Nov 16, 2020
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ညှိနှိုင်းဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ သတင်းစာတွင် အလျဉ်းသင့်သလို ရေးသားဖော်ပြမှုများရှိခဲ့သလို ပြည်ထောင်စုလွှတ်တော်တွင်လည်း လွှတ်တော်ကိုယ်စားလှယ် များအား ရှင်းလင်းတင်ပြမှုများ ရှိခဲ့ပါသည်။ ယခုအခါ အဆိုပါ သဘောတူစာချုပ်အား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် (၄) ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဝန်ကြီးများက နိုင်ငံ့ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။ RCEP စာချုပ်နှင့်စပ်လျဉ်း၍ အစိုးရဌာနများ၊ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များအတွက် သိသင့်သိထိုက်သည်များကို သိရှိစေရန် ရည်ရွယ်၍ ရေးသားဖော်ပြလိုက်ပါသည်။
Nov 15, 2020
အားလုံးက ပူးပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့် အခုရွေးကောက်ပွဲကြီးက ချောမောအောင်မြင်စွာ ပြီးစီးခဲ့တာဖြစ်တယ်
Nov 15, 2020
“ရန်ကုန်တက္ကသိုလ်” ဟု ကြားလိုက်သည်နှင့် လူတိုင်း ရင်ထဲတွင် ကြည်နူးသွားစေပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးတက္ကသိုလ်အဖြစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၁ ရက်နေ့တွင် ပေါ်ထွန်းလာခဲ့သော ရန်ကုန် တက္ကသိုလ်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် နေ့တွင် နှစ် ၁၀၀ ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ခရီးတွင် ပါဝင်ခွင့် ရခဲ့သည့် မိမိ၏ဘဝခရီးအတွက် ဝမ်းမြောက်နှစ်သက် ခဲ့ရပါသည်။
Nov 08, 2020
ကျွန်မတို့တစ်တွေ ကမ္ဘာနဲ့တစ်ဝန်း လူပေါင်းများစွာရဲ့ အသက်ပေါင်းများစွာကို ထိခိုက်ဖျက်ဆီး ခဲ့တဲ့အပြင် စိုးရိမ်ကြောင့်ကြ ဒုက္ခများစွာခံစားရစေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ခုခံတွန်းလှန် နိုင်ဖို့အတွက် ကာကွယ် ဆေးကို အမျှော်လင့်ကြီး မျှော်လင့်နေကြရပါတယ်။
Nov 08, 2020
အောက်တိုဘာ ၃၁ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ဒေါက်တာဦးသန်းဦးက “ရန်ကုန် တက္ကသိုလ်နေ ကျောင်းသား ဘဝ”ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားခဲ့ရာတွင် “အချုပ်အားဖြင့် စာရေးသူအနေဖြင့် တင်ပြဆွေးနွေးလိုသည်မှာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ စသည့် ကျောင်းသား ဘဝတွင် စာသင်သားဘဝသက်သက်ဖြင့် ပြည့်စုံလုံလောက်မှု မရှိပါ၊ အဆောင်နေဘဝပါ တစ်ပါတည်း ထည့်သွင်းပါဝင်မှုပြုပါမှ ပြည့်စုံသောဘဝကို မုချရရှိကြရလိမ့်မည်ဖြစ်ပါသည်”ဟု ရေးသားထားသည်ကို တွေ့ရပါသည်။
Nov 08, 2020
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဆိုတာ ရန်ကုန်တက္ကသိုလ်ဝင်းထဲကို အဓိပတိ လမ်းအတိုင်း ဝင်လာရင် ဘွဲ့နှင်းသဘင်ခန်းမ မရောက်ခင် လမ်းရဲ့ ညာဘက် သစ်ပုပ်ပင်ကြီးရဲ့ မလှမ်းမကမ်းမှာရှိတဲ့ ပညာပေါင်းစုံသိုမှီးရာ အထင်ကရနေရာတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ဆက်နွှယ်ပြီး ပညာရှာမှီးသူတွေဟာ ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်ကို အကြိမ်ကြိမ်အခါခါ ရောက်ရှိခဲ့ကြတာဖြစ်ပေမဲ့ ဒီအဆောက်အအုံထဲမှာ ပုဂံခေတ် ကျန်စစ်သားမင်းကြီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်း အမွေအနှစ်စစ်စစ်တစ်ခုရှိတယ်ဆိုတာ သိတဲ့သူ သိပ်များများစားစား မရှိလှပါဘူး။
Nov 06, 2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၄၅)
Nov 06, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Nov 06, 2020
တစ်နေ့သော ညနေချမ်းတွင် မိုးသည် သဲသဲမဲမဲရွာနေ၏။ မိုးရာသီပဲ ရွာမှာပေါ့ဟု အားပေးသူများလည်း ရှိကြသည်။ မိုးသည် လယ်သမားများအတွက် အားဆေးတစ်ခွက် ဖြစ်မည်။ ကျွန်တော်တို့လို အဓိပတိလမ်းမပေါ် လမ်းလျှောက်လိုသူများအတွက် အဖျက်သမားဖြစ်မည်။ လမ်းဘေးဈေးသည် များအဖို့ မဟာရန်သူမည်၏။ မိုးခေါင်ရေရှား စိုက်ပျိုးရေးသမားများအတွက် အနဂ္ဃရတနာထိုက်မည်။ ထိုစဉ် ခိုင်ထူးသီချင်းထဲက “မှောင်မိုက်ခြင်းရဲ့အဓိပ္ပာယ် အလင်းတန်းတွေ့တဲ့အခါ သိလိမ့်မယ်”ဆိုသည့် သီချင်းပိုဒ်ကလေးကို အကြိမ်ကြိမ် ရွတ်ဆိုမိခဲ့သည်။ မှန်ပါပေ၏။ အခုလည်း အချို့က မိုးကို အပြစ်တင်ကြ၊ မုန်းတီးကြ၊ အားပေးကြနှင့် အရောင်အသွေး စုံလှ၏။ အကယ်၍ မိုးသာမရွာဘဲ ကြာနေပါက တမ်းတကြမည်။ ကျွန်တော်လည်း ရှေ့ဆုံးကပါ ပါလိမ့်မည်။
Nov 05, 2020
သီပေါမင်းလက်ထက်က အထက်မြန်မာနိုင်ငံတွင် လျှပ်စစ်မီးစက်တစ်ခုကို တည်ထောင်ခဲ့သည်။ အောက်မြန်မာနိုင်ငံတွင်မူ ၁၈၇၀ ပြည့်နှစ်ဝန်းကျင်ကပင် ရန်ကုန်မြို့ရှိ ဥရောပတိုက်သားပိုင် ဆန်စက်ကြီး လေးလုံးတွင် လျှပ်စစ်မီးများ ထွန်းလင်းနိုင်ခဲ့ကြပြီဖြစ်ရာ ရေနွေးငွေ့သုံး ကိုယ်ပိုင် လျှပ်စစ်ဓာတ် အားပေးစက်များဖြင့် ထွန်းလင်းစေခဲ့ခြင်းဖြစ်သည်။ အများပြည်သူသုံး နေအိမ် လျှပ်စစ်မီး ထွန်းရန်အတွက် လျှပ်စစ်ဓာတ်အားကို ၁၉၀၅ ခုနှစ်ခန့်က ရန်ကုန်မြို့တွင် စတင်ရရှိခဲ့သည်။ ထိုနှစ်က ဖွဲ့စည်းတည်ထောင်သော Rangoon Electric Tramway and Supply Company Ltd. က ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခဲ့သည်။
