May 14, 2019

ချင်းတောင်ဆိုသော အမည်ကို ခဏခဏကြားခဲ့ရတုန်းက မြန်မာနိုင်ငံ ချင်းပြည်နယ်ကို ပြောကြတာ ဖြစ်မည်ဟု ထင်ခဲ့သည်။ ကျွန်တော်တို့ ငယ်ငယ် တုန်းက ချင်းပြည်နယ်သွားမည်ဆိုလျှင် ချင်းတောင် သွားဦးမလို့ဟု ပြောလေ့ ပြောထရှိခဲ့ ကြသည်ကို သတိရမိ၍ဖြစ်သည်။ တစ်ရက်မှာ အလုပ်ထဲမှ မိတ်ဆွေက “ခင်ဗျား ချင်းတောင်လိုက်ရ မယ်”ဟု ထပ်ပြောပြန်သည်။ လာပြန်ပြီ ချင်းတောင်။ သေသေချာချာ မေးကြည့်မှ မြန်မာပြည်က ချင်းတောင် မဟုတ်ဘဲ တရုတ်နိုင်ငံမှ ချင်းတောင်မြို့ ဖြစ်နေသည်။