Skip to main content
Jul 05, 2023
၀၁
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC)သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန် ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါလုပ်ငန်းကော်မတီများသည် DMC တွင်စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ်တုံ့ပြန် ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းကော်မတီ ၁၂ ခု အနက် တစ်ခုအပါအဝင်ဖြစ်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
Jul 05, 2023
ဆောင်းပါး
ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့်ကမ္ဘာကြီးတွင် လူသားများ၏ လိုအပ်ချက်ကလည်း ကြီးမားလာနေသည်။ ကိုဗစ်ကပ်နှင့် ကမ္ဘာ့ပဋိပက္ခဂယက်များက နိုင်ငံတိုင်းတွင် စီးပွားရေး ပိုမိုခိုင်မာအားကောင်းရန် လိုအပ်ချက်များစွာ ရှိလာနေကြောင်း ကို အချက်အလက်များက ပြသနေသည်။
Jul 04, 2023
ကမ္ဘာကြီးရဲ့ နေရာတစ်နေရာရာမှာ လူတွေသေကျေပျက်စီးတာကိုကြည့်ပြီး ကျိတ်ပြီးပျော် နေတဲ့အုပ်စုတစ်ခု၊ အဖွဲ့တစ်ဖွဲ့ သို့မဟုတ် နိုင်ငံတစ်နိုင်ငံ ရှိကိုရှိနေတယ်ဆိုရင် အများစုက အံ့အားသင့်ကြပါလိမ့်မယ်။ စစ်တွေဖြစ်နေတာ မကောင်းဘူး ၊ စိတ်မကောင်း၊ ဝမ်းနည်းတဲ့သူက များပေမယ့် တကယ်လည်း စစ်ကိုမဖြစ်ဖြစ်အောင် ဖန်တီး၊ စစ်ကို အဆုံးမသတ်နိုင်အောင် လောင်စာ ဆက်ရှို့နေတဲ့ လူတစ်စုကတော့ အမှန်တကယ်ကို ရှိနေပါတယ်။ လက်ရှိဖြစ်နေတဲ့ ယူကရိန်း- ရုရှားပဋိပက္ခကိုပဲကြည့်ပါ။
Jul 03, 2023
1
မြန်မာအမျိုးသမီးများသည် “ဟီရိ ဩတ္တပ္ပ”တရားနှင့် ကြီးပြင်းလာခဲ့သူများ ဖြစ်ပါသည်။ “ဟီရိဩတ္တပ္ပ”တရားသည် “ဟီရိ”နှင့် “ဩတ္တပ္ပ”ကို တွဲဖက်ထားခြင်းဖြစ်သည်။ ဟီရိသည် “မကောင်းမှုကျူးလွန်ရန်ရှက်ခြင်း”ဖြစ်ပြီး ဩတ္တပ္ပသည် “မကောင်းမှု ကျူးလွန်ရန် ကြောက်ခြင်း”ဖြစ်ပါသည်။ ထို“ဟီရိဩတ္တပ္ပ”တရားကို “လောက ပါလတရား”ဟု ဆိုပါသည်။ “လောက ပါလတရား”သည် လောကကို စောင့်ရှောက်နေသော တရားပင်ဖြစ်ပါသည်။ လောကကို စောင့်ရှောက်နေသော လောကပါလတရားဖြစ်သည့် “ဟီရိဩတ္တပ္ပ”တရားနှင့် ကြီးပြင်းလာခဲ့ရသော မြန်မာအမျိုးသမီးများသည် လောကကိုစောင့်ရှောက်နေကြသူများပင် ဖြစ်ပါသည်။
Jul 02, 2023
01
ကျားမမဟူ လူတစ်ဦး၏အရည်အသွေးကို သူ/ သူမ၏ ပင်ကိုဗီဇနှင့် မျိုးရိုးဂုဏ်၊ ကောင်းမြတ်သော စိတ်နေသဘောထားနှင့် အတ္တပရမျှတမှု၊ ကြိုးစားအားထုတ်မှုနှင့် ပညာရည်အရည်အသွေး၊ အများအတွက် စွန့်လွှတ်အနစ်နာခံမှု၊ လူ့အဖွဲ့အစည်းအတွက် ပညာဉာဏ်အ​မြော်အမြင်ဖြင့် ဦးဆောင်နိုင်စွမ်းစသည့် လူတစ်ဦးချင်း၏ ပင်ကိုအရည်အချင်းများဖြင့်သာ တိုင်းတာပါသည်။ အမျိုးသမီး၊ အမျိုးသားစွမ်းဆောင်မှုနှင့်ပတ်သက်၍ သီးခြားစံနှုန်းများခွဲခြား သတ်မှတ်ထားခြင်းမရှိပါ။ သို့သော် ကျားနှင့်မ၊ ယောကျ်ားနှင့်မိန်းမ ဘယ်လိုအခြေအနေတွေမှာ ဘယ်လိုကွာခြားသွားသနည်း၊ သဘာဝကအလိုအလျောက်ပေးထားသည့် ကွာခြားချက်၊ ကျားမတန်းတူ ကြိုးစားအားထုတ်လေ့ကျင့်ပြီးမှသာ ပိုင်ဆိုင်လာမည့် ကွာခြားချက်များပေါ်တွင် မူတည်၍သာ အချို့ကဏ္ဍများမှာ ကျားမကွာခြားသွားဟန်တူသည်။
Jul 02, 2023
01
ကျားမ မဟူ လူတစ်ဦး၏အရည်အသွေးကို သူ/ သူမ၏ ပင်ကိုဗီဇနှင့် မျိုးရိုးဂုဏ်၊ ကောင်းမြတ်သော စိတ်နေသဘောထားနှင့် အတ္တပရမျှတမှု၊ ကြိုးစားအားထုတ်မှုနှင့် ပညာရည်အရည်အသွေး၊ အများအတွက်စွန့်လွှတ်အနစ်နာခံမှု၊ လူ့အဖွဲ့အစည်းအတွက် ပညာဉာဏ်အ​မြော်အမြင်ဖြင့် ဦးဆောင်နိုင်စွမ်းစသည့် လူတစ်ဦးချင်း၏ပင်ကိုအရည်အချင်းများဖြင့်သာ တိုင်းတာပါသည်။ အမျိုးသမီး၊ အမျိုးသားစွမ်းဆောင်မှုနှင့်ပတ်သက်၍ သီးခြားစံနှုန်းများခွဲခြား သတ်မှတ်ထားခြင်းမရှိပါ။ သို့သော် ကျားနှင့်မ၊ ယောကျ်ားနှင့်မိန်းမ ဘယ်လိုအခြေအနေတွေမှာ ဘယ်လိုကွာခြားသွားသနည်း၊ သဘာဝကအလိုအလျောက် ပေးထားသည့်ကွာခြားချက်၊ ကျားမတန်းတူ ကြိုးစားအားထုတ်လေ့ကျင့်ပြီးမှသာ ပိုင်ဆိုင်လာမည့် ကွာခြားချက်များပေါ်တွင် မူတည်၍သာ အချို့ကဏ္ဍများမှာ ကျားမ ကွာခြားသွားဟန်တူသည်။
Jul 01, 2023
ဆောင်းပါး
သမဝါယမဟူသည် ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး “သမ” = အတူတကွ၊ “ဝါယမ” = အင်အားစိုက်ထုတ်ဆောင်ရွက်ခြင်း၊ သမဝါယမမှာအတူတကွ အင်အားစိုက်ထုတ်ဆောင်ရွက်ခြင်းဟု အဓိပ္ပာယ်ရသည်။ တစ်ဦးချင်း၏အင်အားဖြင့် ဆောင်ရွက်၍မရသည်ကို အများ၏စုပေါင်းအင်အားဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။
Jun 30, 2023
“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက် များ (၉) (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)
ကျွန်တော်တို့ ငယ်စဉ်ကတည်းက နှစ်သက်စွာဖတ်ခဲ့ဖူးသည့် ကာတွန်းမြင့်သိန်း၏ ဇာတ်ကောင်စံရွှေမြင့် ပြောတာလား၊ ကာတွန်းတင်အောင်နီ၏ ဇာတ်လိုက်ကိုပြာလောင် ပြောတာလားကတော့ မသဲကွဲတော့ပါ၊ တိုးရင်းတိုးရင်းနဲ့ အလယ်ရောက်သွားတာပါဆိုသည့် စကားလို ရေးရင်းရေးရင်းနဲ့ ဆောင်းပါး အမှတ်စဉ် (၉) သို့ပင် ရောက်သွားပါပကောလား။ အမှတ်စဉ် (၁) မှာ ပြန်ကြည့်လျှင် ရခိုင်ပြည်နယ်သို့ မိုခါမုန်တိုင်းမဝင်ရောက်မီ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်များ၊ မုန်တိုင်းဝင်ရောက်ပြီး ကိုယ်တိုင်သွားရောက် ကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၊ ဆက်လက်၍ အမြန်အကောင်အထည်ဖော်ရမည့် လုပ်ငန်းတာဝန်များကို ရေးသားတင်ပြခဲ့သလို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှု၊ ဝန်ကြီးဌာန အလိုက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ စစ်တွေသို့ရောက်ရှိ တာဝန်ထမ်းဆောင်မှု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြိုတင်ပြင်ဆင်မှုများနှင့် စီမံခန့်ခွဲဆောင်ရွက်မှုများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကူညီပံ့ပိုးဆောင်ရွက်ပေးမှုများကို နိဒါန်းပျိုး၍ ရေးခဲ့သည်။
Jun 29, 2023
01
“ဥတုရာသီ၊ တောကိုမှီ” ဆိုသည့် အတိုင်းနေ့စဉ်မိုးလေဝသအခြေအနေများ၊ နှစ်အလိုက်ဖြစ်ပေါ်လျက်ရှိသော ရာသီဥတုအခြေအနေများသည် သစ်တော၊ သစ်ပင် များအပေါ် များစွာမှီတည်လျက်ရှိသည်။ ကမ္ဘာ့လေထုကိုပူနွေးစေပြီးရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေသောလေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို သစ်တောသစ်ပင်များက စုပ်ယူဖယ်ရှားပေးပြီး ရာသီဥတုမျှတ ကောင်းမွန်လာစေရေး၊ ပတ်ဝန်းကျင်ဂေဟစနစ်များ တည်ငြိမ်စေရေးကို အထောက်အကူပြုလျက်ရှိသဖြင့် “ဥတုရာသီ၊ တောကိုမှီ” ဟု ဆိုခြင်းဖြစ်သည်။ သစ်ပင်သစ်တောများ တိုးပွားလာသည်နှင့်အမျှ မိုးလေဝသမှန်ကန်ပြီး ရာသီ ဥတုပြောင်းလဲမှုများကို လျှော့ချနိုင်ကာ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အလွန်အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
Jun 28, 2023
01
“နျူကလီးယားနည်းပညာဟာ ယနေ့ကမ္ဘာမှာ အလွန်ရေပန်းစားနေပါတယ်။ နျူကလီးယားနည်းပညာကို နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံတိုင်းက ပိုင်ဆိုင်လိုကြတယ်။