Jan 14, 2021
ဤသီချင်းကား မြန်မာ့အသံ၏မူဝါဒကို ဖော်ပြ၏။ မြန်မာ့အသံခေတ်က ဆိုသော်လည်း မြန်မာ့ရုပ်မြင်သံကြား ခေတ်ရောက်လာသည့် အခါတွင်လည်း ဆက်လက်သယ်ဆောင်လာခဲ့သော မူဝါဒ ပင်ဖြစ်မည်ထင်ပါသည်။
Jan 14, 2021
ဗြိတိသျှတို့လက်အောက်တွင် မြန်မာတို့၏ ရှေးရိုးစဉ်လာ ငွေပန်းထိမ်၊ ရွှေပန်းထိမ်၊ ရက်ကန်း၊ အိုးလုပ်ငန်း စသောအိမ်တွင်းလက်မှု လုပ်ငန်းများ မှာ တိမ်ကောပျောက်ကွယ် မသွားသော်လည်း များစွာမှေးမှိန်ခဲ့ရသည်။ ဗြိတိသျှအစိုးရ၏ Laissez Faire မူဝါဒကြောင့် ထိုအိမ်တွင်းလက်မှု လုပ်ငန်းများကို အားပေးမြေတောင်မြှောက်ပေးခြင်းမရှိဘဲ လျစ်လျူရှုထားခဲ့သည်။ ပထမ ကမ္ဘာစစ်ဖြစ်ပြီး နောက်ပိုင်း၌ အိန္ဒိယအစိုးရက အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများကို အားပေး လာပြီး ၁၉၁၆ ခုနှစ်တွင် Industrial Commission တစ်ခုကို ဖွဲ့စည်းခဲ့သည်။
Jan 14, 2021
ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝက ညဘက်လသာလျှင် အိမ်ရှေ့ကွပ်ပျစ်တွင် သူငယ်ချင်းများ စုဝေးပြီး အမျိုးမျိုးသော ကစားနည်းများကို ကစားတတ်ကြသည်။ မောလာလျှင် ကွပ်ပျစ်တွင် စုဝေးပြီးထိုင်ကာ အုပ်စုနှစ်စုခွဲ၍ ထိုင်ကစားရသော ခေါင်းတို့တမ်း၊ ကျားဗိုလ်ဆွဲတမ်းများ အပြင် စကားထာ ဖွက်တမ်းလည်း ကစားတတ်ကြသည်။
Jan 14, 2021
ဒစ်ဂျစ်တယ်မီဒီယာနှင့် ဈေးကွက်ကဏ္ဍ၊ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများဆိုင်ရာ ဗဟုသုတ မျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေး အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၁၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက် ပါသည်။
Jan 13, 2021
မလွမ်းရော့သော်ကော့။ လွမ်းစရာအထုအထည်။ “ဤနယ်မြေမှာ ချစ်သူခင်သူတို့ထိုင်ရင်း ကြည်ကြည် နူးနူး စကားဆိုဖွယ်ရာ ခုံတန်းလျားလေးများကလည်း အဆင်သင့်” တဲ့။
Jan 12, 2021
၂၀၂၀ ပြည့်နှစ်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သည့် အတွက် တစ်ကမ္ဘာလုံးရှိ နိုင်ငံတိုင်း စီးပွားရေးအကျပ် အတည်း အပါအဝင် ဘက်ပေါင်းစုံတွင် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် အချိန်ကာလဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေးများကို နိုင်ငံကြီး များ၌ ပေါ်ထွက်လာပြီဖြစ်၍ အတိုင်းအတာတစ်ခုအထိ စိတ်အေးရသော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ အလျှင်း မပျောက်သေးသည့်အတွက် စီးပွားရေးလုပ်ငန်းများ အပါ အဝင် လူနေမှုပုံစံကို “new normal” ပုံစံသစ်ဖြင့် ကျင့်သုံး ဆောင်ရွက်ရဦးမည်ဖြစ်သည်။
Jan 12, 2021
မကြာခင်မှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ အသစ်ပြန်ရွေးတော့မှာပါ။ ဟိုအရင်က စိတ်မဝင်စားခဲ့ရင်ပဲဖြစ်ဖြစ်၊ စိတ်ဝင်စားခဲ့ရင်ပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ ဒီကိစ္စကို စိတ်ဝင်စားစေချင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ နယ်မြေတစ်ခုအတွက် အုပ်ချုပ်ရေးမှူးက တကယ်အရေးပါပါတယ်။ လူမှန် နေရာမှန် ဖြစ်ဖို့လိုပါတယ်။ လူမှန် နေရာမှန် ဖြစ်နေရုံနဲ့လည်း မရသေးပါဘူး၊ နည်းမှန်လမ်းမှန်နဲ့ ဆောင်ရွက်နိုင်ဖို့လည်း လိုပါသေးတယ်။
Jan 12, 2021
တက္ကသိုလ်နှစ်တစ်ရာပြည့် ဆောင်းပါးများ သတင်းစာများတွင် နေ့စဉ်ဖတ်ရသည်မှာ လွမ်းမောဖွယ်အပြည့် ဖတ်၍အားမရ၊ အတိတ်ကအကြောင်းများ တွေးမဆုံး။ ၁၂-၁၂-၂၀၂၀ရက်နေ့ သတင်းစာတွင် ပါမောက္ခဒေါက်တာ စန်းဝင်းရေးသည့် Mr. E J Kangyi အကြောင်းပါတော့ စဉ်းစားမိသည်။ ငါတို့အရွယ်များသည် ကြွေသူကြွေ၊ သေသူသေ အိုမင်းမစွမ်းဖြစ်ကုန်ကြပြီဆိုတော့ ဘယ်ရေးနိုင်တော့မှာလဲ။ ကိုယ်ကိုယ်တိုင်လည်း ၈၇ နှစ်ကျော် ၈၈ နှစ်နီးတော့ ဘောပင်တောင် မထိန်းနိုင်၊ လက်ရေးက ဖတ်မရတော့သည့် အခြေအနေ။
Jan 11, 2021
ကျွန်တော်တို့ နိုင်ငံတွင် ကိုဗစ်အလွန်ကာလများ၌ စီးပွားရေး ပြန်လည်ထူထောင်မှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်ရေးကဏ္ဍများ ကျားကန်ထားရန် လိုအပ်သလို ပညာရေးဘက်တွင်လည်း အခြားနိုင်ငံများထက် အောက်မကျအောင် သတိရှိရှိဖြင့် ပြုလုပ်ရပါမည်။ အဆင့်မြင့်ပညာကဏ္ဍတွင် ၂၀၂၁ မှသည် ၂၀၃၀ အတွင်း အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း ချမှတ်ဆောင်ရွက်ရာတွင် အဆင့်မြင့်ပညာကဏ္ဍ၌ အောက်ဖော်ပြပါ များကိုလည်း ပြုပြင်ပြောင်းလဲ လုပ်ဆောင်နိုင်ရန် အကြံပြုလိုပါသည်။
Jan 11, 2021
စင်ကာပူနိုင်ငံတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၆ ရက်က အာဆီယံစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် (၃၈) ကြိမ်မြောက် အစည်းအဝေး(The Thirty Eight Meeting of the ASEAN Ministers on Agriculture and Forestry-AMAF) ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးက ထောက်ခံအတည်ပြုခဲ့သော အစားအစာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်မှု (၂၀၁၆-၂၀၂၅) မျှော်မှန်းချက်နှင့် မဟာဗျူဟာအစီအစဉ်သည် လက်ရှိနှင့်အနာဂတ် မျိုးနွယ်ဆက်များ အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) အပေါ် အပေါင်းလက္ခဏာဆောင်သော အကျိုးပြု နိုင်ရေးနှင့် လူမှုစီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာလူမှုရေး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးတို့ အတွက် ယာမြေရှုခင်း (Landscape) အဆင့်၌ သစ်တော သယံဇာတများအား စဉ်ဆက်မပြတ် အုပ်ချုပ်မှုဖြင့် စီမံအုပ်ချုပ်ခြင်း သေချာစေလျက် အာဆီယံဒေသတွင်း၌
