May 25, 2022
ကမ္ဘာမြေကြီး၏ပေးစွမ်းမှု (Source and Sink)
May 25, 2022
“ဒါကတော့ ပိုးချည်နဲ့ ရက်လုပ်ထားတဲ့ ထိပ်ခေါင်တင်ကြိုးဒီဇိုင်း အမျိုးအစား ဖြစ်ပါ တယ်”
“ဒါကလည်း ပိုးချည်နဲ့ ရက်လုပ်ထားပြီး ဒီဇိုင်း ပုံစံကတော့ အမျိုးမျိုးပါရှင့်၊ ငါးစင်းမြင့်မိုကြိုး၊ နှစ်စင်းလိမ်ကြိုး၊ နှစ်စင်းခါးစည်း၊ ခြောက်စင်းလိမ်ကြိုး၊ ဆောင်တော်ကူးဂမုန်း စတဲ့ ဒီဇိုင်းတွေ ဖြစ်ပါတယ်”
May 23, 2022
မကြာခင်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေ ဖွင့်ပါတော့မယ်။ တက္ကသိုလ်တန်းတွေကတော့ ဖွင့်နေပါပြီ။ ကျောင်းသားတွေ၊ မိဘတွေအတွက် ဝမ်းသာစရာပါပဲ။ ကျောင်းသားလေးတွေ ကျောင်းတက်နေကြတာကိုမြင်တိုင်း ကြည်နူးမိတာအမှန်ပါ။ ကျောင်းဖွင့်ရာသီဆို မိဘတွေရော၊ ကျောင်းသား ကျောင်းသူတွေရော ပြင်ဆင်ကြရတာ နှစ်စဉ်ပါပဲ။
May 21, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းစီမံခန့်ခွဲမှုလုပ်ငန်း ဆောင်ရွက်ရာ၌ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနှင့် ကာကွယ်ဆေး ဖြန့်ဝေသုံးစွဲမှုများကို ဆန်းစစ်ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းများ ထုတ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိရာတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) သတင်း နည်းပညာဌာန၏ နည်းပညာအထောက်အပံ့ဖြင့် ဆောင်ရွက်သည့် အီလက်ထရောနစ်သတင်းအချက် အလက်စနစ်ဖြစ်သည့် ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Vaccina-tion Management Information System-VMIS) ကို (၂၀၂၁) ခုနှစ်၊ ဇူလိုင်လမှစတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါစနစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများမှ ကာကွယ်ဆေးထိုးနှံပေးသူ တစ်ဦးချင်း၏ ကာကွယ်ဆေး ထိုးခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို စာရင်းသွင်း၍ မှတ်တမ်းတင် ထားရှိပါသည်။
May 20, 2022
မြန်မာစကားမှာ အများမိုးခါးရေသောက်လို့ သောက်တယ်ဆိုတဲ့ စကားရှိပါတယ်။ အဓိပ္ပာယ်ကတော့ သူများလုပ်လို့ လိုက်လုပ်တာကို ဆိုလိုတာတွေ့ရပါတယ်။ စကားပုံအရဆို အများမိုးခါးရေသောက်ရင် မိမိပါသောက်မှ အဆင်ပြေမှာမို့ မိမိကိုယ်တိုင် မနှစ်ခြိုက်ပေမယ့်အများနဲ့ မဆန့်ကျင်အောင် အများနည်းတူလုပ်ရတာလို့ ဆိုပါတယ်။
May 19, 2022
နိုင်ငံတစ်နိုင်ငံ အောင်မြင်ကြီးပွားခြင်း၏ အဓိကကျသောအကြောင်းအချက်တစ်ခုမှာ နိုင်ငံတွင် ပညာရေးကို ဦးစားပေးရင်းနှီးမြှုပ်နှံပြီး လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရန် မဟာဗျူဟာ ချမှတ်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ နိုင်ငံတိုင်း၏ အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော်ရာတွင် အားလုံးလက်ခံထားသည့် အချက်တစ်ခုမှာလည်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကကျသည့်ကဏ္ဍဖြစ်ပါသည်။
May 19, 2022
မိဘတိုင်းက မိမိတို့၏ရင်နှစ်သည်းချာ ရင်သွေးငယ်များကို ပန်းကလေးတွေအဖြစ် တင်စားကြသည်သာ။ အဖိုးထိုက်ဆုံးရတနာအဖြစ်လည်း အမွမ်းတင်ကြသည်။ ပန်းများလို တန်ဖိုးထား၍ အလှဆုံးဖူးပွင့်အောင် ဂရုတစိုက်ပြုစုပျိုးထောင်ပေးကြသည်။ တန်ဖိုးမြင့် ရတနာသဖွယ်သဘောထား၍ မပျောက်ပျက်၊ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပေးကြသည်။
May 18, 2022
ဤဆောင်းပါးကို ရေးရခြင်းမှာ မြန်မာနိုင်ငံသားများ ကုလသမဂ္ဂအကြောင်းကို ယခုထက်ပိုမို သိစေလိုသောကြောင့်ဖြစ်သည်။
May 18, 2022
နှစ်ပေါင်း ၃၀၀ အတွင်း အလှုပ်ခတ်ဆုံးသောအရာကို ပြောပါဟုဆိုပါလျှင် “စွမ်းအင်” ဟု ဖြေပါရစေ။
May 17, 2022
အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (International Council Of Museums) ကို ကမ္ဘာတစ်ဝန်းလုံးရှိ ပြတိုက်များ တစုတစည်းတည်း ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ၁၉၄၆ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သဖြင့် ၂၀၂၁ ခုနှစ်တွင် ၇၅ နှစ်မြောက် စိန်ရတုပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
