Jun 04, 2025
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jun 04, 2025
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ် ဘုရားအလောင်းသည် ဟိမဝန္တာ၌ ဆင်ရှစ်သောင်းခြံရံသော ဆင်မင်းဖြစ်နေသည်။ ထိုတော၌ ငှက်မတစ်ကောင်သည် အမွေးအတောင် မစုံသေးသော ငှက်ကလေးများနှင့် အသိုက်လုပ်၍နေရာ တစ်နေ့တွင် ဆင်တို့သည် အသိုက်အနီးမှ ဖြတ်၍ အစာရှာထွက်လာလေသည်။
Jun 03, 2025
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jun 03, 2025
အခုမေလထဲမှာ နိုင်ငံတကာသတင်းတွေအနက် အတွေ့ရအများဆုံးသတင်းတစ်ပုဒ်က ဂါဇာမှာ အစ္စရေးနဲ့ ကုလသမဂ္ဂ(UN)တို့ အားပြိုင်ကြတဲ့သတင်းပဲဖြစ်ပါတယ်။ ဒီသတင်းကဖြစ်နေတာကြာပြီဆိုပေမယ့်အတွင်းမှာ တငွေ့ငွေ့လှိုက်စားနေတာ ဖြစ်ပါတယ်။
Jun 03, 2025
နှစ်စဉ် ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့ စတဲ့ရည်ရွယ်ချက်ကောင်းများစွာနဲ့ ကုလသမဂ္ဂကဦးဆောင်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အခမ်းအနားကို ကျင်းပပြုလုပ်ကြပါတယ်။
Jun 02, 2025
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရာသီမရွေးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးဦးကျကာလနှင့် မိုးအကုန် ဆောင်းအကူးတွင် အဖြစ်များသည်။ ထို့ကြောင့် မိုးရာသီ၌ ဖြစ်ပွားမှုအများဆုံးရောဂါဟု ဆိုနိုင်ပါသည်။ အဆိုပါရောဂါသည် အသက်အရွယ်မရွေးအန္တရာယ်ရှိနိုင်ပြီး ကလေးသူငယ်များအတွက် ဆိုးရွားစွာအသက်အန္တရာယ်ရှိနိုင်ကာ မြန်မာပြည်တွင် ဒုတိယအဖြစ်အများဆုံး ကလေးရောဂါတစ်ခုဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဝမ်းပျက်ဝမ်းလျှောရောဂါသည် တစ်နှစ်အောက် ကလေးများကို သေဆုံးစေသည့် တတိယ မြောက် ရောဂါဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း နှစ်စဉ်ကလေးဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ၁ ဒသမ ၇ ဘီလီယံနီးပါးရှိကြောင်း၊ ထိုရောဂါကြောင့် နှစ်စဉ်အသက် ငါးနှစ်အောက်ကလေးလေးသိန်းကျော်နှင့် အသက်ငါးနှစ်မှ ကိုးနှစ်အကြား ကလေးငယ်ငါးသောင်းကျော်ကို သေဆုံးစေလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မပေါ့ဆသင့်ပေ။
Jun 02, 2025
အခုဆို နိုင်ငံတကာ အကူအညီလောက အကျပ်ဆိုက်နေပါတယ်။ နိုင်ငံတကာအကူအညီဆိုတာ ရေရှည်ဖွံ့ဖြိုးရေးအကူအညီတွေရောရေတို လူသားချင်းစာနာမှုအကူအညီတွေပါ အားလုံးပါဝင်ပါတယ်။ နိုင်ငံတကာ အကူအညီလောကဆိုတာ အဲဒီအကူအညီတွေကို ကြီးကြပ်ကိုင်တွယ်ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ (UN) တို့၊ အခြားအလှူရှင် နိုင်ငံတကာအဖွဲ့အစည်းကြီးတွေကို ဆိုလိုပါတယ်။
Jun 02, 2025
ကမ္ဘာ့ဒေသအသီးသီးရှိ အဏ္ဏဝါရေပြင်များသည် ပြင်းထန်သောပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကြောင့် ညစ်ညမ်းမှုများရှိနေပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်အဖြစ် တဖြည်းဖြည်းကြီးထွားလျက်ရှိပါသည်။ အဏ္ဏဝါရေပြင် ညစ်ညမ်းမှုကြောင့် စီးပွားရေးအရေးပါမှုရလဒ်များ လျော့နည်းလာနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြီးမားစွာဆုံးရှုံးခြင်း၊ ဂေဟစနစ်ဆိုင်ရာပြောင်းလဲမှု စသည်တို့ကို ဖြစ်စေနိုင်ပါသည်။
Jun 01, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက် နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက သင်ကြားရေးဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ပညာရေးဝန်ထမ်းများကို သင်ကြားမှု အုပ်ချုပ်မှုစွမ်းရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ အခြေခံပညာရေး တွင် KG မှ Grade 12 အထိ တန်းစေ့စနစ်သစ် သင်ရိုးပြည့်ဖြင့် သင်ကြားလာခဲ့သည်မှာ တတိယမြောက်နှစ်သို့ ရောက်ရှိလာပြီဖြစ်သည်။
Jun 01, 2025
အခုဆို နိုင်ငံတကာ အကူအညီလောက အကျပ်ဆိုက်နေပါတယ်။ နိုင်ငံတကာအကူအညီဆိုတာ ရေရှည်ဖွံ့ဖြိုးရေးအကူအညီတွေကော၊ ရေတိုလူသားချင်းစာနာမှုအကူအညီတွေကော အားလုံးပါဝင်ပါတယ်။ နိုင်ငံတကာအကူအညီလောကဆိုတာ အဲဒီအကူအညီတွေကို ကြီးကြပ်ကိုင်တွယ်ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ(UN)တို့၊ အခြားအလှူရှင် နိုင်ငံတကာအဖွဲ့အစည်းကြီးတွေကို ဆိုလိုပါတယ်။
