(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ခြင်းလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက်က ထိုင်းနိုင်ငံ နခွန်ပထုန်ပြည်နယ် နခွန်ပထုန်အားကစားစင်တာရှိ ပရိသတ် ၄၀၀၀ ဆံ့ အားကစားရုံ၌ ကျင်းပရာ မြန်မာခြင်းလုံး အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့က ရွှေတံဆိပ်ဆုများ စတင်ဆွတ်ခူးရယူနိုင်ခဲ့သည်။
Dec 11, 2025
မြန်မာနိုင်ငံဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဘိန်းခင်းများ ဖျက်ဆီးမှုကိုလည်း ဆောင်ရွက်လျက်ရှိသည်။
Dec 11, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Dec 11, 2025
တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ ဘိုကလေးမြို့နယ်သို့ ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Dec 11, 2025
မြန်မာ-လာအို ချစ်ကြည်ရေးအသင်း တာချီလိတ်ရုံးခွဲကို ဗိုလ်ချုပ်အောင်ဆန်းလမ်း ရှမ်းရိုးမကွင်းအတွင်း တာချီလိတ်မြို့၌ ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သည်။
Dec 11, 2025
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ် (၃) ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ “ရွှေဇင်” အာမခံရွှေဆိုင်မှ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၁၀၃၀ ကို ဒီဇင်ဘာ ၅ ရက်က သေနတ်ဖြင့်ခြိမ်းခြောက်၍ လုယက်ယူဆောင်ခဲ့သူများနှင့် ပူးပေါင်းပါဝင်သူတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Dec 11, 2025
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများသည် သက်ဆိုင်ရာအားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ အဖွဲ့လိုက်ထိုင်းနိုင်ငံသို့ ထွက်ခွာလျက်ရှိသည်။
Dec 11, 2025
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ခြင်းလုံး၊ ပိုက်ကျော်ခြင်း ကွင်းသွင်းခြင်းခတ်၊ ပီတန်း၊ ကနူးလှေလှော်၊ တိုက်ကွမ်ဒို၊ ခရစ်ကတ်နှင့် ဘိလိယက်နှင့်စနူကာ၊ ဘော်လီဘောပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သက်ဆိုင်ရာအားကစားကွင်း အားကစားရုံများ၌ ကျင်းပသည်။
Dec 11, 2025
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
နောက်ဆုံးရသတင်းများ
Dec 11, 2025Latest News
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ခြင်းလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက်က ထိုင်းနိုင်ငံ နခွန်ပထုန်ပြည်နယ် နခွန်ပထုန်အားကစားစင်တာရှိ ပရိသတ် ၄၀၀၀ ဆံ့ အားကစားရုံ၌ ကျင်းပရာ မြန်မာခြင်းလု
Dec 11, 2025Latest News
မြန်မာနိုင်ငံဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ
Dec 11, 2025Latest News
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်
Dec 11, 2025Latest News
တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ ဘိုကလေးမြို့နယ်သို့ ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဘိုကလေး
Dec 11, 2025Latest News
မြန်မာ-လာအို ချစ်ကြည်ရေးအသင်း တာချီလိတ်ရုံးခွဲကို ဗိုလ်ချုပ်အောင်ဆန်းလမ်း ရှမ်းရိုးမကွင်းအတွင်း တာချီလိတ်မြို့၌ ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သည်။
ဆောင်းပါးကဏ္ဍ
Dec 10, 2025ကျွန်တော်အပါအဝင် လောကလူသားများသည် တစ်စုံတစ်ခုကို လိုချင်တပ်မက်စိတ်ဖြင့် အမြဲတမ်း အသက်ရှင်နေထိုင်တတ်ပါသည်။ ထိုတစ်စုံတစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိပြီးလျှင်လည်း နောက်ထပ်လိုချင်သောအရာတစ်ခု ထပ်မံပေါ်ပေါက်လာတတ်ပြန်ပါသည်။ လူအများသည် မိမိပတ်ဝန်းကျင်နှင့် လောကအပေါ် အနိုင်ယူလိုစိတ်များလာသည်နှင့်တစ်ပြိုင်နက် ကိုယ်ချင်းစာတရားများ ပျောက်ဆုံးလာပြီး အတောမသတ်နိုင်သည့် လူသားတို့၏ အတ္တ၊ လောဘ၊ မာန်မာနများသည်ပင်လျှင် လူ့အခွင့်အရေးများ ချိုးဖောက်လာရခြင်း၏ မူလဇာစ်မြစ်တစ်ခုဟု ကျွန်တော်ထင်မြင်ယူဆမိပါသည်။
Dec 10, 2025မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီးဖြစ်ပါသည်။ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် ရွေးကောက်ပွဲများကျင်းပခြင်းသည် အခြေခံအကျဆုံးနှင့် မဖြစ်မနေဖြတ်သန်းရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ လွတ်လပ်ရေးမရသေးမီ ဗြိတိသျှ လက်အောက်ကျရောက်စဉ် အချိန်ကတည်းကစ၍ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများကျင်းပခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် ၁၉၂၂ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ အထွေထွေရွေးကောက်ပွဲ ၁၇ ကြိမ်၊ ကြားဖြတ် ရွေးကောက်ပွဲသုံးကြိမ် ကျင်းပခဲ့ပါသည်။
Dec 05, 2025ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်သတင်းများ၊ ရုရှားနိုင်ငံမှကိုယ်စားလှယ်အဖွဲ့များ၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်သတင်းများ၊ မကြာသေးမီရက်ပိုင်းအတွင်းက ဘယ်လာရုစ်သမ္မတကြီးနှင့်အဖွဲ့၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ် သတင်းများ စသည်၊ စသည်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံတို့နှင့် ချစ်ကြည်ရင်းနှီးသော အားရဖွယ်ခရီးစဉ်သတင်းများ၊ ဆောင်းပါးများကို စဉ်ဆက်မပြတ်မြင်တွေ့ရ၊ ဖတ်ရှုရသောအခါ များစွာဝမ်းမြောက်ဝမ်းသာဖြစ်မိပြီး လွန်ခဲ့သော နှစ် ၆၀ ဝန်းကျင်ကာလက ကျွန်တော်တို့သတင်းစာကိုယ်စားလှယ်အဖွဲ့များ ရုရှား(ဆိုဗီယက်ပြည်ထောင်စု)နိုင်ငံသို့ အကြိမ်ကြိမ်ရောက်ရှိခဲ့သည်များကို သူ့အလိုလို ပြန်လည်၍ အမှတ်ရလာမိပါသည်။
Dec 05, 2025စွမ်းရည်အခြေခံပညာရေး(Skill-Based Education) ဆိုတာဟာ ကျောင်းသား ကျောင်းသူတွေကို လက်တွေ့ဘဝနဲ့လုပ်ငန်းခွင်တွေမှာ တိုက်ရိုက်အသုံးချနိုင်တဲ့ တိကျတဲ့စွမ်းရည်တွေ (Practical Skills) တိုးတက်လာစေဖို့ အဓိကထားသင်ကြားပေးတဲ့စနစ်တစ်ခု ဖြစ်ပါတယ်။
Dec 04, 2025ယနေ့ကမ္ဘာ့သတင်းတွေမှာ KK Park၊ ရွှေကုက္ကိုလ်၊ မြဝတီနဲ့ လောက်ကိုင်လို့ ပြောလိုက်တာနဲ့ အွန်လိုင်းလိမ်လည်မှုတွေရဲ့ ဗဟိုအချက်အချာဆိုပြီး ဖော်ပြကြတာမျိုး မြင်တွေ့ရပါတယ်။ ဒီမှာ လူတွေ အလိမ်အညာခံရတယ်၊ ထိခိုက်ခံစားကြရတယ်လို့ သတင်းတွေကဖော်ပြပြီး တည်နေရာကတော့ မိမိတို့နိုင်ငံနယ်စပ်ဒေသတွေပေါ့။ ဒါပေမယ့် အရင်းအမြစ်ကို ဖော်ထုတ်ရေးသားတဲ့မီဒီယာအချို့ တွေ့ရပေမယ့် အတော်လေး နည်းပါတယ်။ မြေပြင်အခြေအနေမှန်ကို ထင်ဟပ်နိုင်တာမရှိဘဲ မြန်မာနိုင်ငံက လူဆိုးဂိုဏ်းတွေ တည်ထောင်၊ တစ်ကမ္ဘာလုံးကလူတွေကို ခေါ်၊ ဒုက္ခပေးနှိပ်စက်ညှဉ်းပန်းနေသယောင်ပါပဲ။
Dec 03, 2025လုပ်ငန်းခွင်နဲ့ ပညာရေးနယ်ပယ်မှာ သုတပညာ (Knowledge) ကြွယ်ဝသူများစွာရှိနေပေမယ့်လည်း မိမိတတ်မြောက်ထားတဲ့ပညာရပ်တွေကို လက်တွေ့လုပ်ငန်းခွင်မှာ ထိရောက်စွာအသုံးချနိုင်မှု (Skill) ဖြစ်သွားအောင် ဖန်တီးနိုင်မှုအားနည်းနေခြင်းဟာ ခေတ်သစ်အဖွဲ့အစည်းတွေအတွက် အရေးကြီးတဲ့စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။ ဒီအရာဟာ သာမန်ပညာရေးနဲ့ လုပ်ငန်းခွင်သင်ကြားမှုအတွက်မှာသာမက စာပေ၊ ဘာသာစကား၊ အချင်းချင်း ဆက်သွယ်ပြောဆိုမှုလို လူမှုအသုံးအနှုန်းတွေမှာပါ ထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။
