Mar 15, 2021
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်စွဲပါ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၁/ ၂၀၂၁၊ ၁၃၈၂ ခုနှစ်၊ တပေါင်း လဆန်း ၃ ရက်၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်စွဲပါ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၂/ ၂၀၂၁ တို့ ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသော ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေ ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် နှင့် မြောက်ဥက္ကလာပမြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာ ရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းခဲ့ပါသည်။
Mar 15, 2021
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး အား ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ် များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်။
Mar 12, 2021
ဆူပူဆန္ဒပြသူလူစုလူဝေးများ၏ ဆောင်ရွက်မှုများကို လေ့လာကြည့်ရာတွင် လူငယ်ထုအများ အပြားအနေဖြင့် ဝတ်စားဆင်ယင်မှုပုံသဏ္ဍာန်ကို ဆန်းပြားစွာဝတ်ဆင်ပြီး အများသူငါမှ မိမိပုံ သဏ္ဍာန်ကို ထင်သာမြင်သာ စွာသိရှိစေလိုသည့် ဝတ်စုံဦးစားပေးအုပ်စု၊ လုံခြုံရေးတပ်ဖွဲ့နှင့်ထိပ်တိုက် တွေ့ဆုံရာတွင် ဆန္ဒပြရုံသက်သက် လူမှုကွန်ယက်တွင်ပါဝင်ရုံသက်သက် ရည်မှန်း၍ဆောင်ရွက်လို သူအုပ်စု၊ ဆူပူဆန္ဒပြရာတွင် ဒေသန္တရ လက်လုပ် ဒိုင်းကာများ၊ ယမ်းထုပ်များ၊ မီးခိုးငွေ့ကာမျက်နှာ ဖုံးများ၊ မီးသတ်ဆေးဘူးများကို ကိုင်ဆောင်အသုံးပြုသော အသုံးအဆောင် ပစ္စည်းဦးစားပေးသည့် အုပ်စုနှင့် လမ်းကြောင်းပိတ်ဆို့ရေးအတွက် တာယာကွင်းများ၊ ပီနံအိတ် ခွံများမီးရှို့ခြင်း ရရာအတား အဆီးများ ပြုလုပ်ဆောင်ရွက်ပြီး လေးဂွ၊ ဂျင်ဂလိ၊ ဓား၊ လှံ၊ မှိန်း၊ ဆူး၊ တူမီး လက်လုပ်သေနတ် များကိုင်ဆောင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိပ်တိုက်ရင်ဆိုင်ကာ ရန်ပြု အကြမ်းဖက် လိုသော အုပ်စုဟူ၍ ကွဲပြားစွာဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါသည်။
Mar 08, 2021
နိုင်ငံတော်ကို အရေးပေါ်အခြေအနေသတ်မှတ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေချိန်တွင် နိုင်ငံတော်မှ အားထားရသော အလုပ်သမားများ၊ တောင်သူလယ်သမားများ နေ့စဉ် တွေ့ကြုံ ခံစားနေရသည့် အခက်အခဲအကြပ်အတည်းများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ ဖွဲ့စည်းထား သည့် အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ညှိနှိုင်း ဖြေရှင်းပေးလျက် ရှိပါသည်။
