Feb 12, 2021
ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော နေ့တစ်နေ့ဖြစ်သည်။ ထိုနေ့ထူးနေ့မြတ်ကြီးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အုတ်မြစ်ချပေးလိုက်သော နေ့တစ်နေ့လည်း ဖြစ်သည်။ ဗြိတိသျှ ကိုလိုနီနယ်ပယ်မှာ ဖြစ်ခဲ့ရသော နိုင်ငံအများအပြားတို့သည် ဒုတိယကမ္ဘာစစ်ပြီးနောက် အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာကာ နယ်ချဲ့စနစ်ဖိနှိပ်မှုအားရုန်းကန် တွန်းလှန်ခဲ့ကြသည့်နိုင်ငံများတွင် မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုမှာ ထိပ်ဆုံးမှ ဖြစ်သည်။
Feb 12, 2021
“သမဂ္ဂါနံ တပေါ သုခေါ “ညီညွတ်ခြင်း သည် ချမ်းသာကြောင်း အကျင့်ကောင်းဖြစ် သည်။” ဟူသော “ဓမ္မပဒ ဗုဒ္ဓဝင်္ဂလာ” မြတ်စွာ ဘုရားဟောကြားတော်မူသော ဒေသနာတော် အရ လောက၌ ညီညွတ်ခြင်းသည် အရေးကြီး ကြောင်း ထင်ရှားလှပေသည်။
Feb 11, 2021
လူသားတို့၏ခန္ဓာကိုယ်တည်ဆောက်ပုံသည် အလွန်ပင်ဆန်းကြယ်သည်။ မြတ်ဗုဒ္ဓ၏မိန့်တော်မူချက်အရ လူတစ်ယောက်ချင်းစီကို ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ဖြင့် မောင်းနှင်နေကြခြင်းဟု ဆိုရမည်။ သိပ္ပံနည်းကျအရမူလည်း အသက်ရှင် ရပ်တည်နေသည့် လူသားတစ်ဦးထံတွင် ဇီဝယန္တရား၏ အလုပ်လုပ်ပုံကို ကမ္ဘာ့သုတေသီများက လေ့လာခဲ့ကြရာ အံ့သြဖွယ်ရာကောင်းလောက်အောင်ပင် တိတိကျကျအလုပ်လုပ်နေကြသည်ကို တွေ့ခဲ့ကြရသည်။ ယင်းကို circadian rhythm ဟုခေါ်ကြသည်။ မြန်မာမှုပြုရလျှင်တော့ ဇီဝနာရီ နရီစည်းချက်ဟု ဆိုရမည်ပင်။ ဇီဝနာရီသည် လူတစ်ယောက်၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာစနစ်များကို ညှိနှိုင်းကာ တိတိကျကျအလုပ်လုပ်သည်။ အစာခြေစနစ်သည် အစာစားချိန် နှင့်ကိုက်ညှိပြီး ပရိုတိန်းများထုတ်လုပ်ဖို့ ပြင်ဆင်ပေးသည်။ ဇီဝနာရီတိတိကျကျ အလုပ်မလုပ်နိုင်ပါက ထိုလူသား ပျက်စီးကိန်းကြုံရတော့မည်ပင်ဖြစ်ပါသည်။
Feb 11, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (Myanma Radio and Television-MRTV) ဟာ လာမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ (၇၅)နှစ်မြောက် စိန်ရတုမှတ်တိုင်ကို ခန့်ထည်စွာ စိုက်ထူနိုင်တော့မှာ ဖြစ်ပါတယ်။
Feb 11, 2021
ရုပ်ချောသည့်လူနှင့် အပြောကောင်းသည့်လူ ထိုသူနှစ်ဦးစလုံးက ခင်မင်နှစ်သက်စရာ ကောင်းကြပါသည်။ ရုပ်ချောသူနှင့် အပြောကောင်းသူ ယှဉ်လာလျှင် အများအပြားသောလူတို့က မည်သူ့ကို ပိုမိုစွဲလမ်းကြ သနည်း။ အချို့က ရုပ်ချောသူသာလိမ့်မည်ဟု ထင်ကြသည်။
Feb 11, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (Myanma Radio and Television-MRTV) ဟာ လာမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ (၇၅)နှစ်မြောက် စိန်ရတုမှတ်တိုင်ကို ခန့်ထည်စွာ စိုက်ထူနိုင်တော့မှာ ဖြစ်ပါတယ်။
Feb 10, 2021
ပြီးခဲ့သည့် ဆယ်နှစ်ခန့်က ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ပြန်ပြောင်းလေ့လာ အကဲခတ်လိုက်လျှင် လွန်စွာစိတ်ကျေနပ် ဝမ်းမြောက်ဖွယ် ကောင်းသည့် သမိုင်းဖြစ်ရပ်တို့ ပေါ်ပေါက်ခဲ့ကြသည်ကို မည်သူမျှ ငြင်းပယ်၍ မရ နိုင်ပေ။
Feb 10, 2021
ပြီးခဲ့တဲ့ ဇန်နဝါရီနောက်ဆုံးအပတ်က တစ်ညမှာမြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ကနေ တေးပြုစာဆို အဆိုတော် ရုပ်ရှင်မင်းသား တွံတေးသိန်းတန်ရဲ့ ပုံရိပ်နဲ့အတူ သီချင်းတွေကိုပါ ထုတ်လွှင့်ပေးလိုက်လို့ ကိုယ်နှစ်သက်ခဲ့ရသူကို အလွမ်းပြေသလိုရှိသွားကာ ငယ်ဘဝကို သတိရလိုက်မိပါတယ်။
Feb 10, 2021
လူသားတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံသည် အလွန်ပင်ဆန်းကြယ်သည်။ မြတ်ဗုဒ္ဓ၏ မိန့်တော်မူချက်အရ လူတစ်ယောက်ချင်းစီကို ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ဖြင့် မောင်းနှင်နေကြခြင်းဟု ဆိုရမည်။ သိပ္ပံနည်းကျအရမူလည်း အသက်ရှင် ရပ်တည်နေသည့် လူသားတစ်ဦးထံတွင် ဇီဝယန္တရား၏ အလုပ်လုပ်ပုံကို ကမ္ဘာ့သုတေသီများက လေ့လာခဲ့ကြရာ အံ့ဩဖွယ်ရာကောင်းလောက်အောင်ပင် တိတိကျကျအလုပ်လုပ်နေကြတာကို တွေ့ခဲ့ကြရသည်။ ယင်းကို circadian hythm ဟုခေါ်ကြသည်။ မြန်မာမှုပြုရလျှင်တော့ ဇီဝနာရီ နရီစည်းချက်ဟု ဆိုရမည်ပင်။ ဇီဝနာရီသည် လူတစ်ယောက်၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာစနစ်များကို ညှိနှိုင်းကာ တိတိကျကျအလုပ်လုပ်သည်။ အစာခြေစနစ်သည် အစာစားချိန် နှင့်ကိုက်ညှိပြီး ပရိုတိန်းများထုတ်လုပ်ဖို့ပြင်ဆင်ပေးသည်။ ဇီဝနာရီတိတိကျကျ အလုပ်မလုပ်နိုင်ပါက ထိုလူသား ပျက်စီးကိန်းကြုံရတော့မည်ပင်ဖြစ်ပါသည်။
Feb 05, 2021
မြန်မာ့အသံနှင့် မိမိသည် မွေးသက္ကရာဇ်ချင်း တူညီကြ၏။ ထို့ကြောင့် အသက်ချင်းလည်း တူညီကြသည်။ မိမိ အသက် ၇၅ နှစ်ရှိလာချိန်တွင် မြန်မာ့အသံကလည်း စိန်ရတုနှစ်သို့ ရောက်ပြီဖြစ်၏။ မိမိတို့ ငယ်ငယ်တုန်းက အိမ်တွင် နေ့စဉ်နားထောင်ခဲ့ရသည်ကတော့ ရေဒီယို ဖြစ်သည်။ အခြားဖျော်ဖြေမှုပစ္စည်းဟူ၍ ဓာတ်စက် တစ်လုံးရှိသော်လည်း တစ်ပတ်လျှင် တစ်ကြိမ်လောက် သာနားထောင်ဖြစ်ကြ၏။ ရေဒီယိုသံကို နေ့စဉ်ကြားနေရသော်လည်း ထိုအသံ ဘယ်ကလာမှန်းမသိခဲ့ရ။ အလယ် တန်းကျောင်းသားဘဝဖြင့် ရန်ကုန်၌ ကျောင်းလာနေသည့် အခါတွင်မှ ရေဒီယိုအသံ၏ မူလဇာစ်မြစ်နေရာကို သိရှိရတော့၏။ အသံလွှင့်ရုံဆိုသော အဆောက်အအုံကြီးကိုလည်း အပြင်ဘက်မှ စတင်မြင်ဖူးခဲ့ရ၏။
