Oct 29, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Vladimir Lvovich kasatonov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအား ရုရှားစစ်ရေယာဉ် Gremyashiy ပေါ်၌ လက်ခံတွေ့ဆုံသည်။
Oct 25, 2021
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
Oct 24, 2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထား ပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင် တော်အပိုင်း(၁)အား တည်ထားပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာ မဏ္ဍပ်တော်၌ ကျင်းပပြုလုပ်သည်။
Oct 19, 2021
ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသားမိဘပြည်သူများခင်ဗျာ မကြာခင်ရောက်ရှိ လာတော့မယ့် သီတင်းကျွတ်အခါသမယမှာ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံ ပါစေကြောင်းနှုတ်ခွန်းဆက်သ မေတ္တာပို့သအပ်ပါတယ်၊ ကျွန်တော်တို့မြန်မာတို့ရဲ့ယဉ်ကျေးမှု ထုံးတမ်း စဉ်လာမှာတော့ နှစ်သစ်ကူးသင်္ကြန်အခါ သမယနဲ့ သီတင်းကျွတ်ပွဲတို့ဟာ အထွဋ်အမြတ်ထားတဲ့ ပွဲများဖြစ်ပါတယ်၊ ကိုဗစ် ကာလမှာ အကြပ်အတည်းများ ရှိနေတဲ့အတွက်ကြောင့် ဒီပွဲအခမ်းအနားတွေကို မလုပ် ဆောင်နိုင်သော်လည်းဘဲ ကျွန်တော်တို့အနေနဲ့ ဒီအခမ်းအနားတွေကို အလေးအနက် ထားပါကြောင်း ပြောကြားလိုတယ်၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာပြုလုပ်ခဲ့ တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲမသမာမှုတွေကြီးမားစွာ ဖြစ်ပွားခဲ့ တာ မိဘပြည်သူများသိရှိပြီးဖြစ်ပါတယ်၊ ရွေးကောက်ပွဲမှာဖြစ်ပွားခဲ့တဲ့ ရှက်ဖွယ်ရာ ကောင်း တဲ့မရိုးသားမှုများဟာ တိုင်းပြည်အတွက် အရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်စဉ် များဖြစ်ပါတယ်၊ ဒါကိုကျွန်တော်တို့ သင်ခန်းစာယူပြီးတော့မှ နောင်မှာဒီလိုမဖြစ် အောင် ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်၊ ဒီမဲမသမာမှုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို စိစစ်တဲ့အခါမှာ ပြည်သူပြည်သား အားလုံးထိခိုက်တာ တွေရော နိုင်ငံတော်အပေါ်မှာထိခိုက်တာတွေရော ဖော်ထုတ်တွေ့ရှိရပါတယ်၊ ဒါကြောင့် တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီဆက်လက်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း ကျွန်တော်ပြောကြားလိုပါတယ်။
Oct 09, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မှော်ဘီ တပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ပြုလုပ်သည့် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈)စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက် စိစစ် ရွေးချယ်သည်။
Oct 08, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ အမှတ်(၃)သံမဏိစက်ရုံ(ရွာမ)နှင့် ဆေးဝါးစက်ရုံ(အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးစက်ရုံ တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Oct 07, 2021
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ Mother Industrial Co.,Ltd. စက်ရုံသို့ သွားရောက်လေ့လာကြည့်ရှုသည်။
Oct 07, 2021
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံး၊ ရန်ကုန် မြို့တော်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
Oct 07, 2021
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းနှင့် တာမွေမြို့နယ်ရှိ ကျိုက္ကဆံ အားကစားကွင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 07, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီအဝိုင်းအနီး ပြည်လမ်းမကြီးတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။