May 19, 2023
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ အချိန်အခါမရွေး၊ နေရာဒေသမရွေး ဖြစ်ပွားနိုင်ပါတယ်။ လူသားတို့ မှီတင်းနေထိုင်လျက်ရှိသော ကမ္ဘာပေါ်မှာ သဘာဝအလျောက် ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသော ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု သတ်မှတ်ပါတယ်။ မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီရေလှိုင်းရိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ထူးဆန်းရောဂါဘေးများ ကျရောက်ခြင်း၊ အပူလှိုင်း၊ အအေးလှိုင်းများ ကျရောက်ခြင်းတို့ ဖြစ်ပါတယ်။
May 18, 2023
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် ကေအင်(န်)ယူ ကရင်အမျိုးသားအစည်းအရုံးကွန်ဂရက်နှင့် ကေအင်(န်)ယူ ထိပ်ပိုင်း အပြောင်းအလဲများနှင့်အတူ “မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေး၊ ကရင်အမျိုးသားတို့၏ ရသင့်ရထိုက်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေးများရရှိရေး” စသည်ဖြင့် ဖော်ပြထားသည့် ထုတ်ပြန်ကြေညာချက်များ။
May 18, 2023
လေမုန်တိုင်းကျရောက်ပြီးနောက် ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအသောက်များကို စားသောက်မိ ခြင်းမှတစ်ဆင့်ကူးစက်ဖြစ်ပွား၍ အသက်အန္တရာယ်ထိခိုက်နိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအသွင်ဖြင့်လည်း ဖြစ်ပွားနိုင်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပါက အရည်ဝမ်းများသွားခြင်း၊ အော့အန်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်ပွားနိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။
May 15, 2023
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က မိုးကြိုးပစ်မှုများကြောင့် နှစ်နာရီအတွင်း လူကိုးဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူအများစုမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြသည့် ကျေးလက်ပြည်သူများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း မိုးကြိုးပစ်မှုကြောင့် နှစ်စဉ် လူနှင့် ကျွဲ၊ နွား သေဆုံးမှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းလည်း သေဆုံးမှုများရှိခဲ့သည်။
May 14, 2023
ကျွန်တော်တို့ ငယ်စဉ်တုန်းကဒသမတန်းအောင်မြင်ပြီးပါက တက္ကသိုလ်တက်ရောက်ပညာ သင်ကြားရာမှာ ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဆိုပြီး တက်ရောက်ကြရပါသည်။ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ တိရစ္ဆာန်ဆေးကုနှင့် မွေးမြူရေး တက္ကသိုလ်၊ သွားဘက်ဆိုင်ရာတက္ကသိုလ်စသည်တို့ကို အသက်မွေးဝမ်းကျောင်းတက္ကသိုလ် (Professional Institution) များဟုခေါ်ကြသည်။ ဝိဇ္ဇာ/ သိပ္ပံနှင့် စီးပွားရေးပညာရပ်များကို ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်တို့တွင် အသီးသီးတက်ရောက်သင်ယူကြရသည်။
May 12, 2023
ကျွန်တော်တို့ငယ်စဉ်တုန်းက ဒသမတန်း အောင်မြင်ပြီးပါက တက္ကသိုလ်တက်ရောက် ပညာသင်ကြားရာမှာ ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဆိုပြီး တက်ရောက်ကြရပါသည်။ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ တိရစ္ဆာန်ဆေးကုနှင့် မွေးမြူရေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ တက္ကသိုလ် စသည်တို့ကို အသက်မွေးဝမ်းကျောင်း တက္ကသိုလ် (Professional Institution) များဟု ခေါ်ကြသည်။ ဝိဇ္ဇာ/ သိပ္ပံနှင့် စီးပွားရေးပညာရပ်များကို ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် တို့တွင် အသီးသီးတက်ရောက်သင်ယူကြရသည်။
May 11, 2023
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ မေ ၂၃ ရက်မှ ၃၁ ရက်အတွင်း ကျောင်းအမြန်အပ်နှံစို့”
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျွန်တော်၏လက်ကိုင်ဖုန်းထဲသို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနကပေးပို့သော အထက်ပါမက်စ်ဆေ့ နှိုးဆော်လွှာလေးတစ်ခုရောက်ရှိလာသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စတင်တော့မည်။ ယခုပညာသင်နှစ်တွင် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
May 10, 2023
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကျောင်းအမြန်အပ်နှံစို့”
May 10, 2023
ပြီးခဲ့သည့်စနေနေ့က ကျွန်တော်တို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဘဲကုန်း ကျေးရွာ၊ နေကြာစိုက်ခင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရှစ်မြို့နယ်မှ တောင်သူဦးကြီး ၁ဝဝ ခန့်အား မျိုးယှဉ်ပြိုင်စမ်းသပ်ကွင်း သရုပ်ပြပွဲပြုလုပ်သည်။ နံနက် ၇ နာရီမထိုးခင်မှာပင် တောင်သူကြီးများတက်ကြွစွာ ရောက်လာကြသည်။ တောင်သူများအားပြသမည့် နေကြာစိုက်ခင်းမှ နေကြာပွင့်ကြီးများက နေခြည်မှာရွှေရည်ဝင်းလို့ နေသည်။ နေကြာပွင့်ကြီးများက အပျိုမမျက်နှာလောက်ရှိနေသည်။ နေကြာပင်များက ကြပ်လုံးသာသာ။ အပင်ပင်စည်တုတ်၍ ကြံ့ခိုင်သည်။ နေကြာပွင့်ရွှေရည်ကို ထမ်းထားနိုင်သည်။
May 08, 2023
ကြက်ခြေနီဆိုသည်မှာ စေတနာ့ဝန်ထမ်းဖြစ်သည်။ ထိုအသင်း၏ အဓိကရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုစုနည်းလမ်းဖြင့် လူသားတို့၏အသက်အန္တရာယ်ကို ကူညီ၊ကာကွယ် စောင့်ရှောက်ကယ်တင်ခြင်းပင် ဖြစ်သည်။ လူနာတစ်ဦးကိုတွေ့ရှိသောအခါ ဆေးရုံ၊ ဆေးပေးခန်းသို့ ချက်ချင်းသို့မဟုတ် အချိန်ပိုင်းအတွင်းမပို့ဆောင်နိုင်ပါက လူနာ၏အသက် အန္တရာယ်အားအတတ်နိုင်ဆုံးနည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်ကယ်တင်ခြင်းပင် ဖြစ်သည်။
