Skip to main content
Mar 17, 2022
ဆောင်းပါး
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (PPD) သည် ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် နှစ် (၅၀) ပြည့် (ရွှေရတုသဘင်) သက်တမ်းရှိလာပြီဖြစ်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံတော်အတွက် ပုံနှိပ်လုပ်ငန်းများ စာပေလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းရွက်ခဲ့သည်မှာ ရွှေရတုတိုင်ခဲ့ပြီဖြစ်ပါသည်။ နှစ် (၅၀) ကာလအတွင်း ဖြတ်ကျော်တာဝန်ထမ်းဆောင်ခဲ့ရသည်များကို မှတ်တမ်းတင်ဂုဏ်ပြုရေးသားဖော်ပြလိုပါသည်။
Mar 16, 2022
1
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (PPD) သည် ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် နှစ် (၅၀) ပြည့် (ရွှေရတုသဘင်) သက်တမ်း ရှိလာပြီဖြစ်ပါသည်။ တစ်နည်း အားဖြင့် နိုင်ငံတော်အတွက် ပုံနှိပ်လုပ်ငန်းများ စာပေလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းရွက် ခဲ့သည်မှာ ရွှေရတုတိုင်ခဲ့ပြီဖြစ်ပါသည်။ နှစ် (၅၀) ကာလအတွင်း ဖြတ်ကျော် တာဝန်ထမ်းဆောင်ခဲ့ ရသည်များကို မှတ်တမ်းတင်ဂုဏ်ပြုရေးသားဖော်ပြလိုပါသည်။
Mar 16, 2022
1
အမျိုးသားစာပေတစ်သက်တာဆုရှင် ကဗျာစာဆိုကြီးအံ့မောင်သည် ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာနနှင့် အင်္ဂလိပ်စာဌာနတို့တွင် နည်းပြတစ်ဦးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ၊ ဆင်ဟွာ သတင်းဌာန၌ ဘာသာပြန်သူတစ်ဦးအဖြစ် ဆောင်ရွက်ဖူးသူ၊ မဂ္ဂဇင်းအယ်ဒီတာတာဝန်ကို ထမ်းဆောင်ခဲ့သူ၊ ရှေ့နေ အလုပ်ကို လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။ ဆရာကြီးသည် ဘာသာပြန်ဆောင်းပါးများနှင့် ပုံဝတ္ထုများ စွာကို ရေးသားထုတ်ဝေသူတစ်ဦးဖြစ်သည့်အပြင် ကဗျာများစွာကို စိတ်အားထက်သန်စွာဖြင့် ရေးသား ထုတ်ဝေ ခဲ့သူ တစ်ဦးဖြစ်ပါသည်။
Mar 15, 2022
ကျွန်တော် ကြည်း/သုတေသနဌာနသို့ ရောက်ချိန်တွင် အကြီးအကဲက ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကြီးဖြစ်ပြီး လေတပ်မှဖြစ်ပါသည်။ သူသည် စာအလွန်ဖတ်သူဖြစ်ပြီး အလွန်တော်သည့်အပြင် အလွန်လည်း ကောင်းသူဖြစ်ပါသည်။ မျိုးချစ်ပီသသူ၊ ဖြူစင်သူ ဖြစ်ပါသည်။ နောင်မကြာမီတွင် ဗိုလ်မှူးကြီး၊ ကုန်သွယ်ရေးဝန်ကြီးဖြစ်ပြီး “တစညပါတီ” ၏ အထွေထွေအတွင်းရေးမှူးချုပ်ဘဝဖြင့် အငြိမ်းစားယူခဲ့ပါသည်။
Mar 15, 2022
ယခင်က တစ်ဦးနှင့်တစ်ဦး တွေ့ဆုံရာတွင် နေကောင်းလား၊ ထမင်းစားပြီးပြီလားဟု နှုတ်ဆက် လေ့ရှိပါသည်။ ယခု Omicron ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့နေသည့်ကာလတွင် လူနှစ်ဦးတွေ့သည်နှင့် မေးလေ့ရှိသည်မှာ “ဖျားပြီးပြီလား” ဟု မေးရသည် အထိ Omicron ကိုဗစ်-၁၉ ရောဂါမှာ ကူးစက်မှု မြန်လှကြောင်း တွေ့ရှိရပါသည်။ Omicron ကိုဗစ်၁၉ ရောဂါမျိုးကွဲဇဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှစ၍ တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးမှတစ်ဆင့် မျိုးရိုးဗီဇပြောင်းလဲဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ယခုအချိန်ထိဆိုလျှင် အချိန်ကာလအားဖြင့် နှစ်နှစ်နှင့် သုံးလနီးပါး ကြာမြင့်ပြီဖြစ်သော်လည်း ယခုချိန်ထိ ကိုဗစ်-၁၉ ရောဂါအား ကမ္ဘာပေါ်မှ လုံးဝပျောက်ကွယ်သွားအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။ ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်၏မျိုးကွဲများ ထပ်မံပေါ်ထွက်လာမှု၊ ကာကွယ်ဆေးများ ထပ်မံထိုးနှံလာ နိုင်မှုတို့နှင့် ယခုမျက်မှောက်ကမ္ဘာကြီးသည် ကိုဗစ်-၁၉ရောဂါနှင့် အတူယှဉ်တွဲနေထိုင်ရေးလမ်းကြောင်းသို့ ပြောင်းလဲလာကြောင်း တွေ့ရှိရသည်။
Mar 15, 2022
၂၀၂၂ ခုနှစ် (၇၇) နှစ်မြောက် တပ်မတော်နေ့။ လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်ကာလ၊ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့၌ စတင်ဆင်နွှဲခဲ့သော တော်လှန်ရေးကြီးတွင် ပြည်သူနှင့် တပ်မတော်တို့ တစ်သွေးတည်း တစ်သားတည်း ပူးပေါင်းလက်တွဲ၍ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ရာ နယ်ချဲ့ဖက်ဆစ်တို့ လက်နက်ချအရှုံးပေးပြီး မြန်မာ့မြေပေါ်မှ အပြီးတိုင် ထွက်ခွာသွားခဲ့ရပါသည်။ နယ်ချဲ့ ဖက်ဆစ်တို့အပေါ် အနိုင်ယူအောင်ပွဲဆင်နိုင်ခဲ့မှုမှာ မြန်မာ့သမိုင်းတွင် မမေ့နိုင်ဖွယ်ရာ သမိုင်းမှတ်တိုင်အဖြစ် မော်ကွန်း ရေးထိုးထားပြီးထိုနေ့ထိုရက်ကို အထူးဂုဏ်ပြုသောအားဖြင့် တပ်မတော်နေ့(တော်လှန်ရေးနေ့ အဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိပါသည်။
Mar 14, 2022
ဆောင်းပါး
ယခု ၂၀၂၂ ခုနှစ် လွတ်လပ်ရေးနေ့တွင် ရဲဘော်ရဲဘက်တစ်ဦးဖြစ်ခဲ့ဖူးသူ ကိုအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၏ လွတ်လပ်ရေးနေ့ဂုဏ်ပြုကဗျာကိုကြေးမုံ သတင်းစာတွင် ဖတ်လိုက်ရပြီး နောက် မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့် တပ်မတော်နေ့ကို ဂုဏ်ပြုဆောင်းပါးလေးဖြင့် ကြိုဆိုရန် ဆန္ဒပေါ်ပေါက်လာ၍ ဤဖြစ်ရပ်မှန်လေးကို ရေးသားလိုက်ရပါသည်။
Mar 14, 2022
ရောစပ်အချိုးကျကိုယ်စားပြုစနစ် (Mixed Member Proportional - MMP) ကို အသုံးပြုသည်။ ထို့အတွက်ကြောင့် မဲဆန္ဒရှင်တိုင်းသည် ကိုယ်စားလှယ်တစ်ဦးချင်းစီအတွက် ဆန္ဒပြု ရွေးချယ်ပေးပြီး ဆန္ဒမဲစုစုပေါင်း ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်ရရှိသော ကိုယ်စားလှယ်လောင်း များသည် ရွေးကောက်တင်မြှောက်ခံရသည်။ ရွေးကောက် တင်မြှောက်ခံရခြင်း မရှိသေးသည့် ကိုယ်စားလှယ်လောင်းများရရှိထားသော ဆန္ဒမဲများကို အချိုးကျကိုယ်စားပြုစနစ်အသုံးပြု၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက် တွက်ချက်သည်။ ကျန်ရှိနေသည့်ကိုယ်စားလှယ် နေရာများကို နိုင်ငံရေးပါတီများအကြား ၎င်းတို့ရရှိသည့် ဆန္ဒမဲအရေအတွက် အချိုးအစားပေါ်တွင် မူတည်၍ ခွဲဝေပေးသည်။
Mar 13, 2022
01
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းခြောက်သွေ့ဇုန်၏ ဗဟိုချက်မသည် မကွေးတိုင်းဒေသကြီး ဖြစ်သည်။ မကွေးတိုင်းဒေသကြီး၏ မြောက်ဘက်တွင် ချင်းတောင်တန်း၊ အနောက်ဘက်တွင် ရခိုင်ရိုးမ၊ တောင်ဘက်တွင် ပဲခူးရိုးမတို့ရှိသဖြင့် ယင်းတို့နှင့် နီးစပ်ရာ အစွန်အဖျားဒေသများတွင် ပျမ်းမျှမိုးရေချိန် လက်မ ၄၀ ခန့် ရွာသွန်းသော်လည်း ကျန်အလယ်ပိုင်းဒေသများတွင် ပျမ်းမျှမိုးရေချိန် ၁၂ လက်မခန့်သာရှိသည့် အတွက် မိုးရေကို တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ အားထား၍ မရပေ။
Mar 13, 2022
01
နေကြာသီးနှံသည် ကမ္ဘာ့စားသုံးဆီ အများဆုံးထုတ်လုပ်နိုင်သော သီးနှံများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ နေကြာ၏ မူရင်းဒေသသည် မြောက်အမေရိကတိုက်ဖြစ်သည်။ နေကြာပင်သည် စုပေါင်းမျိုးရင်း Asteraceae တွင်ပါဝင်ပြီး ကမ္ဘာအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ နေကြာကို အင်္ဂလိပ်အမည် Sunflower ခေါ်ပြီး လက်ရှိစိုက်ပျိုးနေသော Helianthus Annuus မျိုးစိတ်ဖြစ်သည်။ Helius ဂရိဘာသာစကားဖြင့် နေဟုအဓိပ္ပာယ်ရပြီး Anthos သည် ပန်းဟုအဓိပ္ပာယ်ရသည်။ နေကြာဟုအမည်တွင်ခြင်းမှာ နေသွားရာ လမ်းအတိုင်းလှည့်ပတ်သည့် သတ္တိ Heliotropism ရှိခြင်းကြောင့်ဖြစ်သည်။