Skip to main content
Mar 19, 2020

နိုင်ငံတကာခရီးသွားများအနေဖြင့် ပုဂံမြို့ရှိ အထင်ကရ နေရာများကို လေ့လာလည်ပတ်ကြသလို သမိုင်းရာဇဝင် အသီးသီးဖြင့် တည်ထားခဲ့ကြသည့် ဟောင်းနွမ်းနေသော ရှေးဟောင်း ဘုရားပုထိုးစေတီများကိုလည်း စိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။ မြန်မာ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ် အနုပညာလက်ရာများက စူးစမ်းလေ့လာ ချင်စရာကောင်းလှပြီး ဒေသထွက်ကုန်အစားအစာများ ကလည်း ၎င်းတို့အတွက် မြည်းစမ်းချင်စရာပင်။

Mar 17, 2020

ခြောက်လှန့်နေသောCOVID-19တစ္ဆေ
ယနေ့အချိန်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ အားလုံးသည် COVID -19 တစ္ဆေခြောက်လှန့်ခံနေရ သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှစခဲ့သော COVID- 19 ဗိုင်းရပ်စ်သည် အလွန်လျင်မြန်သောနှုန်းဖြင့် ကမ္ဘာ့ နိုင်ငံများသို့ ပျံ့နှံ့နေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါကူးစက် ပြန့်ပွားနိုင်မှု အခြေအနေသည် ကမ္ဘာ့ နိုင်ငံများအားလုံးတွင် အလွန်မြင့်မားသည့်အဆင့်တွင် ရောက်ရှိနေကြောင်း သတ်မှတ်ထားသည်။

Mar 17, 2020

In crisis mode ဆောင်းပါးပါ အကျပ်အတည်းအနေအထားအား ရင်ဆိုင်ကျော်လွှားနိုင်မည့် အကြံပြုချက်များကို စာဖတ်သူများလည်း မျှဝေဖတ်ရှုနိုင်ရေးအတွက် ဘာသာပြန်ဆို တင်ဆက်လိုက်ပါသည်။

ဤဆောင်းပါးကို မူလရေးသားသူသည် အသိ အမှတ်ပြု လက်မှတ်ရ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အားလျော်စွာ အလုပ်လက်မဲ့ဖြစ်နေသူများ(သို့မဟုတ်)အလုပ်လက်မဲ့ ဖြစ်တော့မည့်အခြေအနေနှင့် ရင်ဆိုင် နေရသူများက မကြာခဏ ဆက်သွယ်မေးမြန်းမှုများကို ဖြေရှင်းခဲ့ရပါသည်။

Mar 17, 2020

တိုကျိုခရီးစဉ်အတွင်း မဖြစ်မနေသွားရမည့် နေရာတစ်ခုမှာ ဖူဂျီတောင် (Mount Fuji) ဖြစ်ပါတယ်။ ဖူဂျီတောင်မှာ တိုကျိုမှ အတန်ငယ် ကွာလှမ်းသည်ဖြစ်သဖြင့် နေ့ချင်းပြန်သွားမည်ဆိုပါက တစ်နေကုန်မှာ ဖြစ်ပါတယ်။ စာရေးသူရဲ့ တိုကျို ၁၁ ရက် ခရီးစဉ်အချိန်ဇယားကို ပြန်ကြည့်တော့ တိုကျိုမှာ တကယ်နေမှာက ရှစ်ရက်တည်း ဖြစ်ပြီး အစည်းအဝေးတွေက ပထမ ခြောက် ရက် နေ့စဉ်လိုရှိနေတာမို့ နောက်ဆုံး တိုကျို ခုနစ်ရက်မြောက်နေ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဖူဂျီမီးတောင်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဖူဂျီတောင် (Mount Fuji)

Mar 16, 2020

ရန်ကုန်တက္ကသိုလ် ရာပြည့် ဂုဏ်ပြုဆောင်းပါး

တစ်ခေတ်တစ်ခါက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား အားကစားထူးချွန်သူ

အုပ်မှူးဇော်

Mar 15, 2020

ယခုအခါ လူဦးရေ တိုးတက်များပြားလာခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာခြင်းနှင့်အတူ စွန့်ပစ်အမှိုက်ထွက်ရှိမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်ရှိသည်။ စွန့်ပစ်အမှိုက်များစွာထဲမှတစ်မျိုးဖြစ်သည့် ပလတ်စတစ် အမှိုက်များကြောင့် ပင်လယ်သမုဒ္ဒရာများနှင့် အဏ္ဏဝါဂေဟစနစ်ကို ပျက်စီးစေပြီး လူသားတို့၏ကျန်းမာရေးကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် ပလတ်စတစ်အိတ် အလုံးရေ၅၀၀ဘီလီယံခန့် အသုံးပြု လျက်ရှိပြီး ပလတ်စတစ်အိတ်တန်ချိန် ကိုးသန်းခန့်သည် ပင်လယ်သမုဒ္ဒရာများအတွင်း အမှိုက်များအဖြစ် ပျံ့နှံ့မျောပါလျက်ရှိသည်။ ကမ်းရိုးတန်း ၁၉၂ နိုင်ငံမှ ထွက်ရှိ သ

Mar 15, 2020

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း မမျှော်လင့်ဘဲထူးခြားသော စာအုပ်လေး ပေါ်ထွက်လာပါသည်။ ကဗျာဆရာမှာ ကလောင်အမည်- စိုးမိုးဖြစ်ပြီး၊ ဓူဝံစာပေမှ ထုတ်ဝေထားပါသည်။ မိမိမှာ ဖတ်ညွှန်းရေးသားသောသူမဟုတ်ဘဲ အငြိမ်းစားပညာရေး ဝန်ထမ်းဟောင်းတစ်ဦးသာ ဖြစ်ပါသည်။ သို့ရာတွင် ဤစာအုပ်အကြောင်း မရေးဘဲမနေနိုင်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

အထူးသဘောကျမိ

Mar 14, 2020

ရှေ့နေနှင့် အစီရင်ခံစာ

 နိဒါန်း

 “ ဆရာ”  

 “ ဗျာ”  

 “  ဒီတစ်ပတ် ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”  

 “  ရှေ့နေနှင့် အစီရင်ခံစာ”  ပါတဲ့ ။

  “ ဘာကိုဆိုလိုပါသလဲဆရာ”  

 “  ဖတ်ကြည့်ကြစို့”

 အစီရင်ခံစာ

 ဘာအစီရင်ခံစာလဲ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ (၂၀၁၉) ဖြစ်ပါသည်။

 အခန်း (၅)ခန်း

Mar 14, 2020

၂၀၂၀ ပြည့်နှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲကြီးနှင့် ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင် ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

(စာတည်းအဖွဲ့)

Mar 14, 2020

ယခုကမ္ဘာတစ်ဝန်းမှာ ကူးစက်ပျံ့နှံ့နေတဲ့ တရုတ် နိုင်ငံ ဝူဟန်မြို့က အစပြုသိရှိခဲ့တဲ့ COVID-19 ကူးစက် ရောဂါဟာ ယနေ့အထိ နိုင်ငံပေါင်း ၁၀၀ ကျော်မှာရောဂါပိုးတွေ့ရှိသူပေါင်း တစ်သိန်းကျော်နဲ့ သေဆုံးသူ ၄၀၀၀ ကျော်သွားပြီဆိုတာ ပြည်သူအများစုတော့ သိရှိနေပြီ ဖြစ်ပါတယ်။ ။

“ကျွန်မတို့နိုင်ငံမှာ ဒီနေ့အထိ သံသယရှိလို့ စောင့်ကြည့်နေတဲ့ လူနာတွေထဲက ဓာတ်ခွဲစစ်ဆေးကြည့်တဲ့သူ အားလုံးမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ပိုး မတွေ့ဘူး ဆိုတဲ့အဖြေ ထွက်ထားတဲ့အတွက် ဒီနိုင်ငံထဲကိုရောဂါပိုး ရှိတဲ့လူနာမရှိသေးဘူးလို့ ယေဘုယျကောက်ချက်ချရတဲ့ သဘောရှိပါတယ်။

ပြင်ဆင်တုံ့ပြန်