Apr 05, 2023
၂၀၂၃ ခုနှစ်နှစ်ဆန်းကာလကတည်းကစပြီး မတည်ငြိမ်မှုတွေနဲ့ကမ္ဘာတစ်ဝန်းမှာ သပိတ်မှောက်မှုတွေ၊ ချီတက်ဆန္ဒပြမှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ခပ်စိပ်စိပ်လေးလှုပ်ခတ်လာတာ သတိထားမိကြပါလိမ့်မယ်။ တချို့ဒေသတွေမှာ အပြင်းအထန်၊ တချို့ဒေသတွေမှာတော့ မသိမသာ၊ အနောက်အုပ်စုဘက်က NATO နဲ့ EU အဖွဲ့ဝင်ပြင်သစ်နဲ့အရှေ့အလယ်ပိုင်းက အစ္စရေးတို့ကတော့ လတ်တလောအပြင်းထန်ဆုံး၊ အဆိုးရွားဆုံးပါပဲ။
Apr 04, 2023
၂၀၁၉ ခုနှစ်ဟာ မြန်မာနိုင်ငံရဲ့ မူပိုင်ခွင့်သမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ မူပိုင်ခွင့်ဥပဒေတွေဖြစ်တဲ့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနဲ့ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က စပြီးပြဋ္ဌာန်းနိုင်ခဲ့တယ်။
Apr 03, 2023
မြန်မာနိုင်ငံတွင် ဉာဏပစ္စည်းမူပိုင်ခွင့်များ အကာအကွယ်ပေးရန် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ စာပေအနုပညာ မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေတို့ ပြဋ္ဌာန်းပြီးဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် ပြည်ထောင်စုဥပဒေအမှတ် ၃ ဖြင့် ပြဋ္ဌာန်းခဲ့သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင် အာဏာတည်ပြီဖြစ်ပါသည်။
Apr 02, 2023
မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်ဟာ သွားလာလည်ပတ်စရာ နေရာအများအပြားရှိတဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ စိမ်းစိုလှပတဲ့ မြို့တော်ရှုခင်းတွေ၊ ရှမ်းရိုးမနဲ့ အလယ်ရိုးမ တောင်တန်းကြီးတွေအကြားမှာတည်ရှိတဲ့ နေပြည်တော်က ရာသီဥတု မပြင်းထန်သလို သွားလာလည်ပတ်တဲ့အခါမှာလည်း ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေအားလုံးကနေ အလွယ်တကူ သွားလာလို့ရတဲ့မြို့တော်ကြီးဖြစ်တယ်။ ဒီတစ်ပတ်မှာတော့ နာမည်ကျော် နေပြည်တော် တိမ်ပင်လယ်အကြောင်းကို မိတ်ဆက် ပြောပြချင်ပါတယ်။
Apr 01, 2023
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကို ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်မှ စတင်သန္ဓေတည်ခဲ့ပြီး ဗဟိုစာရင်းရုံးမှ စာရင်းစစ်ချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖြစ် အောင်မြင်စွာရပ်တည်ဖြတ်သန်းခဲ့ရာ ယခု ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်တွင် ၈၆ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
Mar 31, 2023
၁၉၅၉ ခုနှစ် ထိုင်းနိုင်ငံ၌ စတင်ကျင်းပခဲ့သည့် ပထမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကြီးမှသည် (၁၉၇၇ ခုနှစ်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့သည်။ ) ယခု ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့်ပြိုင်ပွဲဆိုလျှင် (၃၂)ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။ ၁၉၆၃ ခုနှစ် (ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း တောင်မြောက်စစ်ပွဲများကြောင့် မကျင်းပဖြစ်ခဲ့ပါ)မှလွဲ၍ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများမှ ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် အလှည့်ကျလက်ခံကျင်းပခဲ့ပြီး မြန်မာနိုင်ငံသည်ပင်လျှင် ၁၉၆၁ ခုနှစ် ဒုတိယအကြိမ် ကျွန်းဆွယ်အားကစားပြိုင်ပွဲ၊ ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် ကျွန်းဆွယ်အားကစားပြိုင်ပွဲနှင့် ၂၀၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် သုံးကြိမ်တိုင်တိုင် အောင်အောင်မြင်မြင် လက်ခံကျင်းပခဲ့ပြီးဖြစ်ပါသည်။
Mar 31, 2023
ကျော်ဆု
နိုင်ငံသမိုင်းအကျဉ်း
Mar 30, 2023
ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ချစ်ကြည်ရေးခရီးစဉ်
Mar 29, 2023
ယခုနှစ်ပညာသင်နှစ်အကုန်တွင် အခြေခံ ပညာရေးကျောင်းများသို့ ဝမ်းမြောက်ဖွယ်အသိပေး အကြောင်းကြားစာများရောက်ရှိလာသည်။ ၎င်းမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရစက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူ ရေးပညာရပ်များပါသင်ယူနိုင်မည့် အထက်တန်းကျောင်းများဖွင့်လှစ်မည့်အကြောင်း အသိပေး ဖြန့်ဝေလာခြင်းဖြစ်သည်။
Mar 29, 2023
သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ယခုအခါကမ္ဘာတစ်ဝန်းလုံး၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာသူကမ္ဘာသားအားလုံး ရင်ဆိုင်တွေ့ကြုံခံစားနေကြရသည်။ မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးအန္တရာယ် ထိခိုက်ပျက်စီးမှု၊ ရေအရင်းအမြစ်ဆုံးရှုံး မှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်၊ ပျက်စီးဆုံးရှုံး မှုများ၊ လူ့အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုဖြစ်စဉ်များ ကြုံတွေ့ခဲ့ရသည်။ သို့ဖြစ်၍ အနာဂတ်အတွက်ထိခိုက်ပျက်စီးမှု၊ သေဆုံးမှုနည်းပါးအောင် အားလုံးဝိုင်းဝန်းကာကွယ် ထိန်းသိမ်းဆောင်ရွက်ထားရမည် ဖြစ်သည်။
