“တိုင်းပြည်အကျိုးပြုဒို့ရှေးရှု ကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက် အမျိုးသမီး တွေ့ဆုံစကားဝိုင်းကို အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်ဝင်းကြည်၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်လှရီရီနှင့် သက်ကြီး ကင်းထောက်ကြီး ဒေါ်ရီရီတင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြ သည်များကို ဖော်ပြအပ်ပါသည်။
ယမန်နေ့မှအဆက်

လုပ်ငန်းတစ်ခုအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ဆိုလျှင် လုပ်ငန်းအစီအစဉ် တွေ ချမှတ်ရသည်။ စီမံချက်တွေ ရေးဆွဲရသည်။ ကြီးမားလှသော လုပ်ငန်း ကြီးများကို ဆောက်ရွက်ရသည့်အခါမှာတော့ သာမန်စီမံချက်များ ရေးဆွဲ ချမှတ်ရုံလောက်နှင့် မပြည့်စုံနိုင်။ စီမံကိန်းများ ရေးဆွဲရသည်။ ၂၀၂၀ ပြည့်နှစ် အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးသည် တစ်နိုင်ငံလုံးအတိုင်း အတာနှင့် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအားလုံးတွင် ကျင်းပသွား မည်။ ကြီးမားလှသော လုပ်ငန်းစဉ်ကြီးဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဟာဗျူဟာစီမံကိန်းကို ရေးဆွဲချမှတ်ထားရှိ သည်။ အနှစ်ချုပ်မျှဝေပါရစေ။

လူထုအခြေပြုဗဟိုဌာန(Community Centre)များကို အကျိုးရှိအောင် ဘယ်လိုအသုံးပြုမလဲ စကားဝိုင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ကျင်းပခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး MRTV-4 အစီအစဉ်တင်ဆက်သူ ငြိမ်းချမ်းကိုကို၊ မခင်ရတနာဦး၊ MRTV-4 သရုပ်ဆောင် ဖြိုးရာဇာနိုင်နှင့် ဝိုင်းရွှေရည်တို့က ပါဝင်ဆွေးနွေးခဲ့သည်။

ကားထိန်းချုပ်မှုကိစ္စဟာ တိုင်းပြည်တိုးတက်ပြောင်းလဲ ရေးမှာ ၈၀ ရာခိုင်နှုန်းလောက် အရေးကြီးတယ်လို့ မြင်ပါ တယ်။
ယာဉ်ပိတ်ဆို့မှုကြောင့် လုပ်ချင်တဲ့အလုပ်တွေမပြီး၊ ရုံးချိန်နောက်ကျ၊ အစည်းအဝေးချိန် နှောင့်နှေး၊ သယ်ယူ ပို့ဆောင်ရေး အချိန်မမီခြင်းတို့ဟာ ကုန်ထုတ်လုပ်မှု နှောင့်နှေးစေတဲ့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေ နိုင်တဲ့ အချက်တွေဖြစ်ပါတယ်။

တယ်လီဖုန်းဆင်းကတ်သုံးစွဲသူများအနေဖြင့် မိမိတို့ နာမည်အမှန်ဖြင့် တရားဝင်မှန်မှန်ကန်ကန် မှတ်ပုံတင်သုံးစွဲနိုင်ရေးနှင့် မှန်မှန်ကန်ကန်မှတ်ပုံမတင်သည့် ဆင်းကတ်များကို ၂၀၂၀ ပြည့်နှစ် ဧပြီလကုန် နောက်ပိုင်းမှစတင်ကာ အထွက်ဖုန်းခေါ်ဆိုမှုကို ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။
တယ်လီဖုန်းသုံးစွဲသူများက ဆင်းကတ်များကို စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရန်အတွက် “ဆင်းကတ်များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး စကားဝိုင်း” ကို မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကြီး၌ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား ကျောင်းသူဦးရေ ၉၇၀၂၁၉ ဦး ရှိသည်ဟု သတင်းစာများတွင် ဖတ်လိုက်ရသည်။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုသူ ၈၅၁၅၂၄ ဦး ရှိခဲ့ပြီး အောင်မြင်သူ ၂၆၇၆၉၆ ဦးရှိသောကြောင့် ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အောင်ချက် ရာခိုင်နှုန်း ၃၂ ဒသမ ၈၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် တွင် ဂုဏ်ထူးထွက် သူစုစုပေါင်း ၇၅၇၅၆ ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဂုဏ်ထူးထွက်သူစုစုပေါင်း ၄၃၀၂၂ ဦးသာ ရှိခဲ့သည်။

နိုင်ငံသားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို မှန်ကန်မျှတစွာရရှိခံစားနိုင်စေရန်လိုအပ်ပြီး နိုင်ငံသားများ၏ ရပိုင်ခွင့်များ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် နိုင်ငံသားတစ်ဦးချင်းစီ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်ရည်ရွယ်လျက် အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၇ (ဂ)အရ ဖွဲ့စည်းခဲ့သည်။

မြင့်မိုရ်ဆွေ

လူမှုကွန်ရက်စာမျက်နှာတွေမှာ စက်ရုံကစွန့်ပစ်ပစ္စည်းတွေကြောင့် မြစ်ရေ၊ ချောင်းရေတွေ အရောင်ပြောင်းကုန်တာ၊ ရေနေသတ္တဝါတွေ ထူးထူးဆန်းဆန်းသေကြတာ စတာတွေကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြကြတာ မကြာမကြာတွေ့နေရပါတယ်။ ဒါတွေကို သက်ဆိုင်ရာကုမ္ပဏီ၊ ဒေသခံနဲ့၊ အာဏာပိုင်တွေ ပူးပေါင်းဖြေရှင်းကြတာကိုလည်း အားတက် ဖွယ်တွေ့ရတယ်။ ဒီလိုကိစ္စမျိုးတွေဟာ ရေတိုဖြေရှင်းနည်းအပြင် ရေရှည်အတွက်ပါ ရည်ရွယ်ရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒေသရဲ့ သဘာဝပတ်ဝန်းကျင်၊ ဒေသခံတွေရဲ့ ကျန်းမာရေး၊ လူမှုစီးပွား၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ လာမယ့်မျိုးဆက်တွေရဲ့ အနာဂတ်တွေအထိပါ အရေးပါနေလို့ပဲ ဖြစ်ပါတယ်။
မြန်မာ့ပညာရေးသမိုင်းတွင် အစဉ်အလာကြီးမားသည့် ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် နှစ် ၁၀ဝ ပြည့်မြောက်တော့မည် ဖြစ်သည်။