Skip to main content
Feb 19, 2020

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု နောင်မွန်ကျေးရွာ၌ သံသယဖြစ်ဖွယ် ဝက်ရောဂါ ဖြစ်ပွား မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၇ ရက်တွင် နာမကျန်းဝက်နှစ်ကောင်မှ ကောက်ယူထားသော သွေးနမူနာပစ္စည်းကို မော်လီကျူလာနည်းပညာ (Real Time -PCR) ဖြင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာ အာဖရိကဝက်အပြင်းဖျားရောဂါပိုး (African Swine Fever Virus) ၏ မျိုးရိုးဗီဇကို တွေ့ရှိခဲ့ရသဖြင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) သို့ သတင်းပေးပို့ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

Feb 19, 2020

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ စင်ကာပူတရား လွှတ်တော်ချုပ်တို့ဟာ ၁၀-၂-၂၀၂၀ ရက်နေ့က တရားစီရင်ရေးဆိုင်ရာ Memorandum of Guidance (MOG) ရေးထိုးပြီး နှစ်နိုင်ငံသမိုင်းမှတ်တိုင်တစ်ခု စိုက်ထူခဲ့ပါတယ်။ ဒီ MOG ရဲ့ အမည်ကတော့ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် စင်ကာပူသမ္မတနိုင်ငံ၊ တရားလွှတ်တော်ချုပ်တို့ အကြား ငွေကြေးဆိုင်ရာစီရင်ချက်များ အတည်ပြုရန် လမ်းညွှန်မှုစာချွန်လွှာ (Memorandum of Guidance as to Enforcement of Money Judgments Between the Supreme Court of the Union, Republic of the Union of Myanmar and the Supreme Court of the Republic of Singapore) ဖြစ်ပါတယ်

Feb 19, 2020

တောင်သူတွေအနေနဲ့ ဖရဲသီး၊ သခွားမွှေးတွေကို တင်ပို့တော့မယ်ဆိုရင်သတင်းအချက်အလက်ကို စုံစမ်းပြီးတော့မှ တင်ပို့စေချင်ပါတယ် (မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်း)

Feb 19, 2020

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်းစကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး (စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရလွယ်ကူမှုအထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းအောင် (ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း

Feb 17, 2020

ဒါရိုက်တာ မောင်ခင်ဇော် (ကေသီပန်)နှင့် ရုပ်ရှင်စကားဝိုင်း

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

ဒီတစ်ပတ် ရုပ်ရှင်စကားဝိုင်းကို ကျွန်တော်နဲ့အတူ ဆွေးနွေးမယ့် ပုဂ္ဂိုလ်ကတော့ ခင်ဇော် (ကေသီပန်) ဆိုပြီးတော့ နာမည်ရှိတဲ့သူပါပဲ။ အခုကတော့ ကျွန်တော်တို့ကတော့ ဆရာဦးခင်ဇော်လို့ ခေါ်ဆိုပါတယ်။ ဆရာ ဦးခင်ဇော်ဟာ နာမည်ကျော် လူငယ်ဒါရိုက်တာ မိုက်တီးရဲ့ ဖခင်ဖြစ်သလိုပဲ သရုပ်ဆောင် ချစ်ချစ်ဇော်တို့၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။

(၃၁-၁-၂၀၂၀ ရက်နေ့မှအဆက်)

ကြည်စိုးထွန်း ။ ။ ကြည်ကြည်ဌေး၊ မြင့်မြင့် ဌေးကလည်း အဲဒီကပဲ လာတာပဲ ထင်တယ်။

Feb 17, 2020

ကမ္ဘာ့နေရာဒေသ အသီးသီးနေထိုင်ကြသည့် လူမျိုးအသီးသီး၏ ယဉ်ကျေးမှုထွန်းကားခဲ့သည့် ဖြစ်စဉ်များတွင် ကြွင်းကျန်ရစ်ခဲ့သော ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လာချိန်တွင် ရှေးဟောင်းသုတေသနပညာရပ်သည် အရေးပါသော ဘာသာရပ်တစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့်မြေပေါ်မြေအောက် အထောက်အထားများကို တူးဖော်ကာ သမိုင်းကွင်းဆက်နှင့် ယဉ်ကျေးမှုဖြစ်စဉ်များကို ဖော်ထုတ်သည့် ရှေးဟောင်းသုတေသနပညာကို ကမ္ဘာတစ်ဝန်း၌ စိတ်ဝင်စားစွာ သင်ယူသူများလည်း တိုးတက်များပြားလာခဲ့သည်။

Feb 16, 2020

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး (စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူမှုတိုးတက်ရေးလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းအောင် (ပိုင်ဆိုင်မှု မှတ်ပုံတင်

Feb 16, 2020

မြန်မာ (၄.၀) ဆိုသည်မှာ စတုတ္ထစက်မှုတော်လှန်ရေးကို ရည်မှန်းသော အနာဂတ်မြန်မာနိုင်ငံတော်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ အာဆီယံ (၄.၀) သို့ ဦးတည်သော မြန်မာနိုင်ငံဟုလည်း ဆိုနိုင်ပါသည်။ ၁၇၆ဝ ပြည့်နှစ်နောက်ပိုင်းတွင် စက်ယန္တရားများကို (Mechanization) အခြေခံသည့် ပထမစက်မှုတော်လှန်ရေး စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၁၈ ရာစုတစ်လျှောက်တွင် ရေနွေးငွေ့ သုံး မီးသင်္ဘောများ၊ မီးရထားများနှင့် အလားတူ စက်ယန္တရားများ၏ အကျိုးကျေးဇူးကြောင့် အနောက် တိုင်းနိုင်ငံကြီးများ တစ်ဟုန်ထိုး တိုးတက်လာခဲ့ကြပါသည်။ ဒုတိယစက်မှုတော်လှန်ရေးအဖြစ် ၁၉ ရာစုနောက်ပိုင်းတွင် လျှပ်စစ်မီး (Electricity) ကို တီထွင် အသုံးပြု၍ စက်ပစ္စည်းများ စနစ်တကျတပ်ဆင

Feb 15, 2020

စာဖတ်ခြင်းသည် မိမိဘဝနှင့် အလုပ်ခွင်တွင် အရည်အသွေးမြင့်မားစွာ နေထိုင်လုပ်ကိုင်နိုင်ခြင်း အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပင် ဖြစ်သည်။ အမှန်တကယ် ချမ်းသာခြင်းဆိုသည်မှာ မိမိဘဏ်ထဲတွင် ငွေမည်မျှ ထည့်ထားသည်မဟုတ်ဘဲ မိမိဦးနှောက် အသိဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း သည်သာလျှင် အမှန်တကယ် ချမ်းသာခြင်း ဖြစ်ပေသည်။

လူတိုင်း ဝါသနာအသီးသီး ရှိကြသည့်အနက် စာရေးသူ၏ စိတ်ကျေနပ်မှုအရှိဆုံး ဝါသနာတစ်ခုမှာ စာအုပ်ကောင်းများ တဖြည်းဖြည်းချင်း စုဆောင်းခြင်း ဖြစ်သည်။