Dec 19, 2023
ဘူမိဥယျာဉ် (Geopark) ဆိုသည်မှာ ဘူမိအမွေအနှစ်များ၊ ဇီဝမျိုးစုံ မျိုးကွဲများ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ လူနေမှုဓလေ့ ထုံးစံများ၊ ဒေသထွက်ကုန်များ၊ ရေမြေတောတောင် သဘာဝအလှနှင့် ဒြပ်မဲ့တန်ဖိုးများကို စနစ်တကျထိန်းသိမ်းပြီး ပညာပေးရေးနှင့် သုတေ သနလုပ်ငန်းများ၊ ဒေသခံပြည်သူများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ စီမံအုပ်ချုပ်လျက်ရှိသော ဒေသတစ်ခုဖြစ်ပါသည်။ ဘူမိဆိုင်ရာ ထူးခြားသောပြကွက်များအပြင် အပန်းဖြေရေး၊ ဖျော်ဖြေရေး၊ စားသောက်နေထိုင်ရေး၊ လူမှုဆက်ဆံရေးနှင့် ပညာရပ် ဆိုင်ရာများကို လေ့လာဖြန့်ဖြူးသောနေရာလည်း ဖြစ်ပါသည်။
Dec 19, 2023
ပြီးခဲ့တဲ့ရက်တွေတုန်းက စက်သုံးဆီတွေပြတ်လပ်တော့မယ်၊ ဈေးတွေမတန်တဆတက်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့အတူ စက်သုံးဆီအရောင်းဆိုင်တွေမှာ မော်တော်ယာဉ်တွေ အလုအယက်နဲ့ တိုးမပေါက်အောင် စည်ကားလိုက်တာဖြစ်ခြင်း။
Dec 18, 2023
လူသားများသည် ဂီတကို ဖန်တီးနိုင်စွမ်းနှင့် ခံစားနိုင်စွမ်းရှိကြပါသည်။ တေးဂီတနှင့်ပတ်သက်ပြီး အများလက်ခံထားကြသည့်အချက်ကတော့ ဂီတသံကို ကြားချိန်မှာ ဦးနှောက်မှ ဒိုပါမင်းဟုခေါ်သည့် ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်သည်။ အဆိုပါဓာတ်သည် လူသားများ၏ စိတ်အပေါ် အကျိုးသက်ရောက်မှုရှိပါသည်။
Dec 18, 2023
ဘူမိဥယျာဉ် (Geopark) ဆိုသည်မှာ ဘူမိအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ လူနေမှုဓလေ့ထုံးစံများ၊ ဒေသထွက်ကုန်များ၊ ရေမြေတောတောင် သဘာဝအလှနှင့် ဒြပ်မဲ့တန်ဖိုးများကို စနစ်တကျထိန်းသိမ်းပြီး ပညာပေးရေးနှင့် သုတေသနလုပ်ငန်း များ၊ ဒေသခံပြည်သူများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် စနစ်တကျ စီမံအုပ်ချုပ်လျက် ရှိသော ဒေသတစ်ခုဖြစ်ပါသည်။ ဘူမိဆိုင်ရာ ထူးခြားသောပြကွက်များအပြင် အပန်းဖြေရေး၊ ဖျော်ဖြေရေး၊ စားသောက်နေထိုင်ရေး၊ လူမှုဆက်ဆံရေးနှင့် ပညာရပ်ဆိုင်ရာများကို လေ့လာဖြန့်ဖြူးသောနေရာလည်း ဖြစ်ပါသည်။
Dec 18, 2023
အောက်တိုဘာလက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ရဲ့ စာဖတ်ဝိုင်းမှာ ဆောင်းပါးအတိုလေးတစ်ပုဒ် ဆွေးနွေးဖြစ်ခဲ့ပါတယ်။
Dec 17, 2023
အခုလည်း ရန်ကုန်မှာ အလုပ်လုပ်ရပြီဆိုတော့ မိသားစုနဲ့ ခွဲရပြန်ပြီပေါ့။ ဘာလိုလိုနဲ့ ရန်ကုန်ရောက်တာ သုံးလကျော်ပြီ။ နေထိုင်ရေးအတွက် ပူစရာမလိုဘူး။ ရုံးက နေစရာအခန်းပေးတယ်။ ကျွန်တော်နေတဲ့အဆောက်အအုံမှာ ရုံးကဧည့်သည်တွေ တည်းဖို့အတွက် အိပ်ခန်းတွေအများကြီး ရှိတယ်။ ကျွန်တော့်လို မိသားစုမပါတဲ့ဝန်ထမ်းတွေနေဖို့အတွက် အဲဒီမှာ စီစဉ်ပေးထားတယ်။ လတ်တလောအဆောင်မှာနေတာက ကျွန်တော်နဲ့ တခြားတစ်ယောက်ပဲရှိတယ်။ ကျန်တဲ့သူတွေက တော့ ရုံးကိစ္စအတွက် နယ်ကနေ ရန်ကုန်ကိုလာတဲ့ ဧည့်သည်တွေပဲရှိတယ်။ သူတို့က ခဏတည်းလိုက်၊ ပြန်သွားလိုက်နဲ့။ အမြဲရှိမနေကြဘူး။ အဆောင်မှာ ကျွန်တော့်လို အမြဲနေနေတဲ့ တခြားတစ်ယောက်က အလုပ်များတဲ့သူဆိုတော့ အဆောင်မှာမရှိတာက များတယ်။ ဒီတော့အဆောင်မှာ ကျွန်တော်တစ်ယောက်တည်းပဲ နေတာများပါတယ်။
Dec 17, 2023
လူတွေသက်တမ်းမစေ့မီ သေဆုံးကြရတဲ့အခြေအနေတွေကို လျော့ပါးအောင် နေ့စဉ်လမ်းလျှောက်ခြင်းဆိုတဲ့ အလေ့အထကောင်းတစ်ခုက ဘယ်လိုလုပ်နိုင်ပါသလဲ။ ကျန်းမာရေးဆိုင်ရာသုတေသနပြုချက်တွေက မကြာမကြာဖော်ပြပေးနေပါတယ်။ လမ်းလျှောက်ခြင်းနဲ့ပတ်သက်တဲ့ သုတေသနတွေ့ရှိချက်တွေဟာ ယခုလိုကာလ အပတ်စဉ်လူထုအားကစားလှုပ်ရှားမှုလမ်းလျှောက်ခြင်းမှာ တွန်းအားတစ်ခုဖြစ်စေပါလိမ့်မယ်။ အသိနဲ့ယှဉ်တဲ့လှုပ်ရှားမှု၊ ပြုမူမှုမှန်သမျှဟာ အဓိပ္ပာယ်မဲ့ဖြစ်မသွားပါဘူး၊ အလေ့အထမှသည် ဝါသနာ၊ ဝါသနာမှသည် ကောင်းမွန်တဲ့စရိုက်တွေအထိ ပြောင်းလဲသွားတယ်ဆိုတဲ့ခံယူချက်မျိုးဟာ မိမိအတွက်အရေးကြီးတဲ့ အသက်ရှည်ရာအနာမဲ့ကြောင်းမှာ များစွာအထောက်အကူပြုပါတယ်။
Dec 16, 2023
လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို အခြားသူတစ်ယောက်က ဝင်ရောက်စွက်ဖက်ရင် စွက်ဖက်ခံရသူအနေနဲ့ လက်မခံနိုင်တဲ့အပြင် မဆီမဆိုင်စွက်ဖက်သူကို မကျေမနပ်ဖြစ်မယ်၊ စိတ်ဆိုးမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ရှိလက်ရှိ ပြောလိုက်ရမှ ကျေနပ်ပါတယ်။ စွက်ဖက်သူအနေနဲ့ သိက္ခာမဲ့ရာရောက်တယ်။ လိပ်ပြာမသန့်ဖြစ်မယ်။
Dec 16, 2023
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကာလမှ ယနေ့မျက်မှောက်ကာလတိုင် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို လက်တွေ့အကောင်အထည်ဖော် လိုက်နာကျင့်သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနဲ့ဆက်ဆံရာမှာလည်း တစ်နိုင်ငံ၏ ပိုင်နက်နယ်မြေနဲ့ အချုပ်အခြာအာဏာကို တစ်နိုင်ငံကလေးစားရန် (Respect for each other’s sovereignty and territorial integrity)၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်(Non-interference in each other’s internal affairs)၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံကျူးကျော်တိုက်ခိုက်မှုမပြုရန် (Non-aggression)စတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက် (Five principles of peaceful co-existence)နဲ့အညီ လက်တွေ့ဆက်ဆံကျင့်သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
Dec 15, 2023
ငါအလုပ်တွေမအားတဲ့ကြားက မင်းဆီကို အိတ်ဖွင့်ပေးစာရေးလိုက်တာပါကွာ။ ငါ့မှာအိမ်အလုပ်၊ မိသားစုအရေး၊ သားသမီးတွေရှေ့ရေး၊ ရပ်ရွာသာယာရေး၊ လူမှုရေးတွေနဲ့ တစ်နေ့တစ်နေ့ မအားရလို့ အခြားသူကိစ္စ စိတ်မဝင်စားနိုင်ဘူး။ မင်းကတော့ သမ္မတကြီးသာဆိုတယ် အတော်အားယားနေပုံပဲကွ။ အားအားယားယားနဲ့ မင်းက တို့မြန်မာနိုင်ငံအရေးကို ခဏခဏလာပြီး စွက်ဖက်နေလိုက်တာ မင်းကိုယ်မင်း ဘာထင်နေလို့လဲကွ။ ကိုယ့်ကိုယ်ကိုယ် အတော်အထင်ကြီးတဲ့ပုံပဲ။ မင်းက တို့မြန်မာနိုင်ငံကိစ္စကို ဝင်စွက်ဖက်လာတော့ ငါ့ကလည်း ငါ့နိုင်ငံအရေးကို မပြောလို့မရတော့ဘူး မောင်ဟိုဆေးရေ။ မပြောမပြီး မတီးမမြည်ဘူးကိုး။ မင်းသာမစခဲ့ရင် ငါတို့လည်း ပြောစရာမရှိပါဘူးကွာ။
