ရန်ကုန်တိုင်းဒေသကြီး

လမ်းမတော်မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

၂၀၂၅- ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော် မြို့နယ်အတွင်း ရပ်ကွက်များအလိုက် မဲစာရင်းများကို ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများမှ မဲစာရင်းများကို လာရောက်ကြည့်ရှုလျက်ရှိသည်။

သန်လျင်မြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ (ဒုတိယ)အကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများစိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ (၁)၊ (၁- က) များကို ယမန်နေ့နံနက်ပိုင်းက (ဒုတိယ) အကြိမ်ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာလာရောက် ကြည့်ရှုလျက်ရှိသည်။

သုံးခွမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ

၂၀၂၅- ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် မဲစာရင်းများကို ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ  ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူပြည်သူများမှ မဲစာရင်းများကို လာရောက်ကြည့်ရှုလျက်ရှိသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲက ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေငြာထားမှုအား လိုက်လံကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ကရင်ခြံရပ်ကွက်၊ ဂဠုန်ရပ်ကွက်၊ ဌာနာရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဒုတိယအကြိမ်မဲစာရင်းကပ်ကြေညာမှုကို ပြည်သူများမှ လာရောက်ကြည့်ရှုနေမှုအား ယမန်နေ့မွန်းလွဲပိုင်းက တာ၀န်ရှိသူများက လိုက်လံကြည့် ရှုခဲ့ကြသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဒုတိယအကြိမ်မဲစာရင်းကပ်ထားမှုအား တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မကြာမီကျင်း ပပြုလုပ်မည့် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်နှင့်အဖွဲ့သည် ခရိုင်ရွေးကောက်ပွဲအရာရှိနှင့် အဖွဲ့လိုက်ပါကာ  နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်က ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထာားမှုအားကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်းသိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်  အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊‌ မွေးမြူရေး အထက်တန်းကျောင်း စုဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ လူငယ်စကားဝိုင်းနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ၊ သုတ၊ ရသ စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲများကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ကျင်းပပြုလုပ်ကြောင်းသိရသည်။

ကော့မှူးမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ‌ကြေညာထားမှုကို ယမန်နေ့မွန်းလွဲ ၃ နာရီက တာဝန်ရှိသူများက လိုက်လံကွင်းဆင်း၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။  

ကျောက်တန်းမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယအကြိမ် မဲစာရင်းများ စတင်ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့၊ အ.ထ.က(၂)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် (KG)ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန့်ဇော်မောင်တို့သည် ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားရတုခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်အတွက် (KG)ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အခမ်းအနားကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး