Dec 27, 2020
တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ ကလေးသူငယ်များ၏ အားလပ်ချိန် အသုံးပြုပုံလည်း ပြောင်းလဲလာ ကြပါသည်။ ကျွန်မတို့ ငယ်စဉ်က အားလပ်ချိန်တွင် ရပ်ကွက်ထဲက ကလေးများ စုပေါင်း၍ အိမ်ပြင်ထွက် ကစား ကြပါ သည်။ လမ်းလျှောက် ထွက်ကြပါသည်။ ကျွန်မတို့သည် လူကြီးများ ဝယ် ပေးထားသော ပုံပြင်စာအုပ်များ၊ ကာတွန်း စာအုပ်များ၊ အပတ်စဉ်ထုတ်၊ လစဉ်ထုတ်စာစောင်များကို အချိန်တစ်ခု သတ်မှတ်၍ ဗဟုသုတ အနေဖြင့် လည်းကောင်း၊ အပျင်းပြေအနေဖြင့်လည်းကောင်း ဖတ်ရှုကြရာမှ စာဖတ် ခြင်းသည် ဝါသနာဖြစ်လာသည်။ စာဖတ်ဝါသနာပါရုံတင်မက စာရေးရာ တွင်လည်း အထောက်အကူများ ဖြစ်လာစေသည်။ အသိပညာ ဗဟုသုတ တိုးပွားလာပါသည်။ ယနေ့ခေတ် ကဲ့သို့ အိုင်တီခေတ်ကြီးတွင် ကလေး အများစုသည် အိမ်ပြင်မထွက်ဘဲ အခန်းအောင်း၍ မိုဘိုင်းဖုန်းဖြင့် ဖုန်းပြော ခြင်းအပြင် အင်တာနက် အသုံးပြုခြင်း၊ ဂိမ်းကစားခြင်း၊ ဗီဒီယိုဖိုင် များကြည့်ခြင်း အစရှိသည်တို့ ပြုလုပ်ကြပြီး အချိန်ကုန် သည်က များလာ ပါသည်။
Dec 27, 2020
ရန်ကုန်တက္ကသိုလ်ကြီး နှစ်တစ်ရာပြည့် အချိန်အခါသမယတွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာန၌ တာဝန်ထမ်းဆောင် သွားသော ဆရာကြီးများအနက် မြန်မာလူမျိုးများထဲမှ ပထမဦးဆုံး သင်္ချာပါမောက္ခ တာဝန်ယူရသည့် ကျွန်မ၏ ဆရာ တစ်ဦးဖြစ်သော ဆရာကြီး ဦးအောင်လှကို ဂုဏ်ပြုသောအားဖြင့် ယခုစာစုကို ရေးသားဖော်ပြအပ်ပါသည်။
Dec 27, 2020
ရန်ကုန်တက္ကသိုလ်ကြီးကား သက်တမ်း နှစ်တစ်ရာပြည့်မြောက်ခဲ့ပြီ။ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အထိမ်းအမှတ် အဖြစ် စာပေ၊ ပန်းချီ၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများအပြင် မြန်မာ့ရုပ်မြင်သံကြားမှ တက္ကသိုလ် အလွမ်းပြေသီချင်း အပုဒ်ရေ တစ်ရာကို အပတ်စဉ်သောကြာနေ့တိုင်း ထုတ်လွှင့်ပေးခြင်းနှင့် နေ့စဉ်ထုတ်လွှင့်ပေးခဲ့သလို နိုင်ငံပိုင် သတင်းစာများကလည်း တက္ကသိုလ်အကြောင်း ဆောင်းပါးများကို နေ့စဉ်ဖော်ပြပေးခဲ့ရာ ယနေ့တိုင် ဖတ်ရှုနေရ ဆဲဖြစ်ပါသည်။
Dec 26, 2020
တက္ကသိုလ်ရိပ်သာလမ်းဘက်ခြမ်း ရန်ကုန်တက္ကသိုလ် ဂိတ်ပေါက်ဝမှ ဝင်လိုက်သည်နှင့် အဓိပတိလမ်း၏ လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်ရှိ အုံ့အုံ့ဆိုင်းဆိုင်း စိမ်းစိမ်းစိုစို သစ်ပင်ကြီးများနှင့် မျက်စိတဆုံး တွေ့မြင် နေရသော အဓိပတိလမ်းအဆုံးတွင် ဘွဲ့နှင်းသဘင်ခန်းမကြီးက တင့်တင့်တယ်တယ် ခံ့ခံ့ညားညား တည်ရှိနေ သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့က နှစ် (၁၀၀) သက်တမ်းပြည့်ခဲ့သော ရန်ကုန်တက္ကသိုလ်ကို စာရေးသူ မည်သည့်အရွယ်က စတင်သိရှိခဲ့ပါလိမ့်ဟု မိမိဘာသာ ပြန်လည်စောကြောမိသည်။
Dec 26, 2020
အချိန်ကား ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက် စနေနေ့ ဖြစ်ပါသည်။ သာယာလှပသော နံနက်ခင်း၏နေခြည်အောက်တွင် ကျွန်မတို့ အင်းလျားညီအစ်မများ အတွေးကိုယ်စီဖြင့် ရင်ခုန်စိတ်လှုပ်ရှားလို့ နေပါသည်။ အကြောင်းမှာ ကျွန်မတို့ချစ်သော အင်းလျားဆောင်ကြီး၏ ရန်ကုန်တက္ကသိုလ်ရာပြည့်အကြိုအထိမ်းအမှတ် လှုပ်ရှားမှုအနေဖြင့် အင်းလျားဆောင် ဓာတ်ပုံပြပွဲကို ဖွင့်လှစ်ရန် အချိန်အနည်းငယ်သာ လိုတော့၍ ဖြစ်ပါသည်။
Dec 26, 2020
ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ၃၀-၁-၂၀၁၉ ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့သည်။ ယင်းဥပဒေပုဒ်မ ၃၄ တွင် မှတ်ပုံတင်ထားသော ကုန်အမှတ် တံဆိပ်၏ မှတ်ပုံတင်သက်တမ်းနှင့် မှတ်ပုံတင် သက်တမ်းတိုးနိုင်ခြင်းကို ဖော်ပြသည်။ ယင်းဥပဒေပုဒ်မ ၁(ခ)အရ နိုင်ငံတော်သမ္မတက အမိန့် ကြော်ငြာ စာဖြင့် သတ်မှတ်သည့် နေ့ရက်တွင်မှ စတင်အာဏာတည်မည်ဖြစ်သည်။
Dec 26, 2020
အမိမြကျွန်းညို တက္ကသီလာကြီးသည် ရာပြည့်သို့တိုင်ခဲ့ လေပြီ။ ထိုသို့ ရာပြည့်အခါသမယဝယ် ရန်ကုန်တက္ကသိုလ် ကြီး၌ ကျောင်းသားအဖြစ် ခိုလှုံခွင့်ရခဲ့သဖြင့် အင်မတန် ဂုဏ်ယူမဆုံး ဖြစ်ခဲ့ရပါသည်။ တက္ကသိုလ်ကျောင်းသား၏ ဘဝဟူသည် တက္ကသိုလ်ကျောင်းဆောင်များတွင် ကျောင်းအိပ်၊ ကျောင်းစားနေထိုင်ခဲ့ဖူးခြင်း မရှိပါက မပြည့်စုံဟု ဆရာကြီး ဆရာမကြီးများက ဆိုကြပါသည်။ ထိုအခါ ပထမနှစ်မှ ယခု ဒုတိယနှစ်(ဂုဏ်ထူးတန်း)အထိ ရန်ကုန် တက္ကသိုလ် ကြီး၏ ကျောင်းဆောင်များထဲမှ တစ်ခုဖြစ်သော စစ်ကိုင်းဆောင်တွင် နေထိုင်ခွင့်ရခဲ့သဖြင့် သာ၍ပင် ဂုဏ်ယူရပြန်ပါသည်။
Dec 26, 2020
မြန်မာနိုင်ငံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာအဆင့်မီ ပညာရေးကို ပို့ချပေးနိုင်ရန် ပညာရေးဝန်ကြီးဌာနက ကြိုးပမ်းအားထုတ်ရာတွင် ပညာရေးလောကမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများသည် နိုင်ငံတကာနှင့်ယှဉ်တွဲပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရန် အရေးကြီးပေသည်။
Dec 25, 2020
၂၀၂၀ ပြည့်နှစ် ကုန်ဆုံး၍ ၂၀၂၁ ခုနှစ်သို့ ကူးပြောင်းပါ တော့မည်။ ၂၀၂၀ အထွေထွ ေရွေးကောက်ပွဲကြီးနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲ ဆိုင်ရာဆောင်းပါးများကို ရေးသားမျှဝေခဲ့သည်မှာ ယနေ့ဆောင်းပါးအပါအဝင် ၅၂ ပုဒ် ရှိပါပြီ။ ရွေးကောက်ပွဲချောမော အောင်မြင်စွာ ကျင်းပ နိုင်ရေး ရည်ရွယ်ချက်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့မှစတင်၍ အပတ်စဉ် သောကြာနေ့တိုင်း နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြနိုင်ခဲ့သည်။
Dec 25, 2020
ဒစ်ဂျစ်တယ်စီးပွားရေး တည်ထောင်နိုင်ရန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါပုံများ၊ ပညာရေးနှင့် သင်ကြားရေးတွင် ပြောင်းလဲလာမှုများနှင့်ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ယနေ့ ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
