ တည်းခိုနေထိုင်မည့် အိပ်ဆောင်များ ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Nov 08, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေဘေးသင့်ဝန်ထမ်းများအတွက် လျှပ်စစ်ဝန်ထမ်းဟောင်းများ အသင်းမှ လှူဒါန်းငွေအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) အစည်းအဝေးခန်းမ (၂) ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ရေဘေးသင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
Nov 08, 2024
ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော (၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
Nov 08, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မုန်တိုင်ကြိုးဝိုင်းအကွက် အမှတ် (၄) ရှိ ဒဟတ်သစ်စေ့ထုတ်ဧရိယာသို့သွားရောက်၍ သစ်စေ့ထုတ်ဧရိယာအတွင်းမှ အပူပိုင်း ဒေသမျိုးရင်း ဒဟတ်သစ်မျိုးစေ့များ စုဆောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Nov 08, 2024
(၃၆) နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
Nov 08, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့နယ် ဟိုင်းကျွန်းကြီးမြို့ရှိ ကံချိုင်အခြေခံပညာအထက်တန်းကျောင်း၊ ဇီးချိုင်ရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်ချောင်းအခြေခံပညာအထက်တန်းကျောင်း၊ ကညင်ချောင်း (တောင်) ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် သဲကျင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 08, 2024
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။
Nov 08, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ရောက်ရှိပြီး အောက်ဆီဂျင် ထုတ်လုပ်ရေးအလုပ်ရုံ၊ ရေသန့်စင်အလုပ်ရုံတို့တွင် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု၊ စစ်ဆေး ပြုပြင်ပြီးစီးမှု၊ တပ်ဆင်ရန်ကျန်ရှိနေမှု၊ စက်ပစ္စည်းများ စမ်းသပ်မောင်းနှင်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံတာဝန်ရှိသူများအနေဖြင့် စက်ရုံလည်ပတ်စဉ် မမျှော်မှန်း ထားရှိသည့် ကိစ္စရပ်များဖြစ်ပွားလာပါက ကိုင်တွယ်ဖြေရှင်းရမည့် နည်းလမ်းများကို ဘက်ပေါင်းစုံမှ သုံးသပ်၍ ကြိုတင်မျှော်တွေးပြီး စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း မှာကြားသည်။
Nov 08, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လေဆိပ်များနှင့် ကော့သောင်းဆိပ်ကမ်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 08, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီအန်းမြို့၌ကျင်းပသော တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့တက်ရောက်ပြီး နဝမအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်စည်ပြပွဲသို့ သွားရောက်လေ့လာကြည့်ရှုကြသည်။
Nov 07, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့နယ် ရွှေမြကွင်း အခြေခံပညာအလယ်တန်းကျောင်းနှင့် ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးကာ ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Nov 07, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ကျင်းပသည့် Gender/ CEDAW/ NSPAW/ AGMSF/ UNSCR 1325 အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အောက်ရှိ ဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူ ၃၆ ဦး တက်ရောက်ခဲ့ကြသည်။
Nov 07, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး(လမ်းဟောင်း)၏ တပ်ကုန်း - ရမည်းသင်းလမ်းပိုင်း ပြုပြင်ထိန်းသိမ်းထားမှုနှင့် ပျော်ဘွယ်-ဘုရားငါးဆူလမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
