အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၉)မှ လေကြောင်းလူငယ်သင်တန်းသားများ၊ နည်းပြ/အုပ်ချုပ်သူများသည် မေ ၂၅ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုအမှာစကားပြောကြားမှုကို ခံယူပြီးနောက် လေ့လာရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့၊ အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ တပ်မတော်လေယာဉ်များ၊ Diesel Electric Multiple Unit(DEMU) မီးရထားများဖြင့် ပြောင်းရွှေ့အခြေပြုကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိနျူကလီးယား နည်းပညာသတင်းအချက် အလက်စင်တာသို့ သွားရောက်လေ့လာကြသည်။
May 26, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ဟိုမိန်းဒေသ တစ်ဝိုက်စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။
May 26, 2026
တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) များကိုဆောင်ရွက်ကာ ချင်းပြည်နယ်ရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံဒေသများကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။
May 26, 2026
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်နှင့် အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ဆောင်ရွက်လျက်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသော ရွှေကုက္ကိုလ် နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျ ဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချ ဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
May 26, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
May 26, 2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံ လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
May 26, 2026
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ကွင်း၊ ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ပြည်နယ်ကွင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းတို့၌ ဇုန်လေးဇုန်ခွဲ၍ကျင်းပရာ အားကစားရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်ပရိသတ်များ တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးကြသည်။
May 26, 2026
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)တွင် Fertility Centre ကို သားသမီးရလိုသော ဇနီးမောင်နှံများအတွက် ရည်ရွယ်ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်မှ ယနေ့အထိ လူနာပေါင်း ၅၄၀၀ ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။
May 26, 2026
ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသသည် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ကြီး ဦးမျိုးမြင့်မောင်တို့နှင့်အတူ မေ ၂၄ ရက်က Bongeunsa Temple ကျောင်း၌ ဗုဒ္ဓမွေးနေ့အထိမ်းအမှတ်ကျင်းပသည့်“50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားသို့တက်ရောက်ပြီး ကိုရီးယားသမ္မတနိုင်ငံ သံဃနာယကအဖွဲ့ခေါင်းဆောင် ဆရာတော် Venerable Wongmyeong နှင့်အတူ ဂုဏ်ပြုပူဇော်စကား ဟောကြားသည်။
နောက်ဆုံးရသတင်းများ
May 26, 2026Latest News
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၉)မှ လေကြောင်းလူငယ်သင်တန်းသားများ၊ နည်းပြ/အုပ်ချုပ်သူများသည် မေ ၂၅ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်
May 26, 2026Latest News
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ဟိုမိန်းဒေသ တစ်ဝိုက်စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကိ
May 26, 2026Latest News
တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-T
May 26, 2026Latest News
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်နှင့် အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ဆောင်
May 26, 2026Latest News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တ
ဆောင်းပါးကဏ္ဍ
May 26, 2026ကမ္ဘာဦးကာလမှသည် ယနေ့မျက်မှောက်ခေတ်တိုင်အောင် လူသားတို့၏ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးသော လိုအပ်ချက်မှာ စားနပ်ရိက္ခာပင်ဖြစ်သည်။ အထူးသဖြင့် စိုက်ပျိုးရေးကို အခြေခံသော မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံများတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အား ဖြစ်ရုံသာမက ပြည်သူတို့၏ အသက်သွေးကြောလည်းဖြစ်ပါသည်။ “လယ်ယာကဏ္ဍဖွံ့ဖြိုးမှ နိုင်ငံစီးပွားတိုးတက်မည်” ဟူသော မျှော်မှန်းချက်နှင့်အညီ ဒေသတစ်ခုချင်းစီ၏ ရေမြေတောတောင် သဘာဝအလိုက် သီးနှံများစွမ်းအားပြည့်စိုက်ပျိုးထုတ်လုပ်နိုင်မှုသည် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံမှုကို တိုက်ရိုက်အချိုးကျ အထောက်အကူပြုလျက်ရှိပါသည်။
May 26, 2026၂၀၂၆ ခုနှစ်တွင် El Nino (အယ်လ်နီညို) ဖြစ်ပေါ်လာနိုင်ခြေမြင့်မားနေကြောင်း ကမ္ဘာ့ရာသီဥတုခန့်မှန်းရေးအဖွဲ့များက ခန့်မှန်းနေကြပါသည်။ အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိပင်လယ်ရေ မျက်နှာပြင်အပူချိန်ပုံမှန်ထက် ပိုမိုပူနွေးလာခြင်းဖြစ်ပါသည်။ ထိုအပူတိုးလာမှုကြောင့် ကမ္ဘာတစ်ဝန်းရာသီဥတုပုံစံများ ပြောင်းလဲသွားပါသည်။ အယ်လ်နီညိုဖြစ်လာသောအခါ တချို့နိုင်ငံများတွင် မိုးခေါင်ခြင်း၊ တချို့ဒေသများတွင် ရေကြီးခြင်း၊ အပူလှိုင်းများဖြစ်ခြင်း၊ စိုက်ပျိုးရေးထိခိုက်ခြင်း၊ မြေဆီလွှာအတွင်း ရေအရင်းအမြစ်လျော့နည်းလာနိုင်ခြင်း၊ အပင်ဖျက်ပိုးမွှားနှင့် ရောဂါများတိုးပွားလာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။
May 26, 2026ပညာခေတ်ကြီးထဲမှာ သေစာရှင်စာထက် ပိုပြီးပညာကို မသင်ချင်ကြတဲ့ကိစ္စကနိုင်ငံအတွက် အတော်အန္တရာယ်ကြီးတဲ့ကိစ္စဗျ။ မြန်မာနိုင်ငံမှာ စာတတ်မြောက်ရေးလှုပ်ရှားမှုတွေရဲ့ ကျေးဇူးကြောင့် လူဦးရေရဲ့ ၉၂ ဒသမ ၁ ရာခိုင်နှုန်းက အခြေခံအရေး၊ အဖတ်၊ အတွက်အချက်တတ်မြောက်ကြတယ်။ လူ ၁ဝ ယောက်မှာ ၉ ယောက် စာတတ်ကြတယ်ပေါ့ဗျာ။ အဲဒီလိုစာတတ်မြောက်မှုနှုန်းမြင့်မားတယ်ဆိုပေမယ့် နိုင်ငံအတွက်အားကိုးအားထားပြုရမယ့် ပညာတတ်ဦးရေကတော့ အင်မတန်မှနည်းပါးလှပါတယ်။ နည်းပါးရတဲ့အကြောင်းရင်းကို ကြည့်လိုက်တော့ ပညာကိုတန်ဖိုးထားပြီး လေးလေးနက်နက် သင်ပေးလိုမှုတွေ ကင်းမဲ့ကြလို့ဆိုတာကို တွေ့ရပါတယ်။
May 25, 2026လူသားတို့၏ လူနေမှုစနစ်သည် ကျေးလက်မှသည် မြို့ပြသို့ တဖြည်းဖြည်း ကူးပြောင်းလာခဲ့ကြရာ ယနေ့ကမ္ဘာတွင် မြို့ပြများသည် နိုင်ငံတစ်ခု၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဗဟိုချက်များ ဖြစ်လာခဲ့သည်။ မြို့ပြတစ်ခု၏ ဂုဏ်သိက္ခာကို တိုင်းတာရာတွင် ခန့်ညားထည်ဝါသော အဆောက်အအုံများ၊ ကျယ်ပြောသော လမ်းမကြီးများဖြင့်သာမက ထိုမြို့ပြ၏ သန့်ရှင်းသပ်ရပ်မှု၊ လတ်ဆတ်သောလေထုနှင့် စနစ်ကျသော အမှိုက်သိမ်းဆည်းမှုစနစ်တို့အပေါ်တွင်လည်း များစွာမူတည်နေပါသည်။ “မြို့သာယာမှ လူကျန်းမာမည်” ဆိုသည့်အတိုင်း မြို့ပြအလှနှင့် မြို့ပြရနံ့ကို ထိန်းသိမ်းခြင်းသည် မြို့နေပြည်သူတို့၏ လူနေမှုအဆင့်အတန်းကို ဖော်ပြနေခြင်းပင်ဖြစ်ပါသည်။
May 25, 2026ဥပဒေရေးရာဝန်ကြီးဌာန (ယခင်ပြည်ထောင်စုရှေ့နေချုပ်ရုံး) နှင့် ဥပဒေရုံးအဆင့်ဆင့်သည် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရပါသည်။
May 25, 2026အီဘိုလာဗိုင်းရပ်စ်ဟာ လူနဲ့ တိရစ္ဆာန်တွေမှာ ပြင်းထန်သော သွေးယိုဖျားနာရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး သေဆုံးနှုန်းမြင့်မားတဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ ယခုအခါ အာဖရိကတိုက်အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ယင်းအီဘိုလာဗိုင်းရပ်စ် (Ebola virus) ကူးစက်ပြန့်ပွားမှုကြောင့် လူပေါင်း ၈၈ ဦးသေဆုံးခဲ့ပြီး သံသယလူနာ ၃၃၆ ဦး ရှိလာခဲ့တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနိုင်ခြေရှိကြောင်း အပြင်းဆုံးသတိပေးနှိုးဆော်ချက်ဖြစ်တဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာအရေးပေါ်အခြေအနေ (Public Health Emergency of International Concern-PHEIC) အဖြစ် ၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် သတ်မှတ်ကြေညာလိုက်ပါတယ်။
