မန္တလေးတိုင်းဒေသကြီး

အမရပူရမြို့နယ်အတွင်း (Door to Door) တစ်အိမ်တက်ဆင်း မြေပြင်စာရင်း တိုက်ဆိုင်ကွင်းစစ်‌ဆေးတေမှုများအား စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးမှ လိုက်လံကြည့်ရှုစစ်ဆေး

အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ မှန်တန်း၊ ဈေးချို၊ လေးစု၊ အိုးတော်၊ တောင်ကြီး၊ ကျန်တန်း၊ ဆင်စွယ်ပွတ်၊ ရွှေဂွမ်းထုပ်၊ ငယ်တိုး စသည့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ တစ်အိမ်တက်ဆင်း (Door to Door ) မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

မြစ်သားမြို့နယ်၌ သစ်တောပြုစုထိန်းသိမ်းရေး၊တော မီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်သစ်တောဦးစီးဌာနမှ  သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၆ရက်နံနက် (၁၀) နာရီခွဲက ကျီတော်ကုန်း အ‌ခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအားကစား ဆပ်ကော်မတီမှ ၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အေရိုးဗစ်)ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးအားကစား ဆပ်ကော်မတီမှ ၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အေရိုးဗစ်)ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲကို ယမန်နေ့က တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ရုံး၌ ကျင်းပသည်။

ကျောက်ဆည်ခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၂)နာရီက အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲစာရင်းမှန်ကန်စေရေး တစ်အိမ်တက်ဆင်း မဲစာရင်းများ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲစာရင်းမှန်ကန်စေရေး တစ်အိမ်တက်ဆင်း မဲစာရင်းများ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမရပူရမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းဆက်လက်ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဓနုံးကျေးရွာအုပ်စုတွင် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

မြင်းခြံမြို့၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံစေရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြင်းခြံမြို့ပေါ်ရပ်ကွက်များသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် တာဝန်ရှိသူမားက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး Door to Door စနစ်ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးအားကစားဆပ်ကော်မတီမှ (၂၀၂၅)ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အေရိုးဗစ်)ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးအားကစားဆပ်ကော်မတီမှ (၂၀၂၅)ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အေရိုးဗစ်)ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲကို ယမန်နေ့က တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ရုံး၌ ကျင်းပသည်။

ဆရာအတတ်ပညာ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြင့်မားရေး (ဆင့်ပွား)သင်တန်း ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ဆရာအတတ်ပညာ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြင့်မားရေး (ဆင့်ပွား)သင်တန်း ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေး အရှိန်အဟုန်မြှင့် ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လည် (၂)နာရီအချိန်က အသက် (၉)နှစ်မှ အသက် (၁၁)နှစ်အတွင်း (၁၂)နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေး အရှိန်အဟုန်မြှင့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး