ရန်ကုန်တိုင်းဒေသကြီး

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများရှိ ဝန်ထမ်းများအား ကိုဗစ်ရောဂါကာကွယ်ဆေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကိုဗစ်ရောဂါ ပြန်လည်ဖြစ်ပွားမှုမရှိစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံများရှိ ပြည်သူများအား Pfizer JN 1 ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက မြန်မာ့ဂျူးချွမ်းစက်ရုံတွင် ကွင်းဆင်းထိုးနှံပေးကြသည်။

တွံတေး၌ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက်ကပ်ထား ကြေညာပေးလျက်ရှိသည်။

ပန်းဘဲတန်းမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာထားမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းမှစ၍ ကပ်ထားကြေညာပေးထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် လေးထပ်ကျောင်းဆောင်သစ်ကြီး ရေစက်ချလှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် နယ်နိမိတ်အတွင်း၌ ပင်မကျောင်းဆောင်သစ် ဦးဆောင်အလှူရှင် Mother Construction Co.Ltd နှင့်ကျောင်းဒါယကာ၊ ဒါယိကာမများက ဦးဆောင်မတည်၍ တည်ဆောက်ပြီးစီးခဲ့သည့် အနာထပိဏ္ဍိကသံဃဝိဟာရ လေးထပ်ကျောင်းဆောင်သစ်ကြီးအား ရေစက်ချလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ ဘာဝနာမဟာသဘာတရားထိုင်ခန်းမ၌ ကျင်းပသည်။

ကမာရွတ်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိရာ ပြည်သူများလာရောက်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်၊ ကမာရွတ်မြိုနယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ဒုတိယအကြိမ် ရပ်ကွက်များအလိုက် ယမန်နေ့နံနက် ၇ နာရီမှ စတင်ကာ ကပ်ထားကြေညာထားကြောင်း သိရသည်။

ကော့မှူးတွင် စာဖတ်ရှိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း အ. ထ. က (ကော့မှူး)ကျောင်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်မြို့နယ် အဆင့်သင်တန်းနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက် သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းအချိန်က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်မြို့နယ်အဆင့်သင်တန်းနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ ချစ်နိုင်( စိတ်ပညာ) ရေးသားသည့်  " အောင်​မြင်ခြင်းရဲ့ အုတ်မြစ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိရာ ပြည်သူများလာရောက်ကြည့်ရှု

ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြိုနယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ဒုတိယအကြိမ် ရပ်ကွက်များအလိုက် ယမန်နေ့နံနက် ၇ နာရီမှစတင်ကာ ဆက်လက်ကပ်ထား ကြေညာထားကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယအကြိမ် မဲစာရင်းများ စတင်ကပ်ထား ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ကပ်ထား ကြေညာပေးလျက်ရှိသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး