Skip to main content
Sep 08, 2021
ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးတစ်ခုလုံး ကိုဗစ်- ၁၉ ကူးစက်ရောဂါ ပြန့်ပွားလျက်ရှိသည်။ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးစသည့် ကဏ္ဍပေါင်းစုံတွင် နစ်နာမှုများနှင့် ရင်ဆိုင်နေကြရသည်။ ကူးစက်ရောဂါကြောင့် ကမ္ဘာအနှံ့ စာသင်ကျောင်းများနှင့် အခြားပညာသင်ယူခွင့် ရသည့်နေရာများ ပိတ်ထားခဲ့ရပြီး နိုင်ငံပေါင်း ၁၉၀ ကျော်က ပညာသင်ယူနေသူ စုစုပေါင်း ၁ ဒသမ ၆ ဘီလီယံနီးပါးနှင့် အခြေခံပညာ ဆရာ ဆရာမ ၆ ဒသမ ၃ သန်းခန့်အပေါ် သက်ရောက်မှုများရှိခဲ့ပါသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးသော ပညာသင်ယူရေးဆုံးရှုံးမှု၊ ပြတ်တောက်မှုကြီးကို ဖြစ်ပေါ်စေခဲ့ကြောင်း ကုလသမဂ္ဂနှင့်ကမ္ဘာ့ပညာရေးအဖွဲ့များ၏ ဆန်းစစ်ချက်များတွင် ဖော်ပြထားပါသည်။ ၎င်းသက်ရောက်မှုကို အလျင်အမြန် တုံ့ပြန်ကုစားနိုင်မှသာ အနာဂတ်မျိုးဆက်သစ်များအပေါ် ဆယ်စုနှစ်ကျော် တိုးတက်မှုများပျောက်ဆုံးနိုင်သည့် ခြိမ်းခြောက်မှုကို ဖြေရှင်း နိုင်မည်ဖြစ်သည်။
Sep 07, 2021
သူတော်ကောင်းတို့ မွေ့လျော်ရာ စစ်ကိုင်းတောင်ရိုး၏ နေဝင်ရီသရောအချိန်။ နေမင်းကြီးသည် လောကဓာတ်ကို တစ်နေ့တာအလင်းဓာတ်တို့ဖြန့်ဝေပေးပြီး နောက် ခေတ္တအနားယူခါစ၊ တစ်ဆက်တည်းမှာပင် လောကသားတို့ ချမ်းမြသာယာစေဖို့ သီတဂူစန်းလကလည်း ထွက်ပေါ်စအချိန်။
Sep 07, 2021
“ပုစွန်ဆိတ်ကလေးဘယ်လိုငယ်၊ ပင်လယ်ကူးတတ်တယ်” တဲ့။ ကိုယ်ခန္ဓာသေးသေးမွှားမွှား ကလေးဖြစ်ပေမယ့် ဒီပုစွန် ဆိတ်ကလေးတွေကတဝေါဝေါတဝုန်းဝုန်းနဲ့ လှိုင်းလုံးကြီးတွေရိုက်ခတ်နေတဲ့ ပင်လယ်ပြင် ကျယ်ကြီး ထဲမှာ လက်ပစ်ကူးနိုင်ကြသတဲ့။
Sep 06, 2021
ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Sep 06, 2021
နေ့စဉ်တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာနေထိုင်ရင်း နည်းပညာခေတ်ရောက်လာတာနဲ့အမျှ စိတ်ပျံ့လွင့်စရာ၊ အာရုံစူးစိုက်ရမယ့် အရာတွေက များပြားလာ ပါတယ်။ ဘဝမှာ အခက်အခဲတွေ ကလည်း စိန်ခေါ်မှုအသွင်နဲ့ ရှိနေပါတယ်။ ပြဿနာတွေရဲ့ အဖြေတွေ၊ ဘဝတိုးတက်အောင်မြင်ရေး နည်းလမ်းတွေကို ဘယ်မှာရှာကြမလဲ။
Sep 06, 2021
ဒစ်ဂျစ်တယ်ကွာဟမှုကို လျှော့ချလို့ စာတတ်မြောက်ရေးဖြင့် လူသားဗဟိုပြု ပြန်လည်ထူထောင်စို့
အလိမ္မာစာမှာရှိဆိုသကဲ့သို့ စာတတ်မှသာလျှင် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားသုံးသပ် ဆုံးဖြတ်နိုင်စွမ်းရှိမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် စာတတ်မြောက်မှုဆိုသော အယူအဆသဘောတရားသည် ကျယ်ပြန့်လာပြီဖြစ်သည်။
Sep 06, 2021
နိုင်ငံတကာစာတတ်မြောက်ရေးနေ့
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (The United Nations Educational, Scientific and Cultural Organization - UNESCO) ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် (၁၄) ကြိမ်မြောက် UNESCO ညီလာခံ၌ နှစ်စဉ်စက်တင်ဘာလ ၈ ရက်နေ့ကို နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ (International Literacy Day) အဖြစ်သတ်မှတ်ကြေညာခဲ့သည်။ UNESCO အဆိုအရကမ္ဘာ့လူဦးရေ ၇၈၁ သန်းခန့်သည် အခြေခံစာကိုပင် ရေးနိုင်၊ ဖတ်နိုင်စွမ်းမရှိသေးဟု ဆိုသည်။ တောင်အာရှနှင့် အနောက်အာရှ “ဒေသတွင် အရွယ်ရောက်သူ စာတတ်မြောက်မှုနှုန်းသည် အနိမ့်ဆုံးဖြစ်ပြီး ပြည်သူ ၅၈ ဒသမ ၆ ရာခိုင် နှုန်းသာ စာတတ်ကြသည်။ ။
Sep 05, 2021
ယခုရက်ပိုင်းအတွင်း ပြီးခဲ့တဲ့ ငါးနှစ်တာ အစိုးရခေတ်ကာလအတွင်းက တာဝန်ရှိသူအချို့နဲ့ ဝန်ကလေး၊ ဝန်ကြီးအချို့ရဲ့ အဂတိလိုက်စားခဲ့မှုတွေအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ကော်မရှင်က အမှုဖွင့်အရေးယူမှုသတင်းတွေ ဆက်တိုက်နီးပါး မြင်ရကြားရချိန်မှာ စိတ်လက်မချမ်းမသာဖြစ်ရတယ်။ တစ်ခေတ်တစ်ခါက အဂတိကင်းစင်ငွေစာရင်းမင်းကြီး ဦးဘခင်အကြောင်းကို ဓမ္မာစရိယ ဦးဌေးလှိုင်ရဲ့ ဓမ္မဒူတစာအုပ်မှာ လေ့လာဖတ်ရှုလိုက်ရတော့မှ စိတ်လက်အတော် ပေါ့ပါးသက်သာရာရခဲ့ကြောင်းပါဗျာ။
Sep 05, 2021
မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီး အသက် ၂၅ နှစ်ပြည့်ပြီးသည့် ကာဇက်စတန်နိုင်ငံအတွင်း လွန်ခဲ့သည့် ၁၀ နှစ် အတွင်းနေထိုင်သော နိုင်ငံသားများသည် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ တရားရုံး၏ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသောသူများအား ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုပါ။ ထို့အပြင် လွှတ်တော်ပြင်ပ၌ လစာဖြင့်တာဝန်ထမ်း ဆောင်နေသူများ၊ အခြားလွှတ်တော်တစ်ရပ်ရပ်တွင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူများ၊ စာပေသင်ကြားပို့ချခြင်း၊ သုတေသနပြုခြင်းနှင့် အခြားတီထွင်ဖန်တီးမှု လုပ်နေသူများမှ အပစွန့်ဦးတီထွင် စီးပွားရေးသမားများ သို့မဟုတ် လစာ ၂ ဖြင့် အလုပ်လုပ်ကိုင်နေသူများ၊ စီးပွားရေးရာ အဖွဲ့အစည်းတစ်ခုခုတွင် စီမံခန့်ခွဲရေးအဆင့်အဖွဲ့ဝင် သို့မဟုတ် စီမံအုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသူများလည်း ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ် ပြိုင်ခွင့်မရှိပါ။