Dec 12, 2020
တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၁) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြ ကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။
Dec 08, 2020
တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာ တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
Dec 05, 2020
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၂) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။
Sep 09, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် NDAA (မိုင်းလား)အဖွဲ့မှ တာဝန်ရှိသူများနှင့် ယမန်နေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
Sep 07, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA “ဝ”အဖွဲ့မှ တာဝန်ရှိသူများနှင့် စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ် တာချီလိတ် တပ်နယ် အောင်ပြည်ဟိန်းရိပ်သာ၌ တွေ့ဆုံသည်။
Aug 25, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ မိုတဲဂိတိုရှိမိစု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Aug 20, 2020
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တက်ရောက် လာကြတဲ့ နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနက တာဝန်ရှိသူများ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ သူများ၊ အစုအဖွဲ့ အသီးသီးက ကိုယ်စားလှယ်တော်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ နိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များအားလုံး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ လို့ နှုတ်ခွန်းဆက်သ ဆန္ဒပြုအပ်ပါတယ်။
Aug 13, 2020
ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များက ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားသွေးဌာန (ရန်ကုန်) ၌ ယနေ့နံနက်ပိုင်းတွင် စုပေါင်းသွေးလှူဒါန်းကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများက သွားရောက်ကြည့်ရှု အားပေးကြသည်။
Jul 15, 2020
နေပြည်တော် ဇူလိုင် ၁၄
တပ်မတော်(ကြည်း၊ ရေ၊ လေ)က ယမန်နေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံကြီးသို့ Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းသည်။
Jul 15, 2020
နေပြည်တော် ဇူလိုင် ၁၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ဆင်နက်ချောင်ကျေးရွာမှ ဒေသခံတိုင်းရင်းသားများအား တွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင် များ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် သားသမီး မြေးများက လှူဒါန်းသည့် ရုပ်မြင်သံကြားပြစက်နှင့် Skynet စက်တစ်စုံတို့အား ပေးအပ်လှူဒါန်းသည်။