ရန်ကုန်တိုင်းဒေသကြီး

သာကေတမြို့နယ်တွင် ဒုတိယ အကြိမ်မဲ ဆန္ဒရှင်စာရင်းကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက်မဲ ဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ညနေပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲက ကပ်ထားကြေညာခဲ့သည်။

ဒေါပုံမြို့နယ်၌ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၁)ကျောင်း၊ ပညာခန်းမတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

မရမ်းကုန်းခရိုင် ပညာရေးမှူးရုံး၌ ကျောင်းကျန်းမာရေးအာဟာရထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ကျောင်းကျန်းမာရေးအာဟာရ ထောက်ပံ့ငွေပေးအပ်ကို နိုဝင်ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မရမ်းကုန်းခရိုင်ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်ပြည်သူများစာရင်းအား ရပ်ကွက်များ လိုက် ကပ်ထားကြေညာထားရှိမှုများအား  ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများစာရင်းအား ရပ်ကွက်များအလိုက် ကပ်ထားကြေညာထားရှိမှုကို ယမန်နေ့နံနက်ပိုင်း၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့၀င်များ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ် (င/က) ရပ်ကွက်တွင် ဒုတိယအကြိမ်မဲစာရင်းကပ်ထားမှု ပြည်သူများလာရောက်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (င/က)ရပ်ကွက် ရပ်ကွက်ကော်မရှင်ရုံးတွင် မဲဆန္ဒရှင်စာရင်းများ(ဒုတိယအကြိမ်) ကပ်ထားကြေညာထားရာ ပြည်သူများလာရောက် ကြည့်ရှုကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာထားရှိမှု အခြေအနေများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ အလိုက်ကပ်ထားကြေညာလျက်ရှိပြီး နိုဝင်ဘာလ(၂၂)ရက်နေ့က ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာထားရှိမှု အခြေအနေများကို  တာဝန်ရှိသူများကအဖွဲ့များခွဲကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကွမ်းခြံကုန်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန် အသိပညာဗဟုသုတ တိုးပွားစေရန်နှင့်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို နိုဝင်ဘာလ (၂၁) ရက်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗဟန်းမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထား ကြေညာထားမှုအား လိုက်လံကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရပ်ကွက် (၂၂) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဒုတိယအကြိမ် မဲစာရင်းကပ်ကြေညာမှုကို ပြည်သူများမှ လာရောက်ကြည့်ရှုနေမှုအား ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်တာ၀န်ရှိသူများက လိုက်လံ ကြည့်ရှုခဲ့ကြသည်။

မှော်ဘီမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (ဒုတိယအကြိမ်) မဲစာရင်းကပ်ထား ကြေညာမှုအား ပြည်သူများလာရောက်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက် (၉) နာရီကစတင်၍ မှော်ဘီမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အလိုက်ကော်မရှင်ခွဲရုံးများတွင် ကပ်ထား ကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၅) ကြိမ်မြောက် အစည်း အဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ကော်မတီ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနန္ဒအောင်နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်နှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အသင်းအဖွဲ့ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး