Skip to main content
Nov 22, 2023
ဆောင်းပါး
နိုင်ငံတစ်နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်အတန်းမြင့်မားမှုသည် နိုင်ငံသားတိုင်း စာတတ်မြောက်မှုအပေါ် မူတည်နေပါသည်။ စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်း၏ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့အတွက် အရေးကြီးသကဲ့သို့ လူ့အဖွဲ့အစည်းတည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း အရေးပါသည်။ လူတိုင်းစာတတ်မြောက်ရေး သည် ဤကမ္ဘာကြီးတွင် လိုအပ်ချက်တစ်ခုဖြစ်လာ၍ နိုင်ငံတိုင်း စာတတ်မြောက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် လှုပ်ရှားမှုများဆောင်ရွက်ကြပါသည်။
Nov 22, 2023
ဆောင်းပါး
“ ဥတုရာသီ၊ တောကိုမှီ၏ ” ၊ “တောတောင်စိမ်းမှ စမ်းရေရ၏ ”စသော ဆောင်ပုဒ်များက သစ်ပင်သစ်တောများ၏ ဂေဟစနစ်အပေါ် လွန်စွာအကျိုးသက်ရောက် လျက်ရှိပုံကို ဖော်ပြနေပါသည်။ မှန်ပါသည်။ သစ်ပင်သစ်တောများသည် ကျွန်တော်တို့ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးအတွက် သဘာဝကပေးသော အဖိုးမဖြတ်နိုင်သည့် သယံဇာတအရင်း အမြစ်များသာလျှင် ဖြစ်ပေသည်။
Nov 22, 2023
ကိုဗစ်ဗိုင်းရပ်စ်ပြီးတော့ သတင်းဗိုင်းရပ်စ်က လာပြန်သည်။ ကမ္ဘာရော မြန်မာမှာပါ အတူတူပင်။ ကူးစက်နှုန်းက မခြားနား၊ မြန်လှသည်၊ ကိုဗစ်ဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးကို တစ်မုဟုတ်ချင်း ကူးစက်သွားသလို သတင်းတု၊ သတင်းမှားကလည်း စက္ကန့်ပိုင်း ၊ မိနစ်ပိုင်းအတွင်း ပျံ့နှံ့သွားသည်သာ၊၊ ကိုဗစ်ပိုးက လူတွေ ကို ဆေးမမီ၊ ချက်ချင်း သေသည်အထိ ဒုက္ခပေးခဲ့သလို သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းဆိုသည်ကလည်း လူ့အဖွဲ့အစည်းကြီး ဖရိုဖရဲပြိုကွဲ ၊ သေကျေပျက်စီးသည်အထိ ဒုက္ခပေးသည်မှာ အတူတူပင်ဖြစ်သည်။ ကိုဗစ်တုန်းကလည်း လူတွေချောက်ချား၊ စိတ်ဆင်းရဲသောက ရောက်ကြရ၊ ယခုလို ဝါဒဖြန့်သတင်းတွေကြ တော့လည်း လူတွေပူပင်သောက မလုံခြုံဖြစ်ကြရပြန်သည်။
Nov 21, 2023
နေ့စဉ်ကမ္ဘာကြီးပေါ်ရှိ သန်းပေါင်းများစွာ ကလေးသူငယ်များသည် အကြမ်းဖက်ခံနေရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရခြင်း၊ လျစ်လျူရှုပစ်ပယ်ခံနေရခြင်း၊ ခေါင်းပုံဖြတ်ခံနေရခြင်းများကို ပုံစံအမျိုးမျိုးဖြင့် ခံစားနေရပါသည်။
Nov 20, 2023
02
မြန်မာပြက္ခဒိန်၏ တစ်ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် ရှစ်လမြောက်ဖြစ်ပါသည်။ “တန်ဆောင်မုန်း” ဟူသောဝေါဟာရကို ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်”ဟု ရေးထိုးကြသည်။ ရွတ်ဆိုခေါ်ဝေါ်ရာ၌မူကား “တန်ဆောင်မှုန်း” ဖြစ်၏။ ယင်းမှ တန်ဆောင်မုန်းသို့ ရွေ့လျားလာခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ “တန်ဆောင်”မှာ “မီးတိုင်”၊ “မှုန်း”မှာ “ပျံ့နှံ့ စေခြင်း” ဟု အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် “ဆီမီး တိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်”ဟု ဆိုလိုကြောင်း မှတ်သားရပါသည်။
Nov 20, 2023
01
ပြီးခဲ့တဲ့ရက်ပိုင်းက ရပ်ကွက်ဓမ္မာရုံမှာ ဆွမ်းအောင်ပွဲအဖြစ် လှူဒါန်းကျွေးမွေးတဲ့ စတုဒိသာအလှူပွဲလေးတစ်ခုကို ကျွန်မ တကူးတက သွားစားဖြစ်တယ်။ တကူးတကဆိုတာ ဓမ္မာရုံက ရင်းနှီးတဲ့ ဓမ္မမိတ်ဆွေတွေက ဆက်ဆက်ကြွလှမ်းခဲ့ဖို့မှာလို့ပါ။ ညနေပိုင်း ကျွန်မရောက်တဲ့အချိန်မှာ အကျွေးအမွေးကစနေပြီ။ စတုဒိသာဆိုတဲ့အတိုင်း အရပ်လေးမျက်နှာကလူကြီး၊ လူငယ်၊ ကလေးတွေကအစ လက်လုပ်လက်စား၊ ဆိုက်ကားဆရာတွေအဆုံး လူတန်းစားမရွေး အားရပါးရ စားသောက်နေကြတာတွေ့ရတယ်။
Nov 20, 2023
01
နှစ်စဉ်ကျရောက်လေ့ရှိသော နတ်တော်လဆန်း ၁ ရက်နေ့ကို “အမျိုးသားစာဆိုတော်နေ့”အဖြစ် မြန်မာသက္ကရာဇ် ၁၃၀၆ ခုနှစ်မှ စတင်သတ်မှတ်၍ စာပွဲသဘင်များ ဆင်ယင်ကျင်းပလာခဲ့ရာ ယခု မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ် (ခရစ်နှစ်၂၀၂၃ ခုနှစ်)တွင် (၇၉)ကြိမ်မြောက်ခရီးသို့ ရောက်ခဲ့လေပြီ။
Nov 19, 2023
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ရောက်လာပြီဖြစ်၍ ယင်းဥပဒေအရစွဲဆိုမှုများ၊ အငြင်းပွားမှုများလည်း တိုးပွားလာမည်ဖြစ်ပါသည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အခွင့်အရေးပိုင်ရှင်များအနေဖြင့် မိမိတို့၏အခွင့်အရေးကို ကာကွယ်ရန်လိုအပ်သကဲ့သို့ အခြားတစ်ဘက်တွင်လည်း အခြားသူ၏အမှတ်တံဆိပ်အခွင့်အရေးကို ချိုးဖောက်ရာမရောက်အောင် သတိပြုရန်လိုအပ်မည်ဖြစ်၍ ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များမှ သိမှတ်ဖွယ်ရာများကို ကောက်နုတ်တင်ပြအပ်ပါသည်။
Nov 19, 2023
လူငယ်ဟူသည် အနာဂတ်အတွက် အရင်းအနှီး ကောင်းများဖြစ်သည်။ ယနေ့ကာလတွင် လူငယ်များကို အကောင်းဆုံးပြုစုပျိုးထောင်ပေးလျက်ရှိသည်။ ရုပ်ရည်လှပခြင်းထက် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းဟူသော စိတ်အလှကို မွေးမြူထားရမည်ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတို့သည် လူငယ်တို့၏ အရည်အချင်းပေါ်တွင် မူတည်သည်။ ပညာတတ်သော်လည်း ကိုယ်ကျင့်တရားချို့ယွင်းသူ၊ ကိုယ်ကျင့်တရားကောင်းမွန်သော်လည်း ပညာရေးတွင် ချို့တဲ့သူမဖြစ်အောင် နိုင်ငံတော်အစိုးရအနေဖြင့် ဘက်စုံပညာရေးကို ကျင့်သုံးလျက်ရှိသည်။
Nov 19, 2023
ဆောင်းပါး
ပြီးခဲ့တဲ့ရက်ပိုင်းက ရပ်ကွက်ဓမ္မာရုံက ဆွမ်းအောင်ပွဲအဖြစ် လှူဒါန်းကျွေးမွေးတဲ့ စတုဒိသာအလှူပွဲလေးတစ်ခုကို ကျွန်မတကူးတကသွားစားဖြစ်တယ်။ တကူးတကဆိုတာကဓမ္မာရုံက ရင်းနှီးတဲ့ဓမ္မမိတ်ဆွေတွေက ဆက်ဆက်ကြွလှမ်းခဲ့ဖို့မှာလို့ပါ။ ညနေပိုင်းကျွန်မရောက်တဲ့အချိန်မှာ အကျွေးအမွေးကစနေပြီ။ စတုဒိသာဆိုတဲ့အတိုင်း အရပ်လေးမျက်နှာက လူကြီး၊ လူငယ်၊ ကလေးတွေကအစ လက်လုပ်လက်စား၊ ဆိုက်ကားဆရာတွေအဆုံး လူတန်းစားမရွေး အားရပါးရစားသောက်နေကြတာတွေ့ရတယ်။