ဒုတိယသမ္မတသတင်းများ

Oct 02, 2020
အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေး (Virtual Meeting) ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသား အဆင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
Sep 25, 2020
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့(၂၀၂၀)အထိမ်းအမှတ် Tourism and Rural Development ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က Video Conferencing စနစ်ဖြင့် အမှာစကားပြောကြားသည်။
Sep 06, 2020
ဒေသဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးရန် ဂန့်ဂေါမြို့၌ ရောက်ရှိ နေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယ ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မှန်တော - ဟာသာ - ဟားခါး လမ်းဖောက်လုပ်နေမှုနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) တည်ဆောက် ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Sep 06, 2020
ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ် (တောင်ပိုင်း) ၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် မတူပီမြို့မှ ရေဇွာမြို့သို့ရောက်ရှိပြီး ရေဇွာတိုက်နယ်ဆေးရုံ ခွဲစိတ်ခန်းနှင့် သားဖွားခန်းပါ (၂) ထပ်တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေဇံက လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းပြသ သည်။
Sep 04, 2020
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့ တို့ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး ကန်ပက်လက်မြို့ ပြည်သူ့ဆေးရုံ (၂) ထပ်တိုးချဲ့လူနာဆောင် တည်ဆောက်နေမှုနှင့် မင်းတပ်မြို့ အစိုးရ နည်းပညာ အထက်တန်းကျောင်းစာသင်ဆောင် ဆောက်လုပ်နေမှုတို့ကိုကြည့်ရှုစစ်ဆေးသည်။
Sep 01, 2020

နေပြည်တော် စက်တင်ဘာ ၁

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

Aug 18, 2020
ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှုတို့ကြောင့် စားနပ်ရိက္ခာရှားပါးလာနိုင်မှုအခြေအနေအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
Aug 16, 2020
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဟားခါးမြို့ View Point သို့ ရောက်ရှိပြီး ဟားခါးမြို့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကြည့်ရှုသည်။
Aug 15, 2020
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ထန်တလန်နှင့် ဟားခါးမြို့တို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး ဟားခါးတက္ကသိုလ်ဘွဲ့နှင်းသဘင် တည်ဆောက်နေမှု၊ ဟားခါးမြို့ Cyclone Shelter တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Aug 14, 2020
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့တွင် ဖလမ်းမြို့ မြို့တော်ခန်းမတည်ဆောက်နေမှု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသစ်တည်ဆောက်ပြီးစီးမှု၊ ခုတင် (၂၀၀) ဆံ့ပြည်သူ့ဆေးရုံတိုးချဲ့ဆောင် တည်ဆောက်နေမှု၊ ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်း တည်ဆောက်နေမှု၊ Cyclone Shelter ဆောက်လုပ်နေမှု၊ ထန်တလန်မြို့ စက်မှုအထက် တန်းကျောင်း၊ ထန်တလန်လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ထန်တလန်ပြည်သူ့ဆေးရုံတိုးချဲ့ ဆောင်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။