Skip to main content
Apr 15, 2025
ငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် အလွန်အရေးကြီးပါသည်။ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ လူ့အသက်ဆုံးရှုံးမှုများနှင့် စီးပွားရေးထိခိုက်မှုများ ဖြစ်ပေါ်နိုင်သောကြောင့် ထိရောက်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံသည် သဘာဝဘေးအန္တရာယ်တစ်ခုကျရောက်ပါက အဆိုပါနိုင်ငံရှိ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးစေသည်သာမက မူလအခြေအနေသို့ရောက်ရှိအောင် ပြန်လည်ထူထောင်ရသည့်အတွက် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါသည်။
Apr 15, 2025
ငလျင်ဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများတွင် ကျန်းမာရေးဆိုင်ရာ သတိပြုရမည့်အချက်များ
၂၈-၄-၂၀၂၅ ရက်နေ့တွင်အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးတို့တွင် အဆိုပါငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ကြရပါသည်။ ထိုဒေသများတွင် နေအိမ်အဆောက်အအုံ တိုက်တာများပြိုကျခြင်း၊ လျှပ်စစ်မီး၊ သောက်သုံးရေကဲ့သို့သော အခြေခံလိုအပ်ချက်များပြတ်တောက်ခြင်းတို့ ဖြစ်ပွားခဲ့ပါသည်။
Apr 14, 2025
​​​​​​​အခုတစ်လော အမေရိကန်မီဒီယာအချို့မှာ အသုံးပြုနေတဲ့ ‘Attack Dog’ ဆိုတဲ့ စကားအသုံးအနှုန်းလေး ဆွေးနွေးတင်ပြပါမယ်။ ရိုးရိုးဘာသာပြန်ရင်တော့ ‘Attack Dog’ ဆိုတာ ကိုက်တဲ့ခွေးပေါ့။ တိုက်ခိုက်စီးနင်းတဲ့ခွေးပေါ့။ အဓိပ္ပာယ်အတိအကျကတော့ လေ့ကျင့်ထားတဲ့ခွေး၊ အမိန့်အတိုင်း လိုက်နာတိုက်ခိုက်တဲ့ခွေးဖြစ်ပါတယ်။
Apr 13, 2025
မန္တလေးငလျင်ကြီးကို ရင်ဆိုင်တုံ့ပြန်ခဲ့တဲ့ သူရဲကောင်းများ
ကျွန်မရဲ့ဇာတိချက်မြှုပ်က ရန်ကုန်ဆိုပေမယ့် အဘိုးအဘွားတွေကတော့ မြန်မာနိုင်ငံအလယ်ပိုင်း အညာမြေမှာနေထိုင်ကြသူ​တွေ ဖြစ်ပါတယ်။ ကျွန်မရဲ့ငယ်စဉ်တောင်ကျေးကလေးဘဝမှာ အဘိုးအဘွားတွေပြောပြတဲ့ ပုဂံငလျင်၊ စစ်ကိုင်းငလျင်စတဲ့ စိတ်လှုပ်ရှားဝမ်းနည်းဖွယ်ရာ အိပ်ရာဝင်ပုံပြင်တွေကို ကြိမ်ဖန်များစွာနားထောင်ရင်း အိပ်စက်ခဲ့ရဖူးပါတယ်။ ဒီငလျင်ဒဏ်ကြောင့် အသက်ခန္ဓာစွန့်လွှတ် ပျက်စီးခဲ့ရတာတွေ၊ မြန်မာ့ရိုးရာအမွေအနှစ် ဘုရားကျောင်းကန် စေတီပုထိုးတွေ ပြိုကျပျက်သုဉ်းခဲ့ရတာတွေကို ကြားရတော့ ဒီအဖြစ်ဆိုးတွေ တစ်သက်တာမှာ မကြုံရ၊ မတွေ့ရ၊ မကြားရစေဖို့ အထပ်ထပ်အခါခါ ဆုတောင်းခဲ့ဖူးပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲလို့မရဘူးဆိုတာ ငယ်သေးတဲ့ ကျွန်မနားမလည်ခဲ့တာတော့ အမှန်ပါ။
Apr 12, 2025
မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်းနှင့် ကြင်နာချစ်ခြင်း သံခင်းတမန်ခင်း
အဲဒီအချိန်တုန်းက ကျွန်မဟာ မကြာမီကျရောက်တော့မယ့် မြန်မာ့ရိုးရာအတာနှစ်ကူးသင်္ကြန်တန်ခူးပွဲတော် ဆင်နွှဲနိုင်ရေး တိုင်ပင်ဆွေးနွေးကြဖို့ လုပ်ဖော်ကိုင်ဖက်အချို့နဲ့အတူ ကျွန်မတို့ရုံးနှစ်ထပ်ဆောင် မြေညီထပ်ရုံးခန်းတစ်ခုမှာ ရောက်ရှိနေခဲ့ပါတယ်။ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်​တွေဟာ ရပ်တချို့၊ ထိုင်တချို့ စကားပြောဆိုနေကြစဉ်မှာပဲ ငလျင်က သိမ့်ခနဲစတင်လှုပ်ခတ်လာပါတယ်။ အစပိုင်းမှာ သစ်သားစားပွဲခုံကြီးတွေကြားထိုင်ချပြီး အကာအကွယ်ယူလိုက် ပေမယ့် ပိုလို့ပိုလို့ ပြင်းပြင်းထန်ထန် လှုပ်ယမ်းလာတာကြောင့် ကြမ်းပေါ်လိမ့်ပြေးနေတဲ့ ရေဘူးကြီးတွေ၊ စာရေးကိရိယာတွေကြားကနေပဲ အခန်းထဲက မနည်းပြေးထွက်ခဲ့ရပါတယ်။
Apr 12, 2025
လူတို့၏ အသက်နှင့် အိုးအိမ်များကို ဖျက်ဆီးသော မြေငလျင်နှင့် ဆောက်လုပ်ရေးကဏ္ဍ
မတ် ၂၈ ရက်က မြန်မာပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းကိုကျော်လွန်၍ မိမိတို့အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင်လည်း ဖျက်ဆီးဒုက္ခပေးခဲ့သော “မြေငလျင်” ပေါ်ပေါက်ခဲ့သဖြင့် ဆောက်လုပ်ရေးကဏ္ဍနှင့် ဆက်စပ်ပတ်သက်နေသော ဗိသုကာတစ်ဦးအနေဖြင့် နောက်နောင် မြေငလျင်ပေါ်ပေါက်လျှင် သေကျေပျက်စီးမှုလျော့ပါးရန် အဆိုပြုချက်များကို ဤဆောင်းပါး ဖြင့်တင်ပြအပ်ပါသည်-
Mar 28, 2025
အမြစ်မဲ့ အပင်က မသီးမပွင့်နိုင်သလို၊ ငြိမ်းချမ်းမှုမဲ့သောမြေ၌ ဖွံ့ဖြိုးမှုမရှိနိုင်။ တည်ငြိမ်သော ငြိမ်းချမ်းမှုများကသာ ဖွံ့ဖြိုးရေးသစ်ပင်များ၊ ပန်းခင်းများကို ရှင်သန်ဖူးပွင့် မွှေးပျံ့စေနိုင်ပါသည်။
Mar 26, 2025
ဆောင်းပါး
တပ်မတော်သည် ပြည်သူလူထုအတွင်းမှ ပေါက်ဖွားလာပြီး လွတ်လပ်ရေးကြိုးပမ်းမှုအဆင့်ဆင့်မှ သန္ဓေတည်လာခဲ့သည့် တစ်ခုတည်းသော အဖွဲ့အစည်းကြီးဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ တိုင်းပြည်လွတ်လပ်ရေး၊ နိုင်ငံကာကွယ်ရေးတိုက်ပွဲများဆင်နွှဲရင်း ဖြစ်တည်လာခဲ့သည့် သမိုင်းအစဉ်အလာကြီးမားသော တပ်မတော်ဖြစ်သည်။
Mar 26, 2025
ဆောင်းပါး
နိုင်ငံတိုင်းတွင် အမျိုးသားနိုင်ငံရေး၊ အမျိုးသားအကျိုးစီးပွား၊ အမျိုးသားရေးတာဝန်များဟူ၍ ကိုယ်ပိုင်လက္ခဏာ၊ ကိုယ်ပိုင်ရပ်တည်မှုကိုယ်စီရှိကြသည်။ နိုင်ငံတစ်နိုင်ငံ အင်အားတောင့်တင်းပြီး ဖွံ့ဖြိုးတိုးတက်သည်ဆိုသည်မှာ ထိုကိုယ်ပိုင်ရပ်တည်ချက်များ တိကျခိုင်မာပြတ်သားခြင်းကြောင့် ဖြစ်ပါသည်။
Mar 25, 2025
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။